ထီးချိုင့်နယ်မှာ ပြည်ခိုင်ဖြိုးပါတီဝင်နေအိမ် သေနတ်နဲ့ ပစ်ခံရလို့ သားအဖ ၂ ယောက် သေဆုံး

စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ် ကမ်းနီကျေးရွာအုပ်စု ၊ ဝဲကြီးကျေးရွာက
ပြည်ခိုင်ဖြိုးပါတီဝင်ရဲ့ နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် လူ ၂ ယောက် ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ ထီးချိုင့်နယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ဝဲကြီးရွာက ပြည်ခိုင်ဖြိုး ဦးအောင်မျိုးရဲ့ အိမ်မှာ သေနတ်နဲ့ အပစ်ခံရတဲ့ လူ ၂ ယောက်က ဦးအောင်မျိုးရဲ့ ယောက်ဖနံ့ တူမဖြစ်တယ် ၊ သူတို့အိမ်ရှေ့ကနေ လက်နက်တွေကိုင်ထားတဲ့ လူ ၃၀ လောက်ဖြတ်သွားတာကို အိမ်ရှေ့ထွက်ကြည့်နေတဲ့အချိန် သေနတ်နဲ့ ပစ်ခံရတာ ” လို့ ဝဲကြိးရွာခံတစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် ကျည်ဆံထိမှန် သေဆုံးသူခဲ့သူ ၂ ယောက်ဟာ သားအဖတွေဖြစ်ကြပြီး ဥိးစိုးနိုင်ဦး အသက် ၅၂ နှစ်နဲ့ သူ့ရဲ့သမီး မဆုမြတ်နိုင် အသက် ၁၈ နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုဟာ မနေ့ စက်တင်ဘာ ၉ ရက် မနက်အစောပိုင်းက ဖြစ်ခဲ့ပေမယ့် ရုပ်အလောင်းတွေဟာ ဒီမနက်ကျမှ ဆေးရုံရောက်လာတဲ့အတွက် ထီးချိုင့်မြို့ခံတွေက ဒီမနက်ကျမှ သိရတယ်လို့ ပြောပါတယ်။
 
#voiceofmyanmar #VOM #ထီးချိုင့်

Related posts

Leave a Comment

VOM News

FREE
VIEW