လှိုင်၊ကမာရွတ်၊မရမ်းကုန်း၊တောင်ဥက္ကလာမြို့နယ်က လူငယ် ၁၀ဦးကျော် ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၁၁၊၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့ရှိ လှိုင်၊ကမာရွတ်၊တောင်ဥက္ကလာနဲ့မရမ်းကုန်းမြို့နယ်တို့မှာ မနေ့စက်တင်ဘာ ၁၀ရက် ညပိုင်းက ဧည့်စာရင်းစစ်ဆေးရင်း လူငယ် ၁၀ဦးကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ အဲ့ဒီမြို့နယ်ဒေသခံတွေဆီက သိရပါတယ်။
 
လှိုင်မြို့နယ်၊ အေးရိပ်မွန်၉လမ်းမှာ နေထိုင်သူတစ်ဦးက ” လှိုင်မြို့နယ်၊ အမှတ် ၅ရပ်ကွက်၊ အေးရိပ်မွန်၉လမ်းမှာ မနေ့ညပိုင်းက စစ်တပ်နဲ့ရဲတွေဟာ လူငယ် ၆ဦးကို ဧည့်စာရင်းစစ်ဆေးတာဆိုပြီး ဖမ်းဆီးခဲ့တယ်”လို့ ပြောပါတယ်။
 
ကမာရွတ်မြို့နယ် ၈ရပ်ကွက် ခေမာသီလမ်းမှာလည်း စစ်တပ်နဲ့ရဲတွေဟာ အမျိုးသားတစ်ဦးကို လာရောက်ဖမ်းဆီးချိန် မတွေ့တဲ့အတွက် ဇနီးဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ ၈ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
တောင်ဥက္ကလာမြို့နယ်၊ ၁၄/၁ရပ်ကွက်၊ မြင်သာ ၉လမ်းမှာ စစ်တပ်နဲ့ရဲတွေ ကင်းပုန်းဝပ်နေစဥ် အမျိုးသားတစ်ဦးကိုတွေ့လို့ ကားပေါ်တင်ပြီး ဖမ်းဆီးသွားတယ်လို့ မြင်သာလမ်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
 
အလားတူ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ဇေယျာသုလမ်းမှာ မနေ့ညပိုင်းက ဧည့်စာရင်းစစ်ဆေးခဲ့ပြီး လူငယ်အချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
ရန်ကုန်မှာ မနေ့ စင်တင်ဘာ ၁၀ရက် ညပိုင်းက လှိုင်၊ကမာရွတ်၊တောင်ဥက္ကလာနဲ့မရမ်းကုန်းမြို့နယ်တို့အပြင် စမ်းချောင်း၊ရွှေပြည်သာနဲ့မြောက်ဒဂုံမြို့နယ်တွေမှာလည်း ဧည့်စာရင်းစစ်ဆေးပြီး ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW