ဂျပန်ရေပိုင်နက်အနီး တရုတ်ရေငုပ်သင်္ဘောတစ်စင်း ရောက်ရှိနေ

တိုကျို၊ စက်တင်ဘာ-၁၂-၂၀၂၁
မျိုးဆက်(VOM)
 
ဂျပန်နှင့် တရုတ်နိုင်ငံတို့အကြား ပစိဖိတ်ဒေသမှာ ရေကြောင်းဆိုင်ရာ တင်းမာမှုများရှိနေစဉ်မှာ နိုင်ငံတောင်ပိုင်း ကျွန်းစုအနီး တရုတ်နိုင်ငံရဲ့ ရေငုပ်သင်္ဘောတစ်စင်းကို တွေ့ရှိခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
ကာဂိုရှီးမားပြည်နယ် အာမာမီအိုရှီးမားအနီးရှိ ဂျပန်ရေပိုင်နက်အနီးမှာ အနောက်မြောက်ဘက်သို့ ခုတ်မောင်းနေတဲ့ ရေငုပ်သင်္ဘောတစ်စင်းကို ဂျပန်ရေတပ်က တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
တရုတ်သင်္ဘောတွေဟာ သင်္ဘောနဲ့ပတ်သက်၍ အမျိုးအမည်ခွဲခြားသတင်းပို့ဖို့လိုအပ်တဲ့ ဂျပန်ရေပိုင်နက်ရဲ့ ပြင်ပဇုံမှာ ရောက်ရှိနေတာဖြစ်ပြီး အဲဒီသင်္ဘောအနီးမှာ ဖျက်သင်္ဘောတစ်စင်းကိုလည်း တွေ့ရှိခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနကပြောပါတယ်။
 
သင်္ဘောတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေစုဆောင်းပြီး ဆက်လက်စောင့်ကြည့်ရဖို့ ဂျပန်ကာကွယ်ရေး၀န်ကြီး နိုဘူအိုကီရှီက တာ၀န်ရှိသူများကို ညွှန်ကြားထားပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်သံရုံးတာ၀န်ရှိသူတွေက မှတ်ချက်ပြုပြောဆိုမရှိသေးပါဘူး။
 
မကြာသေးမီနှစ်တွေအတွင်း ဂျပန်ရေပိုင်နက်နဲ့ အငြင်းပွားဖွယ်ကျွန်းတွေအနီးကို တရုတ်သင်္ဘောတွေ ၀င်ရောက်မှုအပေါ် ဂျပန်နိုင်ငံက ကြိမ်ဖန်များစွာ ကန့်ကွက်ခဲ့ပါတယ်။
 
Ref : Reuters
Photo:Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW