စစ်မြေပြင် တိုက်ခိုက်ရေးစက်ရုပ်သစ်တွေကို ရုရှားစစ်ဘက် ပထမဆုံးအကြိမ် အသုံးပြု

မော်စကို၊ စက်တင်ဘာ-၁၂-၂၀၂၁ မျိုးဆက် (VOM)   ရုရှားနိုင်ငံဟာ ဆိုဗီယက်မဟာမိတ်ဟောင်း ဘီလာရုစ်နဲ့ အတူ အကြီးအစားစစ်ရေးလေ့ကျင့်မှု ဒုတိယမြောက်နေ့မှာ စစ်မြေပြင် တိုက်ခိုက်ရေးစက်ရုပ်သစ်တွေနဲ့ မဟာဗျူဟာမြောက်ယာဉ်တွေကို အသုံးပြုခဲ့တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   ဥရောပနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နေရာတွေအပါအ၀င် ရုရှားနဲ့ ဘီလာရုစ်နယ်စပ်အနောက်ပိုင်းမှာ စက်တင်ဘာ ၁၆ ရက်ထိပြုလုပ်မယ့် Zapad-2021 စစ်ရေးလေ့ကျင့်မှုသည် ယူကရိန်းနဲ့ နေတိုးအဖွဲ့၀င်နိုင်ငံအချို့အပေါ် တပ်လှန့်လိုက်ခြင်းဖြစ်ပါတယ်။   စစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့၀င်တွေဟာ ဗုံးပစ်လောင်ချာနဲ့ စက်သေနတ်ပစ်ခတ်နိုင်ပြီး အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်စေခိုင်းနိုင်တဲ့ Platform-M တိုက်ခိုက်ရေးစက်ရုပ်တွေကို အသုံးပြုခဲ့ကြတယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   ဒါဟာ စစ်မြေပြင်သုံးစက်ရုပ်သစ်တွေကို ပထမဆုံးအကြိမ်အသုံးပြုတာဖြစ်တယ်လို့ ရုရှားအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပြီး Sarmat-2 မဟာဗျူဟာမြောက်ယာဉ်တွေကိုလည်း အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။   ဘီလာရုစ်နဲ့…

Read More

ဂန့်ဂေါ – ကလေး ကားလမ်းမှာ ပစ်ခတ်မှုတွေရှိနေတာကြောင့် ရာနဲ့ချီတဲ့ ကားတွေပိတ်မိနေ

စက်တင်ဘာ ၁၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဂန့်ဂေါ-ကလေး ကားလမ်းမှာ ပစ်ခတ်မှုတွေရှိနေတာကြောင့် ရာနဲ့ချီတဲ့ကားတွေ ပိတ်မိနေပြီး နီးစပ်ရာကျေးရွာတွေမှာ ဝင်ခိုနားနေကြရတယ်လို့ ဒီကနေ့မနက် မုံရွာကိုလှည့်ပြန်လာတဲ့ ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ကားမှန်ရင် ဘာကားမှ မရွေးပဲ အကုန်ပစ်တယ် ၊ ပစ်တဲ့နေရာတွေက သုံးလေးနေရာဖြစ်တယ် ၊ ဂန့်ဂေါတံတား အနောက်ဘက်က စိုင်းဒူးရွာနဲ့ ဂန့်ဂေါ-ဟားခါး-ကလေးလမ်းခွဲအကြား သုံးပတ်ကွေ့ အတက်နေရာ၊ တခါ ၊ ဂန့်ဂေါ-ဟားခါး-ကလေးလမ်းခွဲနေရာကနေ ကျွန်းဒက်ရွာအကြား ကျော်ရွာလမ်းခွဲနားမှာလည်း ပစ်တယ် ၊ ကျွန်းဒက်ရွာနဲ့ ထယ်လှော်ရွာမြောက်ဘက် ဝါးရှင်း တောင်အဆင်းနေရာ ကြားမှာလည်း ပစ်တယ် ၊ ကျွန်တော်တို့ ကားသမားတွေဆိုတော့ ပစ်တာပဲသိတယ် ၊ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ ပစ်နေကြတယ်ဆိုတာ မသိဘူး ၊ ရွှေလွင်ပြင်က…

Read More

မြင်သာ က.ည.နရုံးနားမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး အမှိုက်ကောက်တဲ့ကလေးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရ

စက်တင်ဘာ ၁၂-၂၀၂၁ CKC (VOM)   ရန်ကုတ်မြို့၊ တောင်ဥက္ကလာမြို့နယ်၊ မြင်သာ က.ည.န ရုံးနားက အမှိုက်ကန်မှာ ဒီကနေ့ မနက် ၁၁ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမှိုက်ကောက်တဲ့ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ဥက္ကလာဒေသခံတစ်ဦးက ပြောပါတယ်။   ” ပေါက်ကွဲသံကြားလိုက်တယ် ။ အဲ့ဒီနောက် ဘယ်ကလဲဆိုပြီးလိုက်စုံစမ်းတော့ လိုင်စင်ရုံးနားကအမှိုက်ပုံကပေါက်တာလို့သိရတယ်။ အဲ့ဒီမှာ ကလေးတစ်ယောက် အမှိုက်ကောက်တာကို ထိသွားတယ်။နောက်ပြီး Deli ပို့တဲ့ ကောင်လေးတစ်ယောက်လည်း ထိတယ်ကြားတယ်။ အဲ့ဒီနားကသူငယ်ချင်းကို လှမ်းမေးကြည့်ထားတာ သိရသလောက်ပေါ့ ” လို့ တောင်ဥက္ကလာမှာနေထိုင်သူတစ်ဦးကပြောပါတယ်။   ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ကလေးဟာ မျက်လုံးထိခိုက်သွားပြီး ထိခိုက်မှုဖြစ်ပြီးနောက်ပိုင်း ပတ်ဝန်းကျင်မှာရှိတဲ့ ဆေးခန်းက ဆေးကုသမှုပေးခဲ့တယ်လို့လည်း တောင်ဥက္ကလာမှာနေထိုင်သူကပြောပါတယ်။   အဲ့ဒီနောက်မှာတော့ ပေါက်ကွဲမှုဖြစ်ရာနေရာကို စစ်တပ်ကရောက်လာပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ် ။…

Read More

ဂျပန်ရေပိုင်နက်အနီး တရုတ်ရေငုပ်သင်္ဘောတစ်စင်း ရောက်ရှိနေ

တိုကျို၊ စက်တင်ဘာ-၁၂-၂၀၂၁ မျိုးဆက်(VOM)   ဂျပန်နှင့် တရုတ်နိုင်ငံတို့အကြား ပစိဖိတ်ဒေသမှာ ရေကြောင်းဆိုင်ရာ တင်းမာမှုများရှိနေစဉ်မှာ နိုင်ငံတောင်ပိုင်း ကျွန်းစုအနီး တရုတ်နိုင်ငံရဲ့ ရေငုပ်သင်္ဘောတစ်စင်းကို တွေ့ရှိခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   ကာဂိုရှီးမားပြည်နယ် အာမာမီအိုရှီးမားအနီးရှိ ဂျပန်ရေပိုင်နက်အနီးမှာ အနောက်မြောက်ဘက်သို့ ခုတ်မောင်းနေတဲ့ ရေငုပ်သင်္ဘောတစ်စင်းကို ဂျပန်ရေတပ်က တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   တရုတ်သင်္ဘောတွေဟာ သင်္ဘောနဲ့ပတ်သက်၍ အမျိုးအမည်ခွဲခြားသတင်းပို့ဖို့လိုအပ်တဲ့ ဂျပန်ရေပိုင်နက်ရဲ့ ပြင်ပဇုံမှာ ရောက်ရှိနေတာဖြစ်ပြီး အဲဒီသင်္ဘောအနီးမှာ ဖျက်သင်္ဘောတစ်စင်းကိုလည်း တွေ့ရှိခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနကပြောပါတယ်။   သင်္ဘောတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေစုဆောင်းပြီး ဆက်လက်စောင့်ကြည့်ရဖို့ ဂျပန်ကာကွယ်ရေး၀န်ကြီး နိုဘူအိုကီရှီက တာ၀န်ရှိသူများကို ညွှန်ကြားထားပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်သံရုံးတာ၀န်ရှိသူတွေက မှတ်ချက်ပြုပြောဆိုမရှိသေးပါဘူး။   မကြာသေးမီနှစ်တွေအတွင်း ဂျပန်ရေပိုင်နက်နဲ့ အငြင်းပွားဖွယ်ကျွန်းတွေအနီးကို တရုတ်သင်္ဘောတွေ ၀င်ရောက်မှုအပေါ် ဂျပန်နိုင်ငံက ကြိမ်ဖန်များစွာ…

Read More

လာအိုနိုင်ငံက မြန်မာလုပ်သား ၂၀၀ ကို (၁၀)ကြိမ်မြောက် ပြန်လည်လွှဲပြောင်း

စက်တင်ဘာ ၁၂-၂၀၂၁ Shy V(VOM)   လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ ရွှေတြိဂံ အထူးစီးပွားရေးဇုံဘက်မှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး အခက်အခဲအမျိုးမျိုးကြောင့် မြန်မာပြည်ပြန်လိုတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၂၀၀ ကို မနေ့ စက်တင်ဘာလ ၁၁ ရက်နေ့က ၁၀ ကြိမ်မြှောက် ပြန်လည်လွှဲပြောင်းလက်ခံခဲ့တယ်လို့ နှစ်နိုင်ငံသက်ဆိုင်ရာဌာနတွေဆီက သိရပါတယ်။   မြန်မာဘက်ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာလုပ်သားအမျိုးသား ၁၁၉ ဦး၊ အမျိုးသမီး ၈၁ ဦး စုစုပေါင်း ၂၀၀ ဦးကို လာအိုနိုင်ငံဘက်က တာဝန်ရှိသူတွေက မိုင်းမော့ ဆိပ်ကမ်းမှတဆင့် တာချီလိတ်မြို့၊ မိုင်းဖုန်း (က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းကို လွှဲပြောင်းပို့ဆောင်ပေးပြီး မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေအနေနဲ့ COVID-19 စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ လက်ခံခဲ့တယ်လို့ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။   “ပြန်ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ဦးကို ပထမအကြိမ် COVID-19 ရောဂါပိုး ရှိ/မရှိ…

Read More

ဒေါ်လာစျေး ရွှေဈေး ဂယက်

စက်တင်ဘာ ၁၂-၂၀၂၁ CKC (VOM)   ပြည်တွင်းဒေါ်လာစျေးနဲ့ ရွှေစျေးနူန်းက စံချိန်တင် မြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေတဲ့အခြေအနေကို ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရပါတယ်။   လက်ရှိ ဒေါ်လာစျေးကို ဗဟိုဘဏ်က ၁၇၀၀ ကျော်သတ်မှတ်ထားပေမယ့် ပြင်ပစျေးကွက်မှာက တဒေါ်လာကို ၂ထောင်ကျပ်ကျော်ထိစျေးခေါ်နေပြီး ရွှေစျေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၉ သိန်းဝန်းကျင်အထိ ဖြစ်နေပါတယ်။   ဒေါ်လာစျေးဟာ ၂၀၀၀ ကျော်အထိမြင့်တက်နေပေမယ့် စျေးကွက်မှာ ဒေါ်လာ ရာဂဏန်းလောက်ကိုပင် လိုချင်သလောက်ဝယ်ယူမရတဲ့အခြေအနေတွေဖြစ်နေတယ်လို့ ဒေါ်လာဝယ်ရောင်းလုပ်နေသူတစ်ဦးက ခုလိုပြောပါတယ်။   “ဒေါ်လာက ထောင်ဂဏန်းအောက် ၊ ၁၀၀ ၊ ၂၀၀ လောက်ပဲဝယ်လို့ရတယ်။ဒါတောင်လိုချင်တိုင်းရတာမဟုတ်ဘူး ၊ရောင်းမယ့်သူရှိမှရတာ။ကုမ္ပဏီတွေလိုအပ်တဲ့ ဒေါ်လာသိန်းသန်းချီတာကိုထုတ်မရောင်းနိုင်တော့ဘူး။ တစ်ကိုယ်ရေးသုံးတဲ့ဟာလောက်ပဲအရောင်းဝယ်ဖြစ်နေတယ်။ကြီးသွားရင်ကြိုက်ကြေးပေးဝယ်တာဖြစ်သွားတယ်။ ထောင်ဂဏန်းအောက်ဆိုရင် နည်းနည်း ပါးစျေးနူန်း ညှိပြီးတော့ဝယ်လို့ရတာပေါ့။ အခုဖြစ်တာက ဒေါ်လာကဘယ်လောက်ပေါက်တယ် ဘယ်လောက်ရောင်းတယ်ဆိုတာမရှိတော့ဘူး။ကိုယ်ကြိုက်သလိုရောင်း ကိုယ့်မှာဒေါ်လာရှိရင် ကြိုက်ကြေးတင်ရောင်း လိုတဲ့သူကလာဝယ်တော့မယ့်သဘောဖြစ်သွားပြီ။ ” လို့ ဆိုပါတယ်။…

Read More

သက်တော်ရှည် အရုဏ်တော်အသင်းများ

ဆူးငှက် ကောဇာသက္ကရာဇ် ၁၂၄၇ခုနှစ် ပါတော်မူပြီးနောက်၊ သူ့ကျွန်လက်အောက်ရာက်သည့်အချိန်တွင် ကိုယ့်ထီးကိုယ့်နန်းကို သတိရစိမ့်သောငှာ…၊ သို့တည်းမဟုတ် ကိုယ့်အရှင်ကိုယ့်သခင်နှင့် ဤသို့ဤနှယ် ကြွားကြွားဝံ့ဝံ့ ခမ်းခမ်းနားနားအးချမ်းစွာနထိုင်ခဲ့ကြသည်ကို တစ်နည်းတစ်ဖုံ ဖွင့်လှစ်ပြသခြင်းငှာ…၊ လက်နက်ဖြင့် အုပ်မိုးခြယ်လှယ်သည့် အုပ်ချုပ်သူကို ဆန့်ကျင်သောအားဖြင့်မန်မာရှင်ဘုရင်တို့၏ မင်းခမ်းမင်းနားကြီးများအတိုင်း ခင်းကျင်းအပ်သော အရုဏ်တော်အသင်းကြီးများကို မန္တလေးလေးပြင်လေးရပ်တွင် ဖွဲ့စည်းခဲ့ကြသည်။ ၁၂၂၁ ခုနှစ် မင်းတုန်းမင်းကြီး နန်းစိုက်သည့်အချိန်ကစပြီး မန္တလေးမှာ “မင်းခမ်းမင်းနား”များနှင့် တစ်လျှောက်လုံး ရင်းနှီးခဲ့သည်။ အထူးသဖြင့် ဘိသိတ်တော်သွင်း မင်္ဂလာအခါများ၊ ဘာသာရေးအရ ထွက်တော်မူပြီး အခမ်းအနားများ၊ လယ်ထွန်မင်္ဂလာအခမ်းအနားများ၊ သင်္ကြန်တော်ခေါ်ပွဲ၊ညာင်ရေသွန်းပွဲ၊ စာတော်ပြန်ပွဲ၊ရခင်းသဘင်များ၊ သီတင်းကျွတ်လပြည့်မီးထွန်းပွဲ၊ တန်ဆောင်မုန်းလပြည့်ကထိန်တော်ပွဲများ၊ နတ်ပူဇော်ပွဲများ၊ မင်းခင်းသဘင်အခမ်းအနားများတွင် “ရွှေဘုံနိဒါန်း” ကျမ်းပါအတိုင်း မင်းခမ်းမင်းနား အစီအစဉ်များဖြင့် ခင်းကျင်း လှည့်လည်ခဲ့ကြသည်။ ဤသို့သော အခမ်းအနားကြီးများကို ကြည့်မြင်ခဲ့ကြရသည့် ရွှေမြို့တော်သူ၊ ရွှေမြို့တော်သားတိုင်းက ကြက်သီးမွေးညှင်းထမျှ အားရကျေနပ်ပီတိဖြစ်ကြသည်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်နန်းကိုယ့်ကြငှာန်း၊…

Read More

ပုသိမ်ထောင်ဆူမှုဖြစ်ပွားခဲ့

ရန်ကုန်၊စက်တင်ဘာ ၁၂-၂၀၂၁ KK(VOM)   ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ မြို့မရပ်ကွက်မှာရှိတဲ့ ပုသိမ်အကျဥ်းထောင်မှာ ဒီကနေ့ မနက် ၅နာရီခန့်က ထောင်ဆူမှုဖြစ်ခဲ့တယ်လို့ မြို့မရပ်ကွက်နေသူတွေဆီက သိရပါတယ်။   ပုသိမ်အကျဥ်းထောင်အတွင်းကနေ ဒို့အရေး အော်သံတွေကြားရခြင်း နဲ့ ဥသြဆွဲသံတွေထပ်မံကြားရပြီး နောက်ပိုင်း ထပ်မကြားရတော့ဘူးလို့ မြို့မရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။   “ထောင်ထဲမှာ ဆန္ဒပြတာဖြစ်မယ်၊ နာရီဝက်လောက်ကြာတယ်၊ ဥသြဆွဲသံတွေထွက်လာပြီး မကြားရတော့ဘူး၊ ဘာကြောင့်ဖြစ်လဲတော့ မသိဘူးလို့”သူကပြောပါတယ်။   ပုသိမ်ထောင်ဆူမှုဖြစ်စဥ်နဲ့ပတ်သက်လို့ န.စ.က ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာ ထောင်လှန့်တဲ့လေ့ကျင့်ခန်းလုပ်တာပါ၊ ထောင်ဆူတာမဟုတ်ပါဘူး၊ အကျဥ်းထောင်တွေအတွင်းမှာ အပတ်စဥ်ရှာဖွေစစ်ဆေးရေးလေ့ကျင့်ခန်းတွေလုပ်ရပါတယ်၊ ကိုဗစ်ကာလအတွင်းမှာ အဲ့ဒီလေ့ကျင့်ခန်းတွေ ရပ်နားထားတာကြောင့် အခုမှပြန်လုပ်တာဖြစ်တယ်”လို့ ပြောပါတယ်။   ပုသိမ်အကျဥ်းထောင်မှာ ၂၀၁၉ ခုနှစ် မေလတုန်းကလည်း လွတ်ငြိမ်ချမ်းသာခွင့်ကိစွနဲ့ ဆူပူမှုဖြစ်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ရက် မနက်ပိုင်းကလည်း…

Read More
VOM News

FREE
VIEW