စစ်မြေပြင် တိုက်ခိုက်ရေးစက်ရုပ်သစ်တွေကို ရုရှားစစ်ဘက် ပထမဆုံးအကြိမ် အသုံးပြု

မော်စကို၊ စက်တင်ဘာ-၁၂-၂၀၂၁
မျိုးဆက် (VOM)
 
ရုရှားနိုင်ငံဟာ ဆိုဗီယက်မဟာမိတ်ဟောင်း ဘီလာရုစ်နဲ့ အတူ အကြီးအစားစစ်ရေးလေ့ကျင့်မှု ဒုတိယမြောက်နေ့မှာ စစ်မြေပြင် တိုက်ခိုက်ရေးစက်ရုပ်သစ်တွေနဲ့ မဟာဗျူဟာမြောက်ယာဉ်တွေကို အသုံးပြုခဲ့တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
ဥရောပနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နေရာတွေအပါအ၀င် ရုရှားနဲ့ ဘီလာရုစ်နယ်စပ်အနောက်ပိုင်းမှာ စက်တင်ဘာ ၁၆ ရက်ထိပြုလုပ်မယ့် Zapad-2021 စစ်ရေးလေ့ကျင့်မှုသည် ယူကရိန်းနဲ့ နေတိုးအဖွဲ့၀င်နိုင်ငံအချို့အပေါ် တပ်လှန့်လိုက်ခြင်းဖြစ်ပါတယ်။
 
စစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့၀င်တွေဟာ ဗုံးပစ်လောင်ချာနဲ့ စက်သေနတ်ပစ်ခတ်နိုင်ပြီး အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်စေခိုင်းနိုင်တဲ့ Platform-M တိုက်ခိုက်ရေးစက်ရုပ်တွေကို အသုံးပြုခဲ့ကြတယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါဟာ စစ်မြေပြင်သုံးစက်ရုပ်သစ်တွေကို ပထမဆုံးအကြိမ်အသုံးပြုတာဖြစ်တယ်လို့ ရုရှားအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပြီး Sarmat-2 မဟာဗျူဟာမြောက်ယာဉ်တွေကိုလည်း အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
 
ဘီလာရုစ်နဲ့ အခုလိုပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ဘယ်နိုင်ငံကိုမှ တိုက်ရိုက်ဦးတည်ခြင်းမျိုးမရှိဘူးလို့ ရုရှားသမ္မတပူတင်ကငြင်းဆိုထားပါတယ်တယ်။
 
ဒါပေမယ့် ယူကရိန်းနဲ့ နေတိုးအဖွဲ့၀င်နိုင်ငံတွေဖြစ်တဲ့ ပိုလန်နဲ့ လစ်သူယေးနီးယားနိုင်ငံတို့လိုလို အိမ်နီးချင်းနိုင်ငံတွေကတော့ ဒီလိုအကြီးစားစစ်ရေးလေ့ကျင့်မှုဟာ ကျူးကျော်ရန်စမှုနဲ့ ထိပ်တိုက်ရင်ဆိုင်မှုအန္တရာယ်ပိုမိုနီးကပ်စေတယ်လို့ ဝေဖန်ပြောဆ်ိုထားပါတယ်။
 
Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW