တရုတ်ဘက်က နယ်ခြားစည်းကျော်ပြီး ကာထားတာတွေကို ဟက်ဟင်ရွာခံတွေက မကျေနပ်လို့ဖျက်ပစ်

စက်တင်ဘာ ၁၃-၂၀၂၁
Shy V(VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မန်ဟီးရိုးမြို့နယ်ခွဲ၊ ဟက်ဟင်ရွာမှာ မြန်မာနိုင်ငံနဲ့ တရုတ် နယ်ခြားစည်းကို တရုတ်ဘက်က နယ်နိမိတ်ကျော်စည်းရိုးကာယူလိုက်တာကြောင့် ဒေသခံတွေဟာ မနေ့ စက်တင်ဘာ ၁၂ ရက်နေ့က ဆန္ဒပြခဲ့ပြီး ကာထားတဲ့စည်းရိုးတွေကို ပြန်ဖျက်ပစ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ဟုတ်တယ် တရုတ်တွေ ဒီဘက်မြန်မာနိုင်ငံဘက်ခြမ်းကို နယ်ကျော်ပြီး ကျွံပြီး ကာယူလိုက်လို့ ဒေသခံရှမ်းတွေ သူတို့နေရာက ကာထားတဲ့စည်းရိုးတွေကို ဖျက်ပစ်တာ။” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
 
ဟက်ဟင်ရွာက ဒေသခံတွေဟာ မကျေနပ်လို့ စက်တင်ဘာ ၁၂ ရက်နေ့က တိုင်စိုက်ပြီး ကာထားတဲ့ စည်းရိုးတွေကိုဖျက်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
ဒေသခံအမျိုးသမီးတစ်ဦးက “ဒီလိုမျိုး လာစိုက်တာ နည်းနည်းကြာနေပြီ။ ပြီးရင် ပြည်သူ၊ ပြည်သားတွေက ဟိုဘက်ကမ်း ရွှေလီဖက်က ပြည်သူပြည်သားတွေက အဲ့ဒီ ခြံစည်းရိုးကို မကာခိုင်းဘူးပေါ့နော်။ သူတို့က ပြန်ပြီးတော့ နှုတ်လိုက်တာပေါ့နော်။ အဲဒီ ခြံစည်းရိုးက ဟက်ဟင်ကျေးရွာ နမ့်ခမ်းမြို့”လို့ ပြောပါတယ်။
 
“ဟတ်ဟင်၊ မူဆယ်မြို့နယ်၊ မန်ဟျိုးမြို့အပေါ်နားက ရှမ်းရွာလေ။ အခုက တရုတ်တွေက တစ်လကျော်ကျော်၊ နှစ်လံလောက် ကာယူလိုက်တာလေနော်။ ကချင်ပြည်နယ်ဘက်လည်း အဲ့ဒီလိုပါပဲ။ တောင်တွေ ဘာတွေ အားရပါးရ ကာယူလိုက်တာ။” လို့ နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦး ပြောပါတယ်။
 
တရုတ်ဘက်က COVID-19 အကြောင်းပြကာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နယ်နိမိတ် တော်တော်များများမှာ နယ်ခြားစည်းရိုး နယ်ကျွံကာယူမှုတွေ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
 
Photo- ဒေသခံ
#voiceofmyanmar #VOM #မူဆယ

Related posts

Leave a Comment

VOM News

FREE
VIEW