တံခါး ၁၂ ရပ်နှင့် စည်ရှည်တံတား

ဆူးငှက် ရတနာပုံခေတ် အဆောက်အဦများအနက် မြို့တည် နန်းတည် သတ္တဌာနမှာပါတဲ့ ကျုံးမြို့ရိုး အပါအဝင် ရွှေ့မြို့တာ်ကြီးကတော့ အထင်အရှားပါပဲ။ ကျုံးမြို့ရိုးနှင့် ၄၈ ရပ်သော ပာသာဒ်များကပင်လျှင် မန္တလေးမြို့ရဲ့အမှတ်အသားဖြစ်ခဲ့၊ ဖြစ်ဆဲပါပဲ။ ကျုံးမြို့ရိုးနှင့် ၄၈ ရပ်ပြာသာဒ်မှာ …၊ တံခါးကြီးတွေ ပါတယ်။ တံခါးတွေမှာ ဓာတ်တံခါး၊ မိတ်တံခါးတွေ ခွဲထားတယ်။ ရွှေမြို့တော်ကြီးကနေ၊ တံခါးကြီးတွေကတစ်ဆင့် ကျုံးကိုဖတ်တဲ့အခါမှာလည်း တံတားကြီးတွေ ရှိပါသေးတယ်။ တစ်ဖက်မှာ တာ ၆၀၀ (၁မိုင်၂ဖာလုံ၅၅ကိုက်) ရှိပြီး၊ အမြင့် ၂၇ပေ၊ ထု ၁၀ပရှိတဲ့ အုတ်မြို့ရိုးကြီးမှာ အလယ်ခါင်တည့်တည့်က ဓာတ်တံခါးဖြစ်တယ်။ ပာသာဒ်က ဘုံခုနှစ်ဆင့်ရှိတယ်။ ၄ မျက်နှာမှာ ဓာတ်တံခါးက ၄ပေါက်ပေါ့။ အရှေ့ဖက်မှာ ဦးထိပ်တံခါး၊ တောင်ဖက်မှာ ကျော်မိုးတံခါး(မင်္ဂလာတံခါး)၊ အနောက်ဖက်မှာ စည်ရှည်တံခါး၊ မြောက်ဖက်မှာ လေးသိန်းတံခါးတို့ ဖြစ်ပါတယ်။ အဲ့ဒီ ဓာတ်တံခါးတွေရဲ့…

Read More

နမ်တောဒေသမှာ ရွှေမျောလုပ်ကွက်နဲ့ နှစ်ရှည်ပင်လုပ်ကွက်အငြင်းပွားမှုပြဿနာ ဖြေရှင်းပေးဖို့လိုအပ်နေ

စက်တင်ဘာ ၁၄-၂၀၂၁ ထွန်းတောက်(VOM) စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ်တောဒေသမှာ ရွှေမျောလုပ်ကိုင်တဲ့ ကုမ္ပဏီတွေနဲ့ တပိုင်တနိုင်လုပ်ကိုင်သူတွေအများအပြားရှိနေပါတယ်။ ဒါ့အပြင် အဲ့ဒီရွေမျောလုပ်ကွက်တွေရဲ့ အနီးအနားတွေမှာ နှစ်ရှည်ပင်စိုက်ခင်းလုပ်ကွက်တွေလည်း ရှိနေပါသေးတယ်။ လက်ရှိမှာ ရွှေမျောလုပ်ကိုင်သူတချို့နဲ့နှစ်ရှည်ပင်စိုက်ခင်းလုပ်ကိုင်သူတချို့မှာ လုပ်ကွက်နေရာအငြင်းပွားမှုကြောင့် မကြာခဏဆိုသလို တုတ်၊ ဓားတွေနဲ့ ရန်ပွဲတွေလည်း ဖြစ်ပေါ်နေပါတယ်။ နှစ်ရှည်ပင်စိုက်ခင်းလုပ်ကိုင်သူတွေအနေနဲ့ ပြီးခဲ့တဲ့ (၂၀၁၀) ခုနှစ်ကတည်းက လုပ်ပိုင်ခွင့်ရထားပြီး နှစ်စဉ်အခွန်ငွေများပေးသွန်းကာ စိုက်ပျိုးလာခဲ့တာဖြစ်တယ်လို့ စိုက်ခင်းရှင်တဦးကပြောပါတယ်။ အခုလို စိုက်ပျိုးလာခဲ့ရာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်ထဲမှာ စိုက်ခင်းတွေအနားကို ရွှေမျောကုမ္ပဏီတွေရောက်လာပြီး မိမိတို့စိုက်ခင်းတွေထဲ ဝင်ရောက်လုပ်ကိုင်လာကြတာကြောင့် စိုက်ပျိုးထားတဲ့ နှစ်ရှည်ရာဘာပင်တွေနဲ့ကျွန်းပင်တွေ ပျက်စီးဆုံးရှုံးကုန်ရတယ်လို့လည်း ပြောပါတယ်။ ရွှေမျောလုပ်ငန်းရှင်တွေအနေနဲ့လည်း နိုင်ငံတော်ကို သတ်မှတ်ထားတဲ့ရွှေချိန်အတိုင်း အခွန်ပေးဆောင်ကာ သက်ဆိုင်ရာက သတ်မှတ်ထားပေးတဲ့အတိုင်း လုပ်ကိုင်လာတာဖြစ်ပြီး လက်ရှိအချိန်မှာ ရင်းနှီးမြုပ်နှံမှုတွေများပြားတဲ့အတွက် အငြင်းပွားနေပေမဲ့လည်း ကိုယ့်ရဲ့လုပ်ပိုင်ခွင့်အရ ဆက်လက်လုပ်ကိုင်နေတာဖြစ်တယ်လို့ ရွှေမျောလုပ်ငန်းတစ်ခုရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အခုလိုလုပ်ကိုင်တဲ့နေရာမှာ နှစ်ရှည်စိုက်ခင်းလုပ်ကိုင်သူတွေနဲ့ မကြာခဏဆိုသလို…

Read More

ကနီနယ်က ဝင်မနား နယ်မြေရဲစခန်းတိုက်ပွဲ စစ်တပ်ဘက်က ရဟတ်ယာဥ်တွေအသုံးပြုရ

စက်တင်ဘာ ၁၃ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ် ၊ ချင်းတွင်းမြစ်ကဲ့တဖက်ကမ်း ဝင်းမနား နယ်မြေရဲကို အခုလ ၁၁ ရက်နဲ့ ၁၂ ရက် နေ့ခင်းပိုင်းက ဝင်ရောက်တိုက်ခိုက်တာတွေရှိပြီး တိုက်ခိုက်တဲ့အဖွဲ့ဘက်က လူအင်အား ၁ ထောင်ဝန်းကျင်ရှိတဲ့အတွက် လေကြောင်းကနေ ရဟတ်ယာဥ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကနီနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ၁၁ ရက်နေ့ ရာသီဥတုမကောင်းဘူး မိုးရွာတော့ ပစ်ခတ်တာတွေ အချိန်ကြာကြာ မဖြစ်လိုက်ဘူး ၊ မနေ့ကတော့ မနက် ၈ နာရီလောက်မှာ တကြိမ်ဖြစ်တယ် ရဲစခန်းကို ဝိုင်းတိုက်တဲ့သူ လူ ၃ ရာလောက်ပဲရှိတယ် ၊ အထက စာသင်ကျောင်းထဲမှာ လူပြန်စုတော့ နေခင်း ၁၂ နာရီလောက်မှာ လူ…

Read More

အင်းတကော်မှာ ဧရာဝတီဘဏ်ရဲ့ ငွေသယ်ယာဉ် ဓါးပြအတိုက်ခံရပြီး သိန်းပေါင်း ၄သောင်း ပါသွားတယ်လို့ သိရ

စက်တင်ဘာ ၁၃-၂၀၂၁ CKC + KK (VOM)   ပဲခူးမြို့၊ AYA bank ကနေ ငွေသယ်ဆောင်လာတဲ့ ငွေသယ်ကားဟာ အင်းတကော်မြို့မှာ ဓားပြတိုက်ခံရပြီး သိန်း ၄၀၀၀၀ ပါသွားတယ်လို့ ပဲခူးဒေသခံတစ်ဦးကပြောပါတယ်။   ” သိန်း ၄၀၀၀၀ ပါသွားတယ် ။ ဖြတ်လုတဲ့သူက ၇ ယောက် ၊ ရဲကနှစ်ယောက် ၊ယာဉ်ထိန်းကတစ်ယောက်။အယောင်ဆောင်တွေပေါ့။ အင်းတကော် သာယာကုန်းနဲ့စပ်ကြား ၊ ပဲခူးကနေ ရန်ကုန်အသွားပေါ့။ ဂိတ်စစ်တဲ့သဘောနဲ့ ပြပေါ့။ပြတော့ ပိုက်ဆံတွေကို သူတို့စီမံထားတဲ့ကားပေါ်တင်ပြီး ပဲခူးဘက်ပြန်မောင်းပြေးပေါ့” လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။   နေ့လယ်၂ နာရီလောက်မှာ ပဲခူး AYAဘဏ်ကနေ ဘဏ်ငွေသယ်ယာဉ် ထွက်သွားတာဖြစ်ပြီး ကားပေါ်မှာ ဘဏ်ဝန်ထမ်း ၅ ဦးလိုက်ပါသွားတယ်လို့လည်း သိရပါတယ်။   လက်ရှိမှာတော့ ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းစစ်ဆေးမှုကို လုပ်နေပြီး…

Read More

မြောက်ဒဂုံမှာ ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၃-၂၀၂၁ KK(VOM)   မြောက်ဒဂုံမြို့နယ်၊ အမှတ် (၄၉) ရပ်ကွက်၊ လဂွန်းအိမ်လမ်းနဲ့ဗိုလ်အေးချိုလမ်းထောင့်က ဘဝခရီးသည် နာရေးကူညီမှုအသင်းရှေ့မှာ ဒီကနေ့ နေ့လယ်ပိုင်းက ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   ရပ်ကွက်နေသူတစ်ဦးက “နာရေးကူညီမှုအသင်းက အတွင်းရေးမှူးနဲ့စကားပြောတဲ့အချိန်မှာ လမ်းလျှောက်လာတဲ့ လူငယ်နှစ်ဦးက ပစ်သွားတာ ပြီးတော့ထွက် ပြေးသွားတယ်”လို့ ပြောပါတယ်။   သေဆုံးသူဟာ အမှတ် ၄၉ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူး ဦးနိူင်လင်းဆိုသူဖြစ်ပြီး ရင်ဘတ်ထိမှန်ဒဏ်ရာနှစ်ချက်နဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   လက်တလော စစ်တပ်နဲ့ရဲတွေက ပစ်ခတ်မှုဖြစ်ပွားရာနေရာရှိ လမ်းသွားလမ်းလာတွေနဲ့ ကားတွေကိုစစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   မနေ့ညနေပိုင်းကလည်း မရမ်းကုန်းမြိုနယ် (၁)ရပ်ကွက်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်နဲ့အပစ်ခံရလို့ ဆေးရုံတင်ခဲ့ရပါသေးတယ်။   မြောက်ဒဂုံမြို့နယ်မှာ ပြီးခဲ့တဲ့လပိုင်းအတွင်းက အုပ်ချုပ်ရေးမှူးရုံးတွေ ဌာနဆိုင်ရာရုံးတွေနဲ့…

Read More

အာဖဂန်အမျိုးသမီးတွေကို အမျိုးသားတွေနဲ့အတူ ပညာသင်ခွင့် တာလီဘန်အဖွဲ့ ကန့်သတ်

ကဘူး၊ စက်တင်ဘာ-၁၃-၂၀၂၁ မျိုးဆက်(VOM)   အာဖဂန်နစ္စတန်ရှိ တက္ကသိုလ်တွေမှာ ကျား၊ မ ခွဲခြားထားတဲ့ စနစ်နဲ့ သင်ကြားသွားမှာဖြစ်ပြီး ၀တ်စားဆင်ယင်မှုပုံစံသစ် ပြောင်းလဲသွားမယ်လို့ တာလီဘန်အဖွဲ့က စက်တင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။   အမျိုးသမီးတွေရဲ့ ပညာသင်ကြားခွင့်ကို ခွင့်ပြုသွားမည်ဖြစ်ပေမယ့်လည်း အမျိုးသားတွေနဲ့အတူ သင်ယူခွင့်မရှိဘူးလို့ အဆင့်ပညာ၀န်ကြီး အဗ္ဗဒူဘာကီဟတ်ကာနီက ပြောပါတယ်။   ဒါ့အပြင် ကျောင်းသားကျောင်းသူတွေသင်ကြားမယ့် ဘာသာရပ်တွေနဲ့ပတ်သက်တော့လည်း သုံးသပ်မှုပြုပြီးမှ သင်ကြားပေးမှာဖြစ်တယ်လို့ သူကပြောပါတယ်။   တက္ကသိုလ်တွေမှာ အမျိုးသမီးကို အမျိုးသားဆရာတွေက သင်ကြားမှုပြုရမှာလည်း ကန့်လန့်ကာနောက်ကွယ်မှ သို့မဟုတ် နည်းပညာအသုံးပြု သင်ကြားသွားမယ်လို့ သူကဆိုပါတယ်။   ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း တာလီဘန်တို့ရဲ့ အုပ်ချုပ်မှုအောက်မှာ အမျိုးသမီးနဲ့ မိန်းမငယ်တွေဟာ စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေမှာ ပညာသင်ယူခွင့်မရှိခဲ့ပါဘူး။   ဒါပေမယ့် သြဂုတ် ၁၅…

Read More

တရုတ်ဘက်က နယ်ခြားစည်းကျော်ပြီး ကာထားတာတွေကို ဟက်ဟင်ရွာခံတွေက မကျေနပ်လို့ဖျက်ပစ်

စက်တင်ဘာ ၁၃-၂၀၂၁ Shy V(VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မန်ဟီးရိုးမြို့နယ်ခွဲ၊ ဟက်ဟင်ရွာမှာ မြန်မာနိုင်ငံနဲ့ တရုတ် နယ်ခြားစည်းကို တရုတ်ဘက်က နယ်နိမိတ်ကျော်စည်းရိုးကာယူလိုက်တာကြောင့် ဒေသခံတွေဟာ မနေ့ စက်တင်ဘာ ၁၂ ရက်နေ့က ဆန္ဒပြခဲ့ပြီး ကာထားတဲ့စည်းရိုးတွေကို ပြန်ဖျက်ပစ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   “ဟုတ်တယ် တရုတ်တွေ ဒီဘက်မြန်မာနိုင်ငံဘက်ခြမ်းကို နယ်ကျော်ပြီး ကျွံပြီး ကာယူလိုက်လို့ ဒေသခံရှမ်းတွေ သူတို့နေရာက ကာထားတဲ့စည်းရိုးတွေကို ဖျက်ပစ်တာ။” လို့ ဒေသခံတစ်ဦးကပြောပါတယ်။   ဟက်ဟင်ရွာက ဒေသခံတွေဟာ မကျေနပ်လို့ စက်တင်ဘာ ၁၂ ရက်နေ့က တိုင်စိုက်ပြီး ကာထားတဲ့ စည်းရိုးတွေကိုဖျက်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။   ဒေသခံအမျိုးသမီးတစ်ဦးက “ဒီလိုမျိုး လာစိုက်တာ နည်းနည်းကြာနေပြီ။ ပြီးရင် ပြည်သူ၊ ပြည်သားတွေက ဟိုဘက်ကမ်း ရွှေလီဖက်က ပြည်သူပြည်သားတွေက…

Read More

ဂျပန်ထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ် ခရုဇ်ဒုံးပျံသစ် မြောက်ကိုရီးယား စမ်းသပ်အောင်မြင်

ပြုံးယမ်း၊ စက်တင်ဘာ-၁၃-၂၀၂၁ မျိုးဆက် (VOM)   မြောက်ကိုရီးယားဟာ ဂျပန်နိုင်ငံထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ခရုဇ်ဒုံးပျံသစ်တစ်မျိုးကို စမ်းသပ်အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   စက်တင်ဘာ ၁၂ ရက်မှာ စမ်းသပ်ပစ်ခတ်ခဲ့တဲ့ အဲဒီခရုဇ်ဒုံးပျံသစ်ဟာ မိုင်ပေါင်း ၉၃၀ ကျော်ထိ ရောက်ရှိခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနကပြောပါတယ်။   ဒီလိုစမ်းသပ်မှုဟာ မြောက်ကိုရီးယားရဲ့ လုံခြုံရေးကို အာမခံနိုင်တဲ့ အဟန့်အတားတစ်ခုဖြစ်ပြီး ရန်လိုတဲ့ပြည်ပအင်အားစုတွေရဲ့ လုပ်ရပ်တွေကို ထိရောက်စွာထိန်းချုပ်ဖို့ မဟာဗျူဟာမြောက် အရေးပါကြောင်း ကေစီအင်န်အေသတင်းဌာနက ဆိုပါတယ်။   ဒါဟာ နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်စွမ်းရှိသော မြောက်ကိုရီးယား၏ ပထမဆုံး တာဝေးခရုဇ်ဒုံးပျံဖြစ်တယ်လို့ မြောက်ကိုရီးယားအရေးလေ့လာသူ အန်ကစ်ပန်ဒါက ပြောပါတယ်။   မြောက်ကိုရီးယားရဲ့ ခရုဇ်ဒုံးပျံစမ်းသပ်တာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ကတ်ဆူနိုဘူကာတိုက ထုတ်ဖော်ပြောကြားထားပြီး အခြေအနေကို…

Read More

မန္တလေးမြို့ နန်းရှေ့က စစ်ဆေးရေးဂိတ် ဗုံးခွဲခံရပြီး သေဆုံးသူ(၁)ဦးနဲ့ ပြင်းထန်ဒဏ်ရာရသူများပြား

မန္တလေး၊ စက်တင်ဘာ ၁၃-၂၀၂၁ Ko Hik(VOM)   မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၉လမ်း(နန်းရှေ့) မြို့ပတ်လမ်းနားက နယ်ကျော်ကဒ်စစ်ဆေးရေးဂိတ်မှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ ပြင်းထန်ဒဏ်ရာရသူတွေရှိတယ်လို့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။   ” ဒဏ်ရာရတာက စစ်သားရယ်၊ ရဲရယ်၊ မီးသတ်ရယ်၊ အုပ်ချုပ်ရေးပိုင်းထင်ပါတယ် အရပ်ဝတ်နဲ့ရယ် သူတို့ကိုတွေ့ရတယ် ၊ အဲ့ဒီအထဲက ၁ဦးကတော့ သေသွားပြီ၊ ကျန်တာတွေကတော့ ဒဏ်ရာရတယ်”လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။   ဗုံးပေါက်ကွဲမှုမှာ သေဆုံးသွားသူဟာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဦးဖြစ်တယ်လို့ သိရပြီး ဒဏ်ရာရသူ(၁၀)ဦးကျော်ရှိတာကြောင့် လက်တလော စစ်တပ်ပိုင်ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။   ဗုံးပေါက်ကွဲမှုဖြစ်ပွားအပြီးမှာ စစ်တပ်နဲ့ရဲတွေရောက်လာပြီး ၁၉လမ်းအနီးတဝိုက်က နေရာအချို့မှာ စစ်ဆေးတာတွေပြုလုပ်ခဲ့သလို သေနတ်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။   ဒါ့အပြင် ဒီကနေ့မနက်ပိုင်းကပဲ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ထဲက ကျောက်သပိတ်ရဲစခန်းရှေ့မှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူအချို့ရှိတယ်လို့သိရပါတယ်။…

Read More

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ အမှုမစစ်ဖြစ်

နေပြည်တော်၊ စက်တင်ဘာ ၁၃-၂၀၂၁ KT(VOM)   ​ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းုမင့်နု့ ဒေါက်တာမျိုးအောင်တို့ရဲ့ ဒီကနေ့ စက်တင်ဘာ ၁၃ရက် ရုံးချိန်းကို ဒေါ်အောင်ဆန်းစုကြည် နေမကောင်းတာကြောင့် မစစ်ဖြစ်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။   ” ဒီနေ့အမေနဲ့တွေ့ရပါတယ်၊ တွေတဲ့အချိန်မှာ အမေကကားမူးနေကြောင်း ပြောပါတယ်၊ ကျမတို့က တရားခွင်ကို မနက်ဖြန်ရုံးချိန်းကြမှ အမှုနဲ့ပတ်သက်ပြီးပြောမယ့်အကြောင်းကျမတို့ကိုပြောပါတယ်၊ ကျမတို့က တရားခွင်ကို အမေ့ကျန်းမာရေးအခြေအနေကြောင့်ခွင့်တင်ပေးလိုက်ပါတယ်၊ ဒီနေ့ အမေ့ကိုစစ်မယ့်အမှု သုံးမှုမစစ်ဖြစ်ပါဘူး၊ဒါပေမယ့်တရားခွင်ကတော့ သူ့လမ်းကြောင်းအတိုင်းသွားမှာပေါ့နော်၊ နောက်ဦးဝင်းမြင့်နဲ့တွေပါတယ်၊ အမှုနဲ့ပတ်သက်ပြီး စကားပြောဖြစ်ပါတယ်၊   ဒီကနေ့ရုံးချိန်းမှာတော့ တရားလိုပြသက်သေဖြစ်တဲ့ နေပြည်တော်၊ သပြေကုန်းရပ်ကွက်ရဲ့ရာအိမ်မှူးတစ်ယောက်ကို စစ်ဆေးခဲ့ပြီး တရားခွင်နားခဲ့တယ်လို့ သိရပါတယ်။   ” မတွေ့ခဲ့ရတဲ့ကာလအတွင်းမှာ ဘာမှမဖြစ်ဘူး၊ ကျန်းမာကြောင်းပြောပါတယ်၊ဒီနေ့မှာတော့ ကားစောင့်စီးရတာကြောင့် ကားမူးတာတော့ရှိတယ်လို့ အမေကပြောပါတယ်၊ ကျန်းမာရေးကောင်းပါတယ်၊ ဒီနေ့ကတော့ ကားမူးလို့ကောင်းကောင်းမထိုင်နိုင်လို့ ခွင့်တင်၊ အမှုမစစ်ဖြစ်တာပါ’လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်၊…

Read More
VOM News

FREE
VIEW