အင်းတကော်မှာ ဧရာဝတီဘဏ်ရဲ့ ငွေသယ်ယာဉ် ဓါးပြအတိုက်ခံရပြီး သိန်းပေါင်း ၄သောင်း ပါသွားတယ်လို့ သိရ

စက်တင်ဘာ ၁၃-၂၀၂၁
CKC + KK (VOM)
 
ပဲခူးမြို့၊ AYA bank ကနေ ငွေသယ်ဆောင်လာတဲ့ ငွေသယ်ကားဟာ အင်းတကော်မြို့မှာ ဓားပြတိုက်ခံရပြီး သိန်း ၄၀၀၀၀ ပါသွားတယ်လို့ ပဲခူးဒေသခံတစ်ဦးကပြောပါတယ်။
 
” သိန်း ၄၀၀၀၀ ပါသွားတယ် ။ ဖြတ်လုတဲ့သူက ၇ ယောက် ၊ ရဲကနှစ်ယောက် ၊ယာဉ်ထိန်းကတစ်ယောက်။အယောင်ဆောင်တွေပေါ့။ အင်းတကော် သာယာကုန်းနဲ့စပ်ကြား ၊ ပဲခူးကနေ ရန်ကုန်အသွားပေါ့။ ဂိတ်စစ်တဲ့သဘောနဲ့ ပြပေါ့။ပြတော့ ပိုက်ဆံတွေကို သူတို့စီမံထားတဲ့ကားပေါ်တင်ပြီး ပဲခူးဘက်ပြန်မောင်းပြေးပေါ့” လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
နေ့လယ်၂ နာရီလောက်မှာ ပဲခူး AYAဘဏ်ကနေ ဘဏ်ငွေသယ်ယာဉ် ထွက်သွားတာဖြစ်ပြီး ကားပေါ်မှာ ဘဏ်ဝန်ထမ်း ၅ ဦးလိုက်ပါသွားတယ်လို့လည်း သိရပါတယ်။
 
လက်ရှိမှာတော့ ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းစစ်ဆေးမှုကို လုပ်နေပြီး ဓားပြတိုက်သူကို ရှာဖွေနေတယ်လို့သိရပါတယ်။
 
“ပဲခူးမြို့ AYA ဘဏ်ကနေ ငွေတွေကို ရန်ကုန်ကို ပို့တာလို့သိရတယ်။ နေ့လယ်၂နာရီကျော်လောက်က ကားနဲ့ သယ်သွားတာမှာ အင်းတကော်နယ်မြေရဲစခန်းအပိုင် ထဲမှာ လုယက်ခံရတာလို့ လောလောဆယ်သိရတယ် ။ ” လို့ ပဲခူးမြို့ခံတစ်ဦးကပြောပါတယ်။
 
ဒီကိစ္စ AYA ဘဏ်နဲ့ သက်ဆိုင်ရာနယ်မြေစခန်းကို ဆက်သွယ်မရသေးလို့ အတည်ပြုချက်တော့ မရသေးပါဘူး။
 
ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ရန်ကုန်မြို့က ဘဏ်အချို့နဲ့ တီးတိန်မြို့၊ ကျောက်မဲမြို့ တွေမှာ ဘဏ်ဓါးပြတိုက်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #အင်းတကော် #AYAဘဏ်ငွေသယ်ယာဉ် #ဓါးပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW