ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ အမှုမစစ်ဖြစ်

နေပြည်တော်၊ စက်တင်ဘာ ၁၃-၂၀၂၁
KT(VOM)
 
​ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းုမင့်နု့ ဒေါက်တာမျိုးအောင်တို့ရဲ့ ဒီကနေ့ စက်တင်ဘာ ၁၃ရက် ရုံးချိန်းကို
ဒေါ်အောင်ဆန်းစုကြည် နေမကောင်းတာကြောင့် မစစ်ဖြစ်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။
 
” ဒီနေ့အမေနဲ့တွေ့ရပါတယ်၊ တွေတဲ့အချိန်မှာ အမေကကားမူးနေကြောင်း ပြောပါတယ်၊ ကျမတို့က တရားခွင်ကို မနက်ဖြန်ရုံးချိန်းကြမှ အမှုနဲ့ပတ်သက်ပြီးပြောမယ့်အကြောင်းကျမတို့ကိုပြောပါတယ်၊ ကျမတို့က တရားခွင်ကို အမေ့ကျန်းမာရေးအခြေအနေကြောင့်ခွင့်တင်ပေးလိုက်ပါတယ်၊ ဒီနေ့ အမေ့ကိုစစ်မယ့်အမှု သုံးမှုမစစ်ဖြစ်ပါဘူး၊ဒါပေမယ့်တရားခွင်ကတော့ သူ့လမ်းကြောင်းအတိုင်းသွားမှာပေါ့နော်၊ နောက်ဦးဝင်းမြင့်နဲ့တွေပါတယ်၊ အမှုနဲ့ပတ်သက်ပြီး စကားပြောဖြစ်ပါတယ်၊
 
ဒီကနေ့ရုံးချိန်းမှာတော့ တရားလိုပြသက်သေဖြစ်တဲ့ နေပြည်တော်၊ သပြေကုန်းရပ်ကွက်ရဲ့ရာအိမ်မှူးတစ်ယောက်ကို စစ်ဆေးခဲ့ပြီး တရားခွင်နားခဲ့တယ်လို့ သိရပါတယ်။
 
” မတွေ့ခဲ့ရတဲ့ကာလအတွင်းမှာ ဘာမှမဖြစ်ဘူး၊ ကျန်းမာကြောင်းပြောပါတယ်၊ဒီနေ့မှာတော့ ကားစောင့်စီးရတာကြောင့် ကားမူးတာတော့ရှိတယ်လို့ အမေကပြောပါတယ်၊ ကျန်းမာရေးကောင်းပါတယ်၊ ဒီနေ့ကတော့ ကားမူးလို့ကောင်းကောင်းမထိုင်နိုင်လို့ ခွင့်တင်၊ အမှုမစစ်ဖြစ်တာပါ’လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်၊
 
ဒါ့အပြင်” သမ္မတနဲ့ကတော့ ဘာမှထွေထွေထူးထူးမပြောဖြစ်ပါဘူး၊ သူပြောတာတော့ သူ့ကိုစပြီးထိန်းသိမ်းတဲ့အချိန်ကစပြီး အခုချိန်ထိ အပြင်လောကနဲ့အဆက်အသွယ်ပြတ်ပြီး ဘာတစ်ခုမှမသိတော့ကြောင်း၊ ဒါကြောင့် ဥပဒေအရပဲ သွားမယ်လို့ပြောပါတယ်၊ထပ်တိုးအမှုတွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတာတော့ရှိပါတယ်၊မန္တလေးတိုင်းဒေသကြီးမှာစွဲထားတဲ့အမေစုတစ်ယောက်ထဲကို အဂတိမှုနဲ့သုံးမှု၊နောက် အမေစုအပါအဝင် ဒေါက်တာမျိုးအောင်နဲ့သုံးဦးပေါင်းတစ်မှု၊အမေအပါအဝင်ဦးဝင်းမြင့်ရယ်၊ဒေါက်တာမျိုးအောင်ရယ် သုံးဦးပေါင်းတစ်မှု၊စုစုပေါင်း ၅ မှုက မန္တလေးတိုင်းဒေသကြီးမှာစွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး ပုဒ်မတို့တရားလိုတို့ကိုတော့ ကျမတို့သိရပါပြီ”လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။
 
ရန်ကုန်တိုင်းမှာ စွဲထားတဲ့အမှုတွေကိုတော့ အတိအကျမသိရသေးဘဲ အဂတိမှုတစ်မှုနဲ့စွဲထားကြောင်းသာသိရပါတယ်လို့ ဒေါ်မင်းမင်းစိုးက ဆက်ပြောပြပါတယ်။
 
” ဒီနေ့ကတော့ သမ္မတအမှုက ကျန်တဲ့တရားလိုပြသက်သေကိုစစ်တာပါ၊သမ္မတအမှုအတွက် စစ်ဖို့တစ်မှုပဲ ကျန်ပါတော့တယ်၊ သက်သေ ၈ ဦး ဒီကနေ့အထိစစ်ပြီးသွားပါပြီ တစ်ဦးပဲကျန်ပါတော့တယ်၊ ဒီနေ့အမှုစစ်ဆေးဖို့သွားတဲ့အချိန်မှာ စစ်ဆေးတာကတော့ ထုံးစံအတိုင်ပါပဲ ဘာအခက်အခဲမှမရှိပါဘူး”လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။
 
#voiceofmyanmar #VOM #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW