ဆူးငှက်
ရတနာပုံခေတ် အဆောက်အဦများအနက် မြို့တည် နန်းတည် သတ္တဌာနမှာပါတဲ့ ကျုံးမြို့ရိုး အပါအဝင် ရွှေ့မြို့တာ်ကြီးကတော့ အထင်အရှားပါပဲ။ ကျုံးမြို့ရိုးနှင့် ၄၈ ရပ်သော ပာသာဒ်များကပင်လျှင် မန္တလေးမြို့ရဲ့အမှတ်အသားဖြစ်ခဲ့၊ ဖြစ်ဆဲပါပဲ။
ကျုံးမြို့ရိုးနှင့် ၄၈ ရပ်ပြာသာဒ်မှာ …၊ တံခါးကြီးတွေ ပါတယ်။ တံခါးတွေမှာ ဓာတ်တံခါး၊ မိတ်တံခါးတွေ ခွဲထားတယ်။ ရွှေမြို့တော်ကြီးကနေ၊ တံခါးကြီးတွေကတစ်ဆင့် ကျုံးကိုဖတ်တဲ့အခါမှာလည်း
တံတားကြီးတွေ ရှိပါသေးတယ်။ တစ်ဖက်မှာ တာ ၆၀၀ (၁မိုင်၂ဖာလုံ၅၅ကိုက်) ရှိပြီး၊ အမြင့် ၂၇ပေ၊ ထု ၁၀ပရှိတဲ့ အုတ်မြို့ရိုးကြီးမှာ အလယ်ခါင်တည့်တည့်က ဓာတ်တံခါးဖြစ်တယ်။ ပာသာဒ်က ဘုံခုနှစ်ဆင့်ရှိတယ်။ ၄ မျက်နှာမှာ ဓာတ်တံခါးက ၄ပေါက်ပေါ့။ အရှေ့ဖက်မှာ ဦးထိပ်တံခါး၊ တောင်ဖက်မှာ ကျော်မိုးတံခါး(မင်္ဂလာတံခါး)၊ အနောက်ဖက်မှာ စည်ရှည်တံခါး၊ မြောက်ဖက်မှာ လေးသိန်းတံခါးတို့ ဖြစ်ပါတယ်။ အဲ့ဒီ ဓာတ်တံခါးတွေရဲ့ တစ်ဖက်တစ်ချက်မှာ မိတ်တံခါးတစ်ပေါက်စီရှိတယ်။
ပာသာဒ်ဘုံက ၅ ဆင့်ပါ။ မလွယ်တံခါးတွေပေါ့။ မိတ်တံခါးတွေက အရှေ့မြောက်အရပ်က စပြီးပာရရင် လွန်ကဲတံခါး၊ သောင်းညွတ်တံခါး၊ ကျွန်းလုံးယူတံခါး၊ ရန်နည်တံခါး၊ ကြေးမုံတံခါး၊ ထင်ရှားတံခါး၊ စည်သာတံခါး၊ မန်းဦးတံခါးတို့ပါပဲ။
ရွှေ့မြို့တော်ကြီးက တံခါး ၁၂ ရပ်မှာ တံခါးတော် ၁ခုအတွက် ၂၀၈၇၉ကျပ် ၂မူး ကုန်ကျလို့ ၁၂ ရပ်အတွက် ၂၅၀၅၅၀ ကျပ် ၄မူး ကုန်ကျပြီး ၄၈ ရပ်ပြသာဒ်များအတွက် ၄၃၉၄၈၅ ကျပ် ၄မူး ကုန်သတဲ့။ ဒီတံခါးကြီးတွေမှာ ညနေ နေဝင်ချိန်ညဉ့်၄ချက်တီး (စက်နာရီ ၆နာရီ) မှာ အလယ်ဓာတ်တံခါးကြီး ၄ပေါက်ကို ပိတ်တယ်။ ဝင်ချင်ထွက်ချင်ရင် မလွယ်ပေါက် မိတ်တံခါးတွေကပဲ လူတစ်ကိုယ်စာ အပေါက်ကနေ ဝင်ရတယ်။ မလွယ်ပေါက် မိတ်တံခါးတွေကိုလည်း ညဉ့် ၁ချက်တီး (စက်နာရီ ၉နာရီ) မှာ ပိတ်တယ်။
တံခါးအားလုံးရဲ့ ဖွင့်လှစ်ချိန်က နံနက် ၄ချက်တီး (စက်နာရီ မနက် ၆)နာရီ ဖြစ်ပါတယ်။
ဒီ … ဓာတ်တံခါး၊ မိတ်တံခါးကြီးကနေ … အကျယ်ပေ ၂၀၀ကျာ် အနက် ၁၅ပဝန်းကျင်ရှိတဲ့ရကျုံးကြီးကို ဖတ်ဖို့က ၄မျက်နှာမှာ တံတားကြီးက ၅စင်း ရှိပါတယ်။ ၄မျက်နှာ အလယ်ရှိ ဓာတ်တံခါးကြီး ၄ပါက်က တံတား ၄စင်း နဲ့ အနောက်မျက်နှာ တောင်ဘက်အစွန်းမှာရှိတဲ့ မိတ်တံခါးဖြစ်တဲ့ ကြေးမုံတံခါးမှာ တံတားတစ်စင်းနဲ့၊ စုစုပေါင်း ၅စင်းဖြစ်
တယ်။ အလွယ်မှတ်ရင်၊ အရှေ့မျက်နှာ၊ တောင်မျက်နှာနဲ့ မြောက်မျက်နှာရဲ့ အလယ်တည့်တည့်မှာ တံတား ၃စင်း ရှိပြီး အနောက်မျက်နှာမှာ တံတားနှစ်စင်းရှိတာပါ။ ဒီနေရာမှာ အနောက်မျက်နှာက တံတား၂စင်းရှိခြင်းက ကြေးမုံတံခါး ခေါ် အာဠဝီတံခါးဟာ ရွှေမြို့တော်အတွင်းက ဆွေတော်မျိုးတော်၊ မှူးကြီးမတ်ရာ၊ သေနာပတိ
စစ်သူကြီးတို့သလွန်သော် မြို့အနောက်ခြမ်းက သင်္ချိုင်းတော်များမှာ ဖုတ်ကြည်းမြှုပ်နှံသင်္ဂြိုဟ်ဖို့ “မသာတော်” များ ထုတ်ဆောင်ရာ “အ…မင်္ဂလာ” တံခါးအဖြစ် သီးခြား ထားရှိခြင်းကြောင့် ဖြစ်ပါတယ်။
ဒီလို တင့်တယ်ခမ်းနားလှတဲ့ ရွှေမြို့တော်၊ ကျုံးတော်၊ မြို့ရိုးတော်ကြီးတွေဟာ ပါတော်မူပြီးနောက် အင်္ဂလိပ်အစိုးရ သိမ်းပိုက်ပြီးနောက် ယိုယွင်းပျက်စီးလာတယ်။ ရွှေမြို့တော်ကြီးအတွင်း နန်းတော်နန်းဆောင်တွေမှာ အင်္ဂလိပ်စစ်တပ်တွေ တပ်စွဲတယ်။ တန်ဖိုးရှိတာတွေ ဖြုတ်သိမ်းယူငင်တာတွေရှိလာတယ်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ဂျပန်တပ်က ဗုံးကြဲတာရော၊ မဟာမိတ်စစ်တပ်က မြို့ပြန်အသိမ်း တိုက်ခိုက်ကြတာရောကြောင့် မီးလောင်ပျက်စီးပါလေရော…။ မြနန်းစံကျော်ရွှေနန်းတော်ကြီး အပါအဝင် နန်းဆောင်တွေ မီးလောင်ပြာကျသွားတယ်။ မြို့ရိုးကြီးလည်း ဗုံးဒဏ်ကြောင့် ပေါက်ပြဲ ပြိုပျက်သွားတယ်။ ၄၈ ရပ်ပြသာဒ်တွေလည်း မီးလောင်ကုန်တယ်။ တံတားကြီးတွေလည်း ပျက်စီးတာရော၊ ဖျက်ဆီးခံတာရောကြောင့် မူလပုံစံ မရှိကြတော့ဘူး …။
ဒီလို မြို့ရိုးပျက်၊ ကျုံးကော …၊ တံတားကျိုးနေတဲ့ မြို့တော်ကြီးအလယ်က နန်းတော်ကြီးနေရာမှာလည်း အုတ်ခုံ အတိသာ ကျန်ရစ်တာပေါ့ …။ လွတ်လပ်ရေးရပြီးချိန်မှာပင် ဒီ အပျက်အစီးတွေ မပြင်နိုင်ခဲ့ဘူး၊နောက်ပိုင်းမှာ ဦးထိပ်တံခါးက တံတား၊ ကျော်မိုး(ခေါ်)မင်္ဂလာတံတား၊ အနောက်ပြင် လူနေရပ်ကွက်ကြီးနှင့် ဆက်စပ်တဲ့ အာဠဝီ(ခေါ်) ကြေးမုံတံတားတွေကို မူလပုံစံအတိုင်းပြုပြင်တယ်။ ဧည့်သည်များ အဝင်အထွက်များပြားတဲ့ ကျော်မိုး(ခေါ်)မင်္ဂလာတံခါးပေါ်က ဘုံခုနစ်ဆင့်ပြသာဒ်ကြီး အသစ်ပြန်လည် တည်ဆောက်ခြင်းနှင့် အချို့ အပျက်အစီးနည်းတဲ့ ပြသာဒ်များပန်လည်ပြုပြင်ခဲ့ပါတယ်။ မြောက်ဖက်မျက်နှာမှာရှိတဲ့ လေးသိန်းတံခါးက တံတားကြီးကို သံဘေလီ ယာယီတံတားအဖြစ်ကနေ ၁၉၈၀ ကျော် ဝန်းကျင်ရောက်မှ မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ခဲ့ပါတယ်။
၁၉၉၀ကျော်ရောက်မှသာ ၄၈ရပ်ပြသာဒ်များနဲ့ မြနန်းစံကျော်ရွှေနန်းတော်ကြီးနဲ့ နန်းဆောင်များကို ပြန်လည်ပြုပြင် တည်ဆောက်ခဲ့တာပါ။
ဒီတော့ … မူလမြို့တည် နန်းတည် ပုံစံ၊ ကျုံးကူး တံတားကြီး ၅စင်းအနက် တံတားကြီး ၄စင်းဟာ ပုံစံမပျက်ပြုပြင် တည်ဆောက်နိုင်ခဲ့ပါပြီ။
ဒီအထဲမှာ ကျုံးအနောက်မျက်နှာမှာရှိတဲ့ မင်္ဂလာရှိသော ဓာတ်တံခါး “စည်ရှည်” က “စည်ရှည်”တံတားကြီးကတော့၊ ကမ္ဘာစစ်ကြီးကြောင့် မီးလောင်ကျိုးပျက်တဲ့ ပုံစံအတိုင်း တည်ရှိနေဆဲပါ။ မူလအချိုး၊
မူလပုံစံ၊ မူလအင်္ဂတေ၊ မူလအုတ်ရိုးများအတိုင်း တန်ဖိုးရှိစွာ အမှတ်တရ ကျန်ရစ်ခဲ့တာပါ။ နောက်ပိုင်း သာမန်မြို့သူမြို့သား လူပြိန်းများက ကျိုးပျက်နေတဲ့ စည်ရှည်တံတားကြီးကို၊ လူသေကောင်ထုတ်တဲ့ အမင်္ဂလာတံတား၊ တံတားပျက်…၊ တံတားကျိုးကြီးဆိုပြီး လွဲမှားစွာ ပြောဆိုကြတယ်။
ရှေးဟောင်း စည်ရှည်တံတားကြီးကိုတော့ ၂၀၀၉ခုနှစ် ဒီဇင်ဘာ လကုန်မှာ ဖျက်သိမ်းလိုက်ပါပြီ။
#voiceofmyanmar #VOM #ဆူးငှက် #တံခါး ၁၂ ရပ်နှင့်စည်ရှည်တံတား