မန္တလေးမြို့ နန်းရှေ့က စစ်ဆေးရေးဂိတ် ဗုံးခွဲခံရပြီး သေဆုံးသူ(၁)ဦးနဲ့ ပြင်းထန်ဒဏ်ရာရသူများပြား

မန္တလေး၊ စက်တင်ဘာ ၁၃-၂၀၂၁
Ko Hik(VOM)
 
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၉လမ်း(နန်းရှေ့) မြို့ပတ်လမ်းနားက နယ်ကျော်ကဒ်စစ်ဆေးရေးဂိတ်မှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ ပြင်းထန်ဒဏ်ရာရသူတွေရှိတယ်လို့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။
 
” ဒဏ်ရာရတာက စစ်သားရယ်၊ ရဲရယ်၊ မီးသတ်ရယ်၊ အုပ်ချုပ်ရေးပိုင်းထင်ပါတယ် အရပ်ဝတ်နဲ့ရယ် သူတို့ကိုတွေ့ရတယ် ၊ အဲ့ဒီအထဲက ၁ဦးကတော့ သေသွားပြီ၊ ကျန်တာတွေကတော့ ဒဏ်ရာရတယ်”လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
 
ဗုံးပေါက်ကွဲမှုမှာ သေဆုံးသွားသူဟာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဦးဖြစ်တယ်လို့ သိရပြီး ဒဏ်ရာရသူ(၁၀)ဦးကျော်ရှိတာကြောင့် လက်တလော စစ်တပ်ပိုင်ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။
 
ဗုံးပေါက်ကွဲမှုဖြစ်ပွားအပြီးမှာ စစ်တပ်နဲ့ရဲတွေရောက်လာပြီး ၁၉လမ်းအနီးတဝိုက်က နေရာအချို့မှာ စစ်ဆေးတာတွေပြုလုပ်ခဲ့သလို သေနတ်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
 
ဒါ့အပြင် ဒီကနေ့မနက်ပိုင်းကပဲ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ထဲက ကျောက်သပိတ်ရဲစခန်းရှေ့မှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူအချို့ရှိတယ်လို့သိရပါတယ်။
 
နန်းရှေ့ဖြစ်စဉ်နဲ့ ကျောက်သပိတ်ရဲစခန်းဖြစ်စဉ်တွေကို VOMအနေနဲ့ သီးခြားအတည်ပြုချက် ထပ်မံရရှိဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #မန္တလေး #ပေါက်ကွဲမှု #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW