မြောက်ဒဂုံမှာ ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၃-၂၀၂၁
KK(VOM)
 
မြောက်ဒဂုံမြို့နယ်၊ အမှတ် (၄၉) ရပ်ကွက်၊ လဂွန်းအိမ်လမ်းနဲ့ဗိုလ်အေးချိုလမ်းထောင့်က ဘဝခရီးသည် နာရေးကူညီမှုအသင်းရှေ့မှာ ဒီကနေ့ နေ့လယ်ပိုင်းက ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
ရပ်ကွက်နေသူတစ်ဦးက “နာရေးကူညီမှုအသင်းက အတွင်းရေးမှူးနဲ့စကားပြောတဲ့အချိန်မှာ လမ်းလျှောက်လာတဲ့ လူငယ်နှစ်ဦးက ပစ်သွားတာ ပြီးတော့ထွက်
ပြေးသွားတယ်”လို့ ပြောပါတယ်။
 
သေဆုံးသူဟာ အမှတ် ၄၉ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူး ဦးနိူင်လင်းဆိုသူဖြစ်ပြီး ရင်ဘတ်ထိမှန်ဒဏ်ရာနှစ်ချက်နဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
လက်တလော စစ်တပ်နဲ့ရဲတွေက ပစ်ခတ်မှုဖြစ်ပွားရာနေရာရှိ လမ်းသွားလမ်းလာတွေနဲ့ ကားတွေကိုစစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
မနေ့ညနေပိုင်းကလည်း မရမ်းကုန်းမြိုနယ် (၁)ရပ်ကွက်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်နဲ့အပစ်ခံရလို့ ဆေးရုံတင်ခဲ့ရပါသေးတယ်။
 
မြောက်ဒဂုံမြို့နယ်မှာ ပြီးခဲ့တဲ့လပိုင်းအတွင်းက အုပ်ချုပ်ရေးမှူးရုံးတွေ ဌာနဆိုင်ရာရုံးတွေနဲ့ ယာဥ်ထိန်းရုံးတွေမှာ ဗုံးပေါက်ကွဲခဲ့ပြီး အုပ်ချုပ်ရေးမှူးတွေနဲ့သတင်းပေးလို့နာမည်ထွက်နေသူတွေ အသတ်ခံရတဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW