တရုတ်နိုင်ငံ ဖီကျန်ပြည်နယ်မှာ ကိုဗစ်-၁၉ အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပွားနေ

ပေကျင်း၊ စက်တင်ဘာ-၁၄-၂၀၂၁
မျိုးဆက် (VOM)
 
တရုတ်နိုင်ငံ ဖီကျန်ပြည်နယ်ရှိ ပူတီယန်မြို့မှာ မှာ ကိုဗ-၁၉ ရောဂါ အစုလိုက်အပြုံလိုက်ကူးစက်မှုတွေ ဖြစ်ပွားနေတာကြောင့် ရုပ်ရှင်ရုံ၊ အားကစားခန်းမတွေကိုပိတ်ထားပြီး မြို့အ၀င်အထွက်နဲ့ အဝေးပြေးလမ်းမကြီးအချို့မှာ တင်းကြပ်မှုတွေပြုလုပ်ကာ ဒေသခံတွေကို မြို့ပြင်မထွက်ဖို့ ညွှန်ကြားထားပါတယ်။
 
ဒီလိုကူးစက်မှုဟာ မူလတန်းကျောင်းတစ်ကျောင်းမှာ ကူးစက်မှုနဲ့ ဆက်နွယ်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရောဂါကူးစက်ခံထားရတဲ့ ကျာင်းသားတစ်ဦးဖခင်ကြောင့် စာသင်ကျောင်းမှာပါ ကူးစက်မှုတွေရှိနေပါတယ်။
 
အဲဒီစာသင်ကျောင်းမှာ လေးရက်အတွင်း လူ ၁၀၀ ကျော် ရောဂါကူးစက်ခံရပြီးနောက် ဆရာ၊ ဆရာမနဲ့ ကျောင်းသား ကျောင်းသူအားလုံးကို တစ်ပတ်အတွင်း ရောဂါကူးစက်မှုရှိမရှိ စစ်ဆေးဖို့ ဖီကျန်ပြည်နယ် အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။
 
၀ူဟန်မြို့ဗိုင်းရပ်စ်ကူးစက်မှုအပြီးမှာ နန်ကျင်းမှာဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီးနောက် တစ်လအကြာ ဖီကျန်ပြည်နယ်မှာ ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ကူးစက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
 
လူဦးရေးသုံးသန်းကျော်နေထိုင်တဲ့ ဖီကျန်ပြည်နယ်ရှိ ပူတီယန်မြို့ဟာ ဗိုင်းရပ်စ်ကူးစက်မှုဒဏ် အဆိုးဆုံးခံရတဲ့ နေရာများထဲမှ တစ်ခုဖြစ်နေပါတယ်။
 
မြို့မှာဖြစ်ပွားခတဲ့ ပထမဆုံးကူးစက်မှုဟာ မူလတန်းကျောင်းနဲ့ ဆက်နွယ်နေတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW