လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အရောင်းအဝယ်မဖြစ်လို့အခက်တွေ့နေတဲ့ သင်ဖျာလုပ်ငန်းများ

စင်တင်တာ ၁၅-၂၀၂၁ ထွန်းတောက်(VOM) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ရင်မောင်တိုင်၊ ဘုတ်စု၊ လင်းစားကျက်၊ သူဌေးကုန်း စတဲ့ကျေးရွာပေါင်း (၁၀) ရွာကျော်မှာ သင်ဖျာရက်တဲ့လုပ်ငန်းကို ရွာလုံးကျွတ်နီးပါးလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်ကာလတွေမှာ ကျန်းမာရေးစည်းကမ်းတွေနဲ့အညီ အရောင်းအဝယ် အသင့်အတင့်ရှိနေသေးပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ အရောင်းအဝယ်တွေ တဖြည်းဖြည်းနည်းပါးလာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဒေသမှာ သင်ဖျာလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းတခုလို လုပ်ကိုင်နေကြတာဖြစ်ပြီး လိုအပ်တဲ့ကုန်ကြမ်း သင်ပင်တွေကို စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္ဓီးဘက်ကနေ မှာယူလုပ်ကိုင်ကြတာလည်းဖြစ်ပါတယ်။ သင်ဖျာတချပ်ကို ရင်းနှီကုန်ကျစရိတ်အနေနဲ့ (၇၅၀၀) ကျပ်ဝန်းကျင်ရှိပြီး အရောင်းအဝယ်ပုံမှန်ရှိနေတဲ့ကာလတွေမှာ သင်ဖျာတချပ်ကို (၈၅၀၀) ဝန်းကျင်နဲ့ပြန်လည်ရောင်းချရပါတယ်။ နိုင်ငံရေးအခြေအနေကြောင့် အရောင်းအဝယ်နည်းပါးလာရာကနေ စက်တင်ဘာလဆန်းပိုင်းလောက်မှာ လမ်းပန်းဆက်သွယ်ရေးတွေပိုမိုခက်ခဲလာပြီး အရောင်းအဝယ်လုံးဝရပ်ဆိုင်းသွားတဲ့အခြေအနေအထိ ဖြစ်လာခဲ့တယ်လို့ သင်ဖျာရက်လုပ်သူတွေကပြောပါတယ်။ လက်ရှိမှာ ကုန်ကြမ်းကြိုဝယ်ထားသူတွေက လုပ်ငန်းဖြစ်ရုံရက်လုပ်နေကြပြီး အရင်က (၈၅၀၀) တန်ဖျာတချပ်ကို (၆၀၀၀) နဲ့တောင်ဝယ်မဲ့မရှိဖြစ်နေတဲ့အပြင် သင်ဖျာလုပ်ငန်းလုပ်ကိုင်သူတွေထဲမှာ ကိုယ်ပိုင်အရင်းအနှီးမရှိသူတွေအနေနဲ့ အရင်းအနှီးထုတ်နိုင်သူတွေဆီက ကြိုတင်ငွေယူပြီး လုပ်ကိုင်နေရသူတွေလည်းရှိနေပါတယ်၊…

Read More

ဂျပန်လေပိုင်နက်အတွင်း ရုရှားစစ်လေယာဉ် နှစ်ကြိမ်တိုင် ၀င်ရောက်ပျံသန်း

တိုကျို၊ စက်တင်ဘာ-၁၄-၂၀၂၁ မျိုးဆက် (VOM)   ဂျပန်လေပိုင်နက်အတွင်းကို ရုရှားစစ်ဘက်လေယာဉ်တစ်စင်း ၀င်ရောက်ပျံသန်းတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရက ရုရှားနိုင်ငံကို အပြင်းအထန်ကန့်ကွက်လိုက်ပါတယ်။   ရုရှားစစ်လေယာဉ်ဟာ ဟော့ကိုင်းဒိုးရှိ ရှိရီတိုကိုကျွန်းဆွယ် ဂျပန်လေပိုင်နက်အတွင်းသို့ နှစ်ကြိမ်တိုင် ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။   ဒီလို ၀င်ရောက်ပျံသန်းမှုကြောင့် ဂျပန်တိုက်လိုက်လေယာဉ်တွေကို စေလွှတ်ခဲ့ပြီး လေပိုင်နက်အတွင်းမှ ထွက်ခွာဖို့ ရေဒီယိုဆက်သွယ်ရေးနဲ့သတိပေးပြီးနောက် အဲဒီရုရှားလေယာဉ်ဟာ ထွက်ခွာသွားတယ်လို့ သိရပါတယ်။   လေပိုင်နက်အတွင်း ၀င်ရောက်ပျံသန်းခြင်းအပေါ် တိုကျိုရှိ ရုရှားထိပ်တန်းသံတမန်တွေကို ဂျပန်အစိုးရက ကန့်ကွက်စာပေးပို့ထားပြီး နောက်ထပ်မဖြစ်ပွားစေဖို့ ရုရှားကိုတိုက်တွန်းထားကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ကာတိုကတ်ဆူနိုဘူက စက်တင်ဘာ ၁၃ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။   လေပိုင်နက်အတွင်းသို့ ရုရှားလေယာဉ်၀င်ရောက်ပျံသန်းတာနဲ့ပတ်သက်ပြီးဂျပန်အစိုးရက ဆန်းစစ်လေ့လာနေတယ်လို့ သူကပြောပါတယ်။   အဲဒီရုရှားလေယာဉ်ဟာ Antonov An-26 ပို့ဆောင်ရေးလေယာဉ်တစ်စင်းဖြစ်တယ်လို့…

Read More

လှည်းကူးမှာ သတင်းပေးလို့နာမည်ထွက်နေတဲ့ အမျိုးသမီး ဒုတ်ိယအကြိမ်သေနတ်ပစ်ခံရပြီး သေဆုံး

စက်တင်ဘာ ၁၄-၂၀၂၁ CKC ( VOM )   လှည်းကူးမြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက သတင်းပေးလိုနာမည်ထွက်နေတဲ့ အမျိုးသမီးတစ်ဦး ဒုတိယအကြိမ်မြောက် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။   ပမထအကြိမ် ပစ်ခတ်ခံရချိန်မှာ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားရရှိမှုမရှိခဲ့ဘဲ ဒီကနေ့ ဒုတိယအကြိမ်ပစ်ခတ်မှုမှာမှ ဦးခေါင်းပွင့်ပြီးသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။   “လှည်းကူး ရုံးဟောင်းလမ်းမှာ အမျိုးသမီး ၁ ဦး ဦးခေါင်းကို အပစ်ခံရပြီး သေဆုံးသွားတယ်။ သူက ပထမအခါ အပစ်ခံခဲ့ရပေမယ့် ဘာမှမဖြစ်ဘူးလို့သိရတယ်၊ အခု ဒုတိယအကြိမ် လာပစ်မှ ခေါင်းပွင့်သေဆုံးတာပေါ့”လို့ လှည်းကူးဒေသခံကပြောပါတယ်။   သေဆုံးသူအမျိုးသမီးကို ကရုဏာရှင် အခမဲ့နာရေးကူညီမှုအသင်းက လှည်းကူးမြို့နယ်ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။   ” ကျနော်တို့ကိုဖုန်းဆက်တာနဲ့ သွားပြီး သယ်လာပြီး လှည်းကူးဆေးရုံကိုပို့ပေးခဲ့တာ။ ကျန်တာတော့ သေချာမသိဘူး။အချိန်ကတော့ ၁ နာရီလောက်ဖြစ်မယ် ”…

Read More

တရုတ်နိုင်ငံ ဖီကျန်ပြည်နယ်မှာ ကိုဗစ်-၁၉ အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပွားနေ

ပေကျင်း၊ စက်တင်ဘာ-၁၄-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံ ဖီကျန်ပြည်နယ်ရှိ ပူတီယန်မြို့မှာ မှာ ကိုဗ-၁၉ ရောဂါ အစုလိုက်အပြုံလိုက်ကူးစက်မှုတွေ ဖြစ်ပွားနေတာကြောင့် ရုပ်ရှင်ရုံ၊ အားကစားခန်းမတွေကိုပိတ်ထားပြီး မြို့အ၀င်အထွက်နဲ့ အဝေးပြေးလမ်းမကြီးအချို့မှာ တင်းကြပ်မှုတွေပြုလုပ်ကာ ဒေသခံတွေကို မြို့ပြင်မထွက်ဖို့ ညွှန်ကြားထားပါတယ်။   ဒီလိုကူးစက်မှုဟာ မူလတန်းကျောင်းတစ်ကျောင်းမှာ ကူးစက်မှုနဲ့ ဆက်နွယ်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရောဂါကူးစက်ခံထားရတဲ့ ကျာင်းသားတစ်ဦးဖခင်ကြောင့် စာသင်ကျောင်းမှာပါ ကူးစက်မှုတွေရှိနေပါတယ်။   အဲဒီစာသင်ကျောင်းမှာ လေးရက်အတွင်း လူ ၁၀၀ ကျော် ရောဂါကူးစက်ခံရပြီးနောက် ဆရာ၊ ဆရာမနဲ့ ကျောင်းသား ကျောင်းသူအားလုံးကို တစ်ပတ်အတွင်း ရောဂါကူးစက်မှုရှိမရှိ စစ်ဆေးဖို့ ဖီကျန်ပြည်နယ် အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။   ၀ူဟန်မြို့ဗိုင်းရပ်စ်ကူးစက်မှုအပြီးမှာ နန်ကျင်းမှာဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီးနောက် တစ်လအကြာ ဖီကျန်ပြည်နယ်မှာ ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ကူးစက်မှု…

Read More

ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အမှုလိုက်ရှေ့နေတွေ တွေ့ဆုံခွင့်ရ

နေပြည်တော်၊ စက်တင်ဘာ ၁၄-၂၀၂၁ KT(VOM)   ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင်နဲ့ ဒေါက်တာမျိုးအောင်တို့ကို ဒီကနေ့ရုံးချိန်မှာ အမှုလိုက်ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။   ” ဒီနေ့ကတော့..အမေနေကောင်းပါတယ် မနေ့ကကားမူးသွားတာပါ၊ ကားမူးတာကိုတော့မခံနိုင်ဘူးလို့ ပြောပါတယ်၊ ဒီနေ့တော့ ဆေးသောက်လာတယ်၊ကျန်းမာပါတယ်လို့ပြောပါတယ်၊နောက်ထပ် နှစ်ရက်သုံးရက်လောက်နားလိုက်ရင် သက်သာသွားမှာလို့ပြောပါတယ်၊ ကျန်တာကတော့ စွဲထားတဲ့အမှုကိစ္စတွေပြောဖြစ်ပါတယ်၊ဒီနေ့ကျမတို့ရှေ့နေတွေနဲ့ သုံးဦးစလုံးနဲ့တွေရပါတယ်၊ အမေရယ်၊ဦးဝင်းမြင့်ရယ်၊ဒေါက်တာမျိုးအောင်ရယ် သုံးယောက်လုံးနဲ့တွေ့ရပါတယ်”လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။   ဒီကနေ့ရုံးချိန်းမှာ သုံးဦးစလုံးရဲ့ အမှုဖြစ်တဲ့ ၅၀၅- ခ. နဲ့စွဲထားတဲ့အမှုနဲ့ပတ်သက်လို့ အမှုလိုက်ရှေ့နေတွေကလျှောက်လဲချက်ပေးခဲ့ရပြီး လျှောက်လဲချက်ကိုကြားနာကာ နောက်တစ်ပါတ် စက်တင်ဘာ ၂၁ရက်(အဂ်ါနေ့)ကို ထပ်မံချိန်းလိုက်တယ်လို့ သိရပါတယ်။   ” နောက်ရုံးချိန်းမှာ စွဲချက်အမိန့်ချမှာပေါ့နော်၊ .နောက်တစ်မှု အမေကိုစွဲထားတဲ့ ဦးထွန်းမြင့်အောင်ရဲ့အမှုသဘာဝဘေးနဲ့စွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေနှစ်ဦး ဆင့်စာအတည်မဖြစ်လို့ ကျမတို့ကိုရုံးချိန်းပဲပေးပါတယ်၊၂၁ ရက်ကိုချိန်းလိုက်ပြီး တရားခွင်နားပါတယ်” လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။   ဒါ့အပြင် “အမေကတော့…

Read More

ကောလင်းမြို့မရဲစခန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲ အပါအဝင် နေရာတချို့မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့

စက်တင်ဘာ ၁၄ -၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM)   စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့ ၊ မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးအဆောက်အဦးနဲ့ နေရာတချို့မှာ မနေ့ စက်တင်ဘာ ၁၃ ရက်ည ၈ နာရီကျော် အချိန်က ပစ်ခတ်မူတွေ ဖြစ်ခဲ့တယ်လို့ ကောလင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ညက ပစ်ခတ်တာတွေဖြစ်တယ် ၊ ပေါက်ကွဲသံတွေနဲ့ အတွဲလိုက် ပစ်ခတ်သံတွေကြားရတာ ” လို့ ကောလင်းမြို့၊ ကျော်ဇေယျ ၁ ရပ်ကွက်မှာနေတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။   ညက ပစ်ခတ်မှုဖြစ်တာတွေနဲ့ ပတ်သက်ပြီး ဒီမနက် နောက်ဆုံး သိရတဲ့အခြေအနေဟာ မနေ့ည ၈ နာရီခွဲခန့်မှာ ကောလင်း၊ ကျော်ဇေယျ ၁ ရပ်ကွက်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံး နေရာဖြစ်ပြီး ၊ ၈ နာရီ…

Read More

မကွေးတိုင်းပညာရေးမှူးရုံး နဲ့ ပြည်ခိုင်ဖြိုးပါတီရုံးအနီးဗုံးပေါက် ၂ ဦးဒဏ်ရာရရှိ

ရန်ကုန်၊စက်တင်ဘာ ၁၄-၂၀၂၁ KK(VOM)   မကွေးမြို့က တိုင်းဒေသကြီးပညာရေးမှူးရုံးနဲ့ပြည်ခိုင်ဖြိုးပါတီတိုင်းရုံးအနီးမှာ ဒီကနေ့မနက်ပိုင်းကဗုံးပေါက်ကွဲခဲ့လို့ အသက်၃နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   “ဒီကနေ့မနက် ၈နာရီလောက်မှာ မင်းကံကြီးရပ်ကွက်မှာရှိတဲ့ တိုင်းဒေသကြီးပညာရေးမှူးရုံးနဲ့ပြည်ခိုင်ဖြိုးပါတီတိုင်းရုံးအနီးမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်၊ ရုံးအနီးကွမ်းယာရောင်းနေတဲ့ဆိုင်က ကလေးငယ်တစ်ဦးနဲ့ပန်းရံအလုပ်သမားတစ်ဦး ထိခိုက်ခဲ့တယ်၊ မနက်ပိုင်းက အထုပ်တစ်ထုပ်လာပစ်သွားတယ်၊ အဲ့ဒီကနေ ပေါက်ကွဲတာ၊ဗုံးစမှန်တဲ့ ကလေးက အသက်သုံးနှစ်ပဲရှိသေးတယ်၊ နောက်တစ်ယောက်က ပန်းရံလုပ်တာ နှစ်ဦးဒဏ်ရာရတယ်”လို့ မင်းကံကြီးရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။   လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ မကွေးမြို့ဝင် မြို့ထွက်အားလုံး ပိတ်ထားလိုက်ပြီး လမ်းတွေပေါ်ကယာဥ်တွေကို ရပ်တန့်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ရက်လည်း မကွေးမြို့နယ်၊ ရန်မျိုးနိုင်ရပ်ကွက်က ဝေယံဘုံမြင့်ဘုန်းကြီးကျောင်းအနီးက Mytelတာဝါတိုင်မှာ ဗုံးပေါက်ခဲ့ပါသေးတယ်။   ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက် မနက်ပိုင်းကလည်း မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးအနီးမှာ ဗုံးပေါက်ကွဲခဲ့ပေမယ့်…

Read More

ရွှေဘိုမြို့နယ်မှာ စွန့်ပစ်ရုပ်အလောင်းတွေ့ရှိရတာတွေ ဆက်တိုက်ဖြစ်ပေါ်နေ

စက်တင်ဘာ ၊ ၁၄ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှာ အခု စက်တင်ဘာလအတွင်း စွန့်ပစ်ထားတဲ့ လူသေရုပ်အလောင်းတွေ့ရှိရတာ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ရွှေဘိုမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” လူမသိ သူမသိ အသတ်ခံရပြီး စွန့်ပစ်ထားတဲ့ လူသေရုပ်အလောင်းတွေ့ရှိရတာဟာ အခုလ ၁၀ ရက်ဝန်းကျင်မှာ ၅ ကြိမ်ထက်မနည်းရှိတယ် “လို့ ရွှေဘိုမြို့ခံ အငြိမ်းစား ရဲဝန်ထမ်းဟောင်းတစ်ယောက်က ပြောပါတယ်။   မနေ့ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက ရွှေဘိုမြို့နယ် ၊ ဥသျှစ်ကန်ကျေးရွာရဲ့အနောက်ဘက် ကျွန်းတောအတွင်းမှာ ပီနံအိတ်နဲ့ထည့်ပြီး စွန့်ပစ်ထားတဲ့ အမျိုးသား ရုပ်အလောင်း တစ်လောင်းတွေ့ရတယ်လို့ သိရပါတယ်။   အဲ့ဒီ တွေ့ရှိရတဲ့ရုပ်အလောင်းဟာ နဖူးဆံစပ်ဖုယောင် ဒဏ်ရာ ၊ မေ့စေ့ ပြတ်ရှဒဏ်ရာ ၊…

Read More

သောင်တင်နေတဲ့ လင်းရှူးတစ်ကောင်ကို အသက်ကယ်ဖို့ ကြိုစားခဲ့ပေမယ့် အချိန်မမီလိုက်

စက်တင်ဘာ ၊ ၁၄ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင် ၊ ဟိုင်းကြီးကျွန်းမြို့နယ် ၊ ဝါးကုန်းကျေးရွာအုပ်စု ၊ ဝါးကုန်းသောင်ပြင်မှာ မနေ့ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက လင်းရှူးတစ်ကောင် သောင်တင်နေတာကို ရေလုပ်သားတွေက တွေ့ရတဲ့အတွက် အသက်ကယ်ပေးဖို့ ကြိုးစားခဲ့ပေမယ့် အချိန်မမီလိုက်တာကြောင့် သေဆုံးသွားတယ်လို့ ဝါးကုန်းရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” လင်းရှူးတွေ မကြာခဏ သောင်တင်နေတာကို တွေ့ရတတ်ပါတယ် ၊ အသက်သေဆုံးတယ်ဆိုတာ မရှိဘူး ၊ အခုတွေ့သေဆုံးသွားတဲ့ အကောင်က ၊ ကမ်းတင်ချိန် ကြာမြင့်ပြီး သေဆုံးတာဖြစ်နိုင်တယ် ” လို့ ဝါးကုန်းရွာ ရေလုပ်သား တစ်ယောက်က ပြောပါတယ်။   အဲ့ဒီ သေဆုံးသွားတဲ့ လင်းရှူးဟာ အလျားအရှည်…

Read More
VOM News

FREE
VIEW