ဂျပန်ပင်လယ်ပြင်သို့ဦးတည်ကာ ပဲ့ထိန်းဒုံးပျံတစ်စင်းကို မြောက်ကိုရီးယား ပစ်ခတ်စမ်းသပ်ပြန်

ဆိုးလ်၊ စက်တင်ဘာ-၁၅-၂၀၂၁
မျိုးဆက် (VOM)
 
မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်ပြင်ကို ဦးတည်ကာ ပဲ့ထိန်းဒုံးပျံတစ်စင်းကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
အဲဒီဒုံးပျံပစ်လွှတ်မှုနဲ့ပတ်သက်ပြီး ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း အတည်ပြုထားကာ ဒါဟာ ပဲ့ထိန်းဒုံးပျံဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
 
တကယ်လို့ ပစ်လွှတ်လိုက်တဲ့ ဒုံးပျံဟာ ပဲ့ထိန်းအမျိုးအစားဖြစ်ပါက မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ထားတဲ့ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်လိုက်တာဖြစ်ပါတယ်။
 
မြောက်ကိုရီးယားရဲ့ ဒုံးပျံပစ်လွှတ်မှုနဲ့ပတ်သက်ပြီ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
 
မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးပျံပစ်လွှတ်မှုဟာ ဂျပန်နိုင်ငံထိရောက်ရှိနိုင်တဲ့ တာဝေးပစ်ခရုဇ်ဒုံးပျံတစ်စင်းကို စမ်းသပ်ပစ်ခတ်ပြီးနောက် ရက်အနည်းငယ်အကြာမှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
 
အဲဒီခရုဇ်ဒုံးပျံဟာ နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်စွမ်းရှိတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ ခရုဇ်ဒုံးပျံစမ်းသပ်တာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တားမြစ်ပိတ်ပင်ထားခြင်းမရှိပါဘူး။
 
Ref:BBC
Photo: Reuters
#voiceofmyanmar #VOM #ဆိုးလ

Related posts

Leave a Comment

VOM News

FREE
VIEW