ရုရှားသမ္မတ ဗလာဒီမာပူတင် ကွာရန်တင်း၀င်နေရ

မော်စကို၊ စက်တင်ဘာ-၁၅-၂၀၂၁ မျိုးဆက် (VOM)   ရုရှားသမ္မတနန်းတော်မှ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရတဲ့ ၀န်ထမ်းအချို့နဲ့ ထိတွေ့ခဲ့တာကြောင့် သမ္မတပူတင်ဟာ ကွာရန်တင်း၀င်နေရတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။   သမ္မတပူတင်ဟာ ရောဂါကူးစက်ခံနေရတဲ့၀န်ထမ်းနဲ့ အနီးကပ်အလုပ်လုပ်ခဲ့ကာ စက်တင်ဘာ ၁၃ ရက်တစ်နေ့လုံး စကားပြောဆိုမှုတွေရှိခဲ့တယ်လို့ သမ္မတပူတင်ကပြောပါတယ်။   သမ္မတပူတင်ကို ဆေးစစ်ရာမှာ ရောဂါကူးစက်မှုမရှိဘူးလို့ ရုရှားသမ္မတနန်းတော်က ထုတ်ပြန်ထားပြီး သူဟာ ရုရှားပြည်တွင်းဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးထားပြီးတာလည်းဖြစ်ပါတယ်။   ကွာရန်တင်း၀င်နေရတာကြောင့် သမ္မတပူတင်ဟာ တာဂျစ်ကစ္စတန်သို့ သွားရောက်မယ့်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ယခုသီတင်းပတ်နှောင်းပိုင်းမှာ ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကိုတော့ အွန်လိုင်းကနေ တက်ရောက်ဖို့ စီစဉ်ထားပါတယ်။   ရုရှားနိုင်ငံဟာ လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်ဖို့ရုန်းကန်နေရပြီး ဗိုင်းရပ်စ်နေ့စဉ်ကူးစက်မှုပမာဏဟာ ၁၈၀၀၀ ၀န်းကျင်ထိရှိနေပါတယ်။   Ref : NHK…

Read More

ဒဂုံတက္ကသိုလ် ကျောင်းသားကျောင်းသူ ၆ ဦးဖမ်းဆီးခံရ ၊ မိသားစုနဲ့အဆက်သွယ်မရသေး

စက်တင်ဘာ ၁၅-၂၀၂၁ CKC (VOM)   ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ်က ကျောင်းသားကျောင်းသူ ၆ ဦးဟာ မနေ့ စက်တင်ဘာ ၁၄ရက် ညပိုင်းက ဖမ်းဆီးခံလိုက်ရပြီး ဘယ်နေရာမှာထိန်းသိမ်းထားသလဲဆိုတာကို မသိရှိရသေးဘူးလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဆီက သိရပါတယ်။   ” ဧည့်စာရင်းဝင်စစ်တယ်၊ဝင်စစ်ပြီး တစ်ပါတည်းဖမ်းသွားတယ်။ဖမ်းဆီးခံရပြီးနောက် သူတို့ကို ကျောက်တံတားရဲစခန်းကို ဖမ်းသွားတယ်သိရတယ်။ဒါပေမယ့်ဒီနေ့မှာတော့ ကျောက်တံတားရဲစခန်းမှာမရှိတော့ဘူး။ကျနော်တို့အထင်ကတော့ သူတို့ကိုစစ်ကြောရေး တနေရာရာကိုပို့လိုက်တယ်လို့ယူဆတယ်။ဘာကြောင့်ဖမ်းဆီးသလဲ ၊ဘာအမှုတွေနဲ့လည်းဆိုတာ ဘာမှမသိရသေးဘူး။သူတို့က အိမ်မှာဟုတ်မနေဘူး။ ကျောင်းသားတွေစုနေတဲ့တိုက်ခန်းမှာ ဖမ်းခံလိုက်ရတာ။ သူတို့စုပြီးနေကြတာလား၊မနေ့ညက ဆုံဖြစ်ကြတာလား သေချာမသိပေမယ့် သူတို့အဖမ်းခံလိုက်ရတာကတော့ တနေရာထဲမှာ အကုန်ဖမ်းခံလိုက်ရတယ်လို့ သိရတယ်။ ” လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။   လက်ရှိမှာတော့ ဖမ်းဆီး ခံလိုက်ရတဲ့ကျောင်းသားကျောင်းသူတွေ နဲ့ပတ်သက်ပြီး မိဘတွေနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ ပြောပါတယ်။   ဖမ်းခံလိုက်ရသူတွေကတော့ ဒဂုံတက္ကသိုလ် ကျောင်းသားတွေက မောင်စည်သူအောင်တင် (ဥပဒေ) ၊မောင်ရဲလင်းဦး…

Read More

မုံးကိုးက စစ်ရှောင်စခန်းတွေမှာ စစ်ဘေးဒုက္ခသည် ၃၀ ကျော် COVID-19ပိုး တွေ့ရှိ

စက်တင်ဘာလ ၁၅၊ ၂၀၂၁ Shy V(VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့က စစ်ရှောင်စခန်း နေရာ(၃)နေရာက စစ်ဘေးဒုက္ခသည် ၃၇ ဦးမှာ COVID-19 ရောဂါပိုးကူးစက်ခံနေရတယ်လို့ စစ်ရှောင်စခန်းတာဝန်ရှိတစ်ဦးက ပြောပါတယ်။   “ဘုရားကျောင်းဝင်းမှာ ၂၄ ဦး၊ ဘုန်းကြီးကျောင်းမှာ ၁ ဦး၊ ဟို အရင်တုန်းက MDA ဌာနချုပ်ရုံး အဟောင်းမှာ ၂ ဦး စုစုပေါင်း ၂၇ ဦး စစ်ဘေးဒုက္ခသည်တွေနေတဲ့ နေရာ သုံးနေရာက အဲ့ဒီလို ပိုး စစ်ဆေးတွေ့ရှိတယ်။ အခု ပိုးတွေ့ရှိတဲ့သူတွေအားလုံးကို ဆေးရုံပို့ထားလိုက်ပါပြီ။” လို့ စစ်ဘေးဒုက္ခသည်တွေကို စီမံကွပ်ကဲနေသူ တာဝန်ရှိတစ်ဦးက ပြောပါတယ်။   စက်တင်ဘာ ၁၃ ရက်နေ့က ဖျားနာသူ ၆ ဦး စစ်တဲ့ထဲက ၅ ဦးမှာ ပိုးတွေ့ရှိလို့…

Read More

တနိုင်း – ရှင်ဗွေယန် ကားလမ်းမှာ ပစ်ခတ်မှုတွေဖြစ်နေတာကြောင့် ယာဥ်လမ်းကြောင်းတွေ ပိတ်ထား

စက်တင်ဘာ ၁၅ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM)   ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့နယ်သွားကားလမ်း တရုန်ကျေးရွာနဲ့ တခက်ကျေးရွာ အကြား ဆက်သွယ်ရေးတာဝါတိုင်အနီးမှာ ဒီကနေ့မနက် ၆ နာရီနောက်ပိုင်းကစလို့ ပစ်ခတ်မှုတွေ ပြင်းထန်နေတဲ့အတွက် ယာဥ်လမ်းကြောင်းတွေ ယာယီ ပိတ်လိုက်တယ်လို့ ရှင်ဗွေယန်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ဒီမနက် ၆ နာရီထိုးပြီးတော့ ပေါက်ကွသံတွေနဲ့ ပစ်ခတ်သံတွေကြားရတယ် ၊ တရုန်ကျေးရွာအကျော် တခက်ကျေးရွာအဝင်နားက လမ်းမကြီးအနီးတဝိုက်မှာဖြစ်နေတာပါ ၊ တနိုင်းဘက်နဲ့ ရှင်ဗွေယန်ဘက်ကို အသွားအလာ ယာဥ်တွေ ဒီမနက်ကစပြီး ပြတ်တောက်သွားပြီ ” လို့ တနိုင်းကနေ ရှင်ဗွေယန်ကို သွားနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။   တနိုင်း-ရှင်ဗွေယန် ကားလမ်းဘက်မှာ စင်တင်ဘာ ၇ ရက် မနက်ပိုင်းကလည်း အခုလို ပစ်ခတ်တာတွေဖြစ်တဲ့အတွက် ယာဥ်သွားယာဥ်လာတွေ ပိတ်ခံရပြီး…

Read More

ဂျပန်ပင်လယ်ပြင်သို့ဦးတည်ကာ ပဲ့ထိန်းဒုံးပျံတစ်စင်းကို မြောက်ကိုရီးယား ပစ်ခတ်စမ်းသပ်ပြန်

ဆိုးလ်၊ စက်တင်ဘာ-၁၅-၂၀၂၁ မျိုးဆက် (VOM)   မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်ပြင်ကို ဦးတည်ကာ ပဲ့ထိန်းဒုံးပျံတစ်စင်းကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   အဲဒီဒုံးပျံပစ်လွှတ်မှုနဲ့ပတ်သက်ပြီး ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း အတည်ပြုထားကာ ဒါဟာ ပဲ့ထိန်းဒုံးပျံဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။   တကယ်လို့ ပစ်လွှတ်လိုက်တဲ့ ဒုံးပျံဟာ ပဲ့ထိန်းအမျိုးအစားဖြစ်ပါက မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ထားတဲ့ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်လိုက်တာဖြစ်ပါတယ်။   မြောက်ကိုရီးယားရဲ့ ဒုံးပျံပစ်လွှတ်မှုနဲ့ပတ်သက်ပြီ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။   မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးပျံပစ်လွှတ်မှုဟာ ဂျပန်နိုင်ငံထိရောက်ရှိနိုင်တဲ့ တာဝေးပစ်ခရုဇ်ဒုံးပျံတစ်စင်းကို စမ်းသပ်ပစ်ခတ်ပြီးနောက် ရက်အနည်းငယ်အကြာမှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။   အဲဒီခရုဇ်ဒုံးပျံဟာ နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်စွမ်းရှိတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ ခရုဇ်ဒုံးပျံစမ်းသပ်တာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တားမြစ်ပိတ်ပင်ထားခြင်းမရှိပါဘူး။   Ref:BBC Photo:…

Read More

ရခိုင်မှာ အကြမ်းဖက်မှုနဲ့ တရားစွဲခံထားရသူ နောက်ထပ်(၁၆)ဦး ပြန်လွတ်လာ

စက်တင်ဘာ ၁၅- ၂၀၂၁ ထက်အောင်စိုင်း(VOM)   ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်တရားရုံးမှာ မနေ့ စက်တင်ဘာလ ၁၅ ရက်နေ့က အေအေနဲ့ဆက်စပ်ပြီး အကြမ်းဖက်မှုပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရသူ (၁၆) ဦးကို ထပ်မံလွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။   မင်းပြားမြို့ နယ်ဖုန်သာချောင်းက ဦးထွန်းမြင့်သိန်းပြောတာက “ အခုလွှတ်တဲ့အမှုတွေမှာ ကျောက်တော်နဲ့ မင်းပြားကပါပါတယ်။ မြောက်ဦးမြို့နယ်က မပါပါဘူး။ ပြန်လွှတ်တာကတော့ အားလုံး (၁၆) ယောက်ပါ။ မနေ့က လွှတ်တာမှာ ကျောက်တော်ဖက်က များပါတယ်။ ကျနော်တို့ မင်းပြားမြို့နယ်ဖက်က တစ်ယောက်ပဲ ပါပါတယ်။” လို့ ပြောပါတယ်။   မနေ့က ပြန်လွတ်တဲ့လူတွေဟာ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ၊ မီးဝ၊ ရုပ်သား၊ မာလာနဲ့ တောပန်ဇင်းကျေးရွာတို့က အကြမ်းဖက်ဖက်ပုဒ်မနဲ့ အမှုရင်ဆိုင်နေရသူတွေဖြစ်ပြီး အမှုပေါင်း (၈) မှုမှာ (၁၆) ယောက်လွှတ်လာတာဖြစ်တယ်လို့ သိရပါတယ်။  …

Read More

စလင်းမြို့က NLD ပါတီအလုပ်မှုဆောင်အဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

စက်တင်ဘာ ၁၅-၂၀၂၁ CKC ( VOM )   မကွေးတိုင်း ၊ စလင်မြို့နယ် NLDပါတီ အလုပ်မှုဆောင်အဖွဲ့ဝင် ကိုနိုင်လင်းဟာ မနေ့ စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   ” ညနေ ၅ နာရီခွဲလောက် လမ်းဆုံမှာ ခေါင်းကိုသေနတ်မှန်ပြီး သေနေတယ်လို့သိရတယ်။ သူဘယ်လိုပြေးပြီး ဘယ်နေရာမှာသေလဲဆိုတာ မသိရပါဘူး ၊ အလောင်းက ဆေးရုံမှာလို့သိရတယ်။မလိုက်ရသေးဘူး။ ” လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။   ကိုနိုင်လင်း မသေဆုံးခင် နေ့လယ် ၃ နာရီဝန်းကျင်လောက်က ဝန်းရကျေးရွာအုပ်စု ၊ခင်ပလူကျေးရွာရှိ သူရဲ့နေအိမ်ကို စစ်တပ်နဲ့ရဲတွေရောက်လာပြီး ဖမ်းဆီးဖို့ ရှာဖွေခဲ့တာလည်းရှိခဲ့တယ်လို့ သေဆုံးသူရဲ့မိသားစုဝင်တွေဆီက သိရပါတယ်။   ကိုနိုင်လင်းသေဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒေသခံတချို့ကတော့ ကိုနိုင်လင်းက ဖမ်းဆီးမခံဘဲ ထွက်ပြေးတာကြောင့် ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ ပြောဆိုမှုတွေရှိနေပေမယ့် VOM…

Read More
VOM News

FREE
VIEW