ဒဂုံတက္ကသိုလ် ကျောင်းသားကျောင်းသူ ၆ ဦးဖမ်းဆီးခံရ ၊ မိသားစုနဲ့အဆက်သွယ်မရသေး

စက်တင်ဘာ ၁၅-၂၀၂၁
CKC (VOM)
 
ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ်က ကျောင်းသားကျောင်းသူ ၆ ဦးဟာ မနေ့ စက်တင်ဘာ ၁၄ရက် ညပိုင်းက ဖမ်းဆီးခံလိုက်ရပြီး ဘယ်နေရာမှာထိန်းသိမ်းထားသလဲဆိုတာကို မသိရှိရသေးဘူးလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဆီက သိရပါတယ်။
 
” ဧည့်စာရင်းဝင်စစ်တယ်၊ဝင်စစ်ပြီး တစ်ပါတည်းဖမ်းသွားတယ်။ဖမ်းဆီးခံရပြီးနောက် သူတို့ကို ကျောက်တံတားရဲစခန်းကို ဖမ်းသွားတယ်သိရတယ်။ဒါပေမယ့်ဒီနေ့မှာတော့ ကျောက်တံတားရဲစခန်းမှာမရှိတော့ဘူး။ကျနော်တို့အထင်ကတော့ သူတို့ကိုစစ်ကြောရေး တနေရာရာကိုပို့လိုက်တယ်လို့ယူဆတယ်။ဘာကြောင့်ဖမ်းဆီးသလဲ ၊ဘာအမှုတွေနဲ့လည်းဆိုတာ ဘာမှမသိရသေးဘူး။သူတို့က အိမ်မှာဟုတ်မနေဘူး။ ကျောင်းသားတွေစုနေတဲ့တိုက်ခန်းမှာ ဖမ်းခံလိုက်ရတာ။ သူတို့စုပြီးနေကြတာလား၊မနေ့ညက ဆုံဖြစ်ကြတာလား သေချာမသိပေမယ့် သူတို့အဖမ်းခံလိုက်ရတာကတော့ တနေရာထဲမှာ အကုန်ဖမ်းခံလိုက်ရတယ်လို့ သိရတယ်။ ” လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာတော့ ဖမ်းဆီး ခံလိုက်ရတဲ့ကျောင်းသားကျောင်းသူတွေ နဲ့ပတ်သက်ပြီး မိဘတွေနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ ပြောပါတယ်။
 
ဖမ်းခံလိုက်ရသူတွေကတော့ ဒဂုံတက္ကသိုလ် ကျောင်းသားတွေက မောင်စည်သူအောင်တင် (ဥပဒေ) ၊မောင်ရဲလင်းဦး (ရှေး/သု)၊ မောင်မြင့်သိန်းနိုင် (ပထဝီဝင်)၊ မောင်နေထက်လင်း (သတ္တဗေဒ) ၊ မသဉ္ဇာဇော် (ဓာတုဗေဒ)၊ မဝတ်ရည်အောင် (သတ္တဗေဒ) တို့ဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နဲ့ မတ်လမှာလည်း ဒဂုံတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းမှာ အချို့ကပြန်လွှတ်မြောက်ခဲ့ပေမယ့် လက်ရှိ အကျဉ်းထာင်မှာဖမ်းဆီးခံထားရတဲ့ ကျောင်းသားကျောင်းသူ ၂၀ ကျော်လောက်ရှိနေသေးတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ဒဂုံတက္ကသိုလ#ကျောင်သား/သူအဖမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW