မိုးညိုမြိုနယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနေအိမ် သေနတ်ပစ်ခံရလို့ တယောက်သေ၊ တယောက်ဒဏ်ရာရ

စက်တင်ဘာ ၁၆-၂၀၂၁
GH ( VOM )
 
ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ မိုးညိုမြိုနယ်၊ ကြို့ကုန်းရွာက အုပ်ချုပ်ရေးမှူး နေအိမ်ကို မနေ့ စက်တင်ဘာ ၁၅ရက် နေ့လယ်က သေနတ်နဲ့ ပစ်ခံရတာကြောင့် တယောက်သေဆုံးပြီးတယောက်ဒဏ်ရာရတယ်လို့ ရွာခံတယောက်က ပြောပြပါတယ်။
 
” မနေ့က ၂နာရီဝန်းကျင်လောက်မှာ ဖြစ်တာပါ ။ ပစ်တာက သူသားကိုအရင်ပစ်တယ် ၊ နောက်က ထွက်လာတဲ့ သူရဲ့တူကိုပါထပ် ပြီးပစ်တယ် ။ သေတာကသူရဲ့တူပါဗျ၊သူသားကတော့ တင်ပါးကိုမှန်တယ်။ ခုဆေးရုံတင်ထားတယ်။ပစ်တာကတော့ အုပ်ကြီးကိုပါပစ်တာ ဒါပေမယ့် သူကိုမမှန်ဘူးလို့သိရတယ် ” လို့ ဒေသခံကပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုအပြီးမှာ အုပ်ချုပ်ရေးမှူး နေအိမ်ကို စစ်တပ်က ကားလေးစီးနဲ့ရောက်ရှိလာပြီး စစ်ဆေးမှုတွေလုပ်ခဲ့ပေမယ့် ဖမ်းဆီးရမိတဲ့သူတော့မရှိခဲ့ဘူးလို့ ဆိုပါတယ် ။
 
လက်ရှိမှာတော့အုပ်ချုပ်ရေးမှူးကိုတော့ လုံခြုံရေးရယူပေးထားကြောင်းသိရပြီး ပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ မသိရှိသေးပါဘူး။
 
ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ကလည်း
ပေါင်းတည်မြို့က ရာအိမ်မှူးတစ်ဦးရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၂ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #မိုးညို #ပဲခူးတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW