ခရီးသွားမရှိတဲ့အတွက် ပုဂံမြို့က မြင်းလှည်းသမားတွေ စားဝတ်နေရေးအကျပ်အတည်းရင်ဆိုင်နေရ

စက်တင်ဘာ ၁၇-၂၀၂၁ ထွန်းတောက်(VOM) ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် အများအပြားလာရောက်လည်ပတ်ရာ ဒေသတခုဖြစ်တဲ့ မန္တလေးတိုင်း၊ ပုဂံမြို့မှာ ခရီးသွားဧည့်သည်တွေကို အမှီပြုပြေးဆွဲနေတဲ့ မြင်းလှည်းသမား (၂၀၀) ကျော်ရှိနေပါတယ်၊ မြင်းလှည်းသမားတွေဟာ ပြည်ပခရီးသွား ဧည့်သည်တွေကို အဓိကအားထားပြေးဆွဲနေကြတာဖြစ်ပြီး ခေတ်ကာလကောင်းစဉ် ပုံမှန်အချိန်တွေမှာ တရက်ကို (၂) သောင်း (၃) သောင်းဝန်းကျင်အထိ ရကြတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ် ပထမလှိုင်းနဲ့ဒုတိယလှိုင်းတွေမှာ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု နည်းပါးလာတဲ့အတွက် ဝင်ငွေတွေလျော့နည်းလာကြပြီး မိသားစုစားဝတ်နေရေးအတွက် ပြည်တွင်းခရီးသွားဧည့်သည် အနည်းအကျဉ်းကိုသာ အားထားပြေးဆွဲလာခဲ့ရတယ်လို့ မြင်းလှည်းသမား‌တစ်ဦးကပြောပါတယ်၊ အဲ့ဒီကမှတဆင့် လက်ရှိ ကိုဗစ်တတိယလှိုင်း နဲ့ နိုင်ငံရေးအကျပ်အတည်းကာလမှာ ခရီးသွားဧည့်သည် ဝင်ရောက်မှု လုံးဝမရှိတောတဲ့အတွက် မြင်းလှည်းတွေရပ်နားထားကြရပါတယ်။ ဒါ့ကြောင့် ဝင်ငွေမဲ့အခြေအနေတွေနဲ့ မြင်းစာအတွက်ရော မိသားစုစားဝတ်နေရေးတွေအတွက်ပါ အခက်အခဲရှိလာကြပါတယ်။ အရင်ကမြင်းစာအတွက် ပုန်းရည်ကြီးလုပ်ငန်းတွေကထွက်ရှိတဲ့ ပဲရည်၊ ပဲဖတ်တွေကို အဓိကအားထားကျွေမွေးကြပြီး တရက်ကို မြင်းတကောင်ရဲ့အစာဖိုးဟာ (၃/၄) ထောင်ဝန်းကျင်သာရှိတယ်လို့…

Read More

ရန်ကုန်မှာ ကင်းလှည့်နေတဲ့ စစ်ကားနဲ့ရဲကားအနီး ဗုံးပေါက်၊ ရဲတစ်ဦးဒဏ်ရာရ

ရန်ကုန်၊စက်တင်ဘာ ၁၆-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဗိုလ်ချုပ်လမ်းထောင့်နဲ့ မရမ်းကုန်မြို့နယ်၊ ဘုရင့်နောင်နှစ်ထပ်တံတားအောက်မှာ ဒီကနေ့ နေ့လာ် ၃နာရီအချိန်က လှည့်ကင်းလှည့်နေတဲ့ စစ်ကားနဲ့ရဲကားအနီးမှာ ဗုံးပေါက်ကွဲခဲ့ရာ ရဲတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။   သိမ်ဖြူလမ်းမှာ နေထိုင်သူတစ်ဦးက “စစ်တပ်နဲ့ရဲတွေ ကားနဲ့လာတဲ့ မီးပွိုင့်မိနေတုန်း ထပေါက်တာ၊ ရဲတစ်ဦး ဒဏ်ရာရတယ်လို့ ကြားတယ်”လို့ ပြောပါတယ်။   လှည့်ကင်းကားလာချိန်မှာ သိမ်ဖြူလမ်း နဲ့ ဗိုလ်ချုပ်လမ်းထောင့် ယာဉ်ထိန်းရဲရုံးမှာ ထောင်ထားခဲ့တဲ့ ဗုံးထပေါက်တာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။   ဗိုလ်တစ်ထောင်မြို့နယ် သိမ်ဖြူလမ်းနဲ့ဗိုလ်ချုပ်လမ်းက မီးပွိုင့်မှာ ဗုံပေါက်ကွဲခဲ့တာ မှန်ပေမယ့် ရဲတစ်ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကို VOMအနေနဲ့ သီခြားအတည်ပြုဖိူ့ ထပ်မံစုံစမ်းနေဆဲဖြစ်ပါတယ်။   ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မြို့ပြပြောက်ကျားသက်တော်စောင့်အဖွဲ့ (Ranger Force) အမည်နဲ့ လူမူကွန်ယက်စာမျက်နှာမှာတော့ သူတို့လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။   ဒါ့အပြင် မရမ်းကုန်းနဲ့လှိုင်သာယာကို…

Read More

ရေပြင်မြစ်တွင်းဝယ် ခူးဘယက်ဆင်ကာရယ်

ဆူးငှက် မန္တလေးကား ဘုရင့်မင်းနေပြည်တော်ဖြစ်ခဲ့၏်။ မန္တလေးကို နေပြည်တော်အဖြစ် တည်ထောင်ကတည်းက၊ မြို့တည်နန်းတည် ခုနှစ်ဌာန၌ ကျုံးတော်၊ ရွှေမြို့တော်..ဟူသည်၊ နိုင်ငံနှင့်အဝှန်း အာဏာ ၃ရပ် တည်ရှိရာ အဓိကအမြင့်မားဆုံးနေရာဖြစ်သည်။ သက်ဦးဆံပိုင် ပဒေသရာဇ်နှင့်အတူ အာဏာ ၃ရပ်ကို ကိုင်စွဲထားသော မူးကြီးမတ်ရာ၊ စစ်သူကြီးသေနာပတိတို့၏ စိုးစံ၊ ရုံးစိုက်ရာဖြစ်သည်။ အာဏာ၏ အထွတ်အထိပ်ဖြစ်သော ရာဇပလ္လင်၉ရပ်ရှိသည့် နန်းတော်ကြီးတွေနှင့်အတူ လွှတ်တော်ရုံးတော်လည်းရှိသည်။ ကိုယ့်အရှင်ကိုယ့်သခင်လက်ထက်တော်ကာလ အချိန်အခါတွင် မန္တလေး နန်းမြို့သည် တစ်တိုင်းတစ်ပြည်လုံး၏ အထွတ်အထိပ်၊ အမြင့်အမြတ်နေရာဖြစ်ပါ၏။ ဤကဲ့သို့ အရေးပါလှသောနေရာဌာနကို ဓာတ်တံခါး မိတ်တံခါး ၁၂၊ ထောင့်ပြကြီး ၄ ၊ ပြငယ် ၃၂ အပါအဝင် ၄၈ရပ်ပြာသာဒ်များနှင့် အုတ်မြစ် သံတောင် ၁တောင်၊ အုတ်ရိုးထု ၁တာ(၁၀ပေ)၊ အရပ် သူရဲခိုအထိ သံတောင် ၁၈တောင် (၂၇ပေ)အမြင့်ရှိ အုတ်မြို့ရိုးပတ်လည်တစ်လျှောက်တွင် မြို့ဥပစာ…

Read More

ကျိုက်ထိုက မြို့နယ်ထွေအုပ်စာရေးတစ်ဦး ဖမ်းဆီးခံရပြီး လေးရက်အကြာမှာ သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၆-၂၀၂၁ KK(VOM)   ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာမှာ ပြီးခဲ့တဲ့လေးရက်ခန့်က ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ မြို့နယ်ထွေအုပ်စာရေးဟာ ဒီကနေ့မနက်ပိုင်းမှာ သေဆုံးသွားလို့ မိသားစုဝင်တွေကို စစ်တပ်က အကြောင်းကြားခဲ့တယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။   “အဲ့ဒီနေ့က လာဖမ်းတာ သူမိန်းမကို မတွေ့တော့ သူ့ကိုဖမ်းသွားတာ၊ သူနဲ့အတူ ကိုထွန်းလင်းလည်း အဖမ်းခံရတယ်၊ ကိုထွန်းလင်းကပြန်လွှတ်လာတယ် သူကမလွတ်ဘူး၊ လေးရက်ပဲရှိသေးတယ် ဒီနေ့သေပြီဆိုပြီး အကြောင်းကြားတာ”လို့ ကျေးရွာနေသူတစ်ဦးကပြောပါတယ်။   သေဆုံးသူဦးရန်နိူင်ထွန်းဟာ ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ရပ်ကျေးစာရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်သီတာအေးမှာ ကျိုက်ထိုမြို့နယ်NLDပါတီအလုပ်မှုဆောင်တစ်ဦးလည်းဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဇနီးဖြစ်သူ ဒေါ်သီတာအေးကို စက်တင်ဘာ ၁၂ရက်နေ့က လာရောက်ဖမ်းဆီးရာမှာ မတွေ့တဲ့အတွက် ခင်ပွန်းဖြစ်သူ ထွေ/အုပ်စာရေး ဦးရန်နိူင်ထွန်းကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပြချက်အရ သိရပါတယ်။   ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့သြဂုတ်လကစပြီး NLDပါတီဝင်တွေ၊ CDMဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူလူငယ်တွေကို…

Read More

ရထားပေါ်က ပစ်ခတ်နိုင်တဲ့ ဒုံးပျံစနစ် မြောက်ကိုရီးယား စမ်းသပ်အောင်မြင်

ပြုံးယမ်း၊ စက်တင်ဘာ-၁၆-၂၀၂၁ မျိုးဆက် (VOM)   မြောက်ကိုရီးယားဟာ စက်တင်ဘာ ၁၅ ရက်ကပစ်လွှတ်လိုက်တဲ့ ဒုံးပျံတွေဟာ မီးရထားနဲ့သယ်ဆောင်ပစ်ခတ်နိုင်တဲ့ ဒုံးပျံစနစ်ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   အဲဒီဒုံးပျံတွေဟာ မြောက်ကိုရီးယားအရှေ့ကမ်းရိုးတန်းရှိ ပစ်မှတ်ကိုမထိမှန်ခင်မှာ ကီလိုမီတာ ၈၀၀ ကျော်ပျံသန်းခဲ့တယ်လိ်ု့ ကေစီအင်န်အေသတင်းဌာနက ဆိုပါတယ်။   မြောက်ကိုရီးယားက ဒုံးပျံစမ်းသပ်ပစ်ခတ်သည့်နေ့မှာဘဲ တောင်ကိုရီးယားကလည်း ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။   တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံစလုံးဟာ ပိုမိုစွမ်းဆောင်ရည်ကောင်းသော ဒုံးပျံတွေနဲ့ အခြားလက်နက်တွေသစ်များကို ထုတ်ဖော်စမ်းသပ်ခဲ့ပြီး သူတို့ရဲ့ လက်နက်အားပြိုင်ပွဲဟာ ပိုမိုပြင်းထန်လာနေပါတယ်။   မြောက်ကိုရီးယားရဲ့ ဒုံးပျံစမ်းသပ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုနဲ့ စိုးရိမ်ပူပန်မှုတွေလည်းထွက်ပေါ်နေပြီး ဒါဟာကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မြောက်ကိုရီးယားက ချိုးဖောက်တာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေကိုကိုလည်း ခြိမ်းခြောက်တဲ့လုပ်ရပ်လို့ အမေရိကန်က…

Read More

ကမာရွတ်မြို့နယ်မှာ မနေ့ညက အမျိုးသမီးတွေအပါအဝင် လူ ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ

စက်တင်ဘာ ၁၆-၂၀၂၁ GH ( VOM )   ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာ မနေ့ စက်တင်ဘာ ၁၅ ရက်နေ့ညပိုင်းက လူ ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   ကမာရွတ်မြို့နယ် ၃ ရပ်ကွက် ပေ ၅၀ လမ်းမှာ ဖမ်းခံရသူ ၅ ဦး ၊ ပြည်ရိပ်မွန် အိမ်ရာ ၇ ရပ်ကွက်မှာက ၅ ဦးထက်မနည်း အဖမ်းခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ မိန်းကလေးတွေလည်းပါဝင်တယ်လို့ သိရပါတယ်။   ပြည်ရိပ်မွန် အိမ်ရာဝန်းနေထိုင်သူက ” သူတို့ဝင်လာတယ်၊ တိုက် ၂၂ နဲ့ ၂၅ ကို ဝင်ရှာဖွေစစ်တယ်။ ၂၂ အိမ်က ဖမ်းခံရရတယ်။ ၂၅ တိုက်ကတော့ ၁ ယောက်ဖမ်းခံရတယ် ၊ တိုက်၂၂က…

Read More

အိုင်စီစီက စစ်ဆေးမယ့်ကိစ္စ ဖိလစ်ပိုင် လက်မခံ

မနီလာ၊ စက်တင်ဘာ-၁၆-၂၀၂၁ မျိုးဆက် (VOM)   ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲနဲ့ပတ်သတ်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး(အိုင်စီစီ)က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မယ်ဆိုတဲ့အပေါ် ဖိလစ်ပိုင်နိုင်ငံက ပူပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။   အိုင်စီစီဟာ သမ္မတဒူတာတေးခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲအပေါ် တရား၀င်စုံစမ်းမှုတွေပြုလုပ်ဖို့ စက်တင်ဘာ ၁၅ရက်မှာ အတည်ပြုခဲ့ပါတယ်။   ယင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲဟာ ဥပဒေဘောင်အတွင်းက တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်မဟုတ်ဘဲ အရပ်သားပြည်သူများအပေါ် စနစ်တကျကျူးလွန်ခဲ့တာလို့ အိုင်စီစီတာ၀န်ရှိသူတွေက ပြောပါတယ်။   သမ္မတဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံကို အိုင်စီစီအဖွဲ့၀င်အဖြစ်မှ ၂၀၁၈ခုနှစ် မတ်လမှာ နှုတ်ထွက်ခဲ့တာကြောင့် အိုင်စီစီက စစ်ဆေးပိုင်ခွင့်မရှိတော့ဘူးလို့ သမ္မတဒူတာတေးရဲ့ ဥပဒေအကြံပေး အကြီးအကဲ ဆာဗာဒိုပန်နီလိုက ပြောပါတယ်။   ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၁၈ခုနှစ်မှာ အိုင်စီစီအဖွဲ့၀င်အဖြစ်ကနေ နုတ်ထွက်ခဲ့ပေမယ့်လည်း မူးယစ်စစ်ပွဲနဲ့ပတ်သက်ပြီး ၂၀၁၆ခုနှစ်နဲ့ ၂၀၁၉ခုနှစ်အကြား ကျူးလွန်ခဲ့တဲ့ အတွက် စုံစမ်းစစ်ဆေးဖို့ တရား၀င်ကြောင်း…

Read More

မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းမှာ ၁၂ ဘီးကား ၁ စီး မိုင်းထိပြီး မီးလောင်လို့ လူ ၁ ဦးသေဆုံး

စက်တင်ဘာ ၁၆ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းမှာ မနေ့ စက်တင်ဘာ ၁၅ ရက်က မိုင်းပေါက်ကွဲပြီး ကားပါမီးလောင်းခဲ့တာကြောင့် လူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဂန့်ဂေါနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ကားက ၁၂ ဘီး အမျိုးအစားဖြစ်ပြီး ပိုင်ရှင် အုန်နာက ကလေးမြို့ကဖြစ်တယ် ၊ ကားပြင်ဖို့အတွက် ကလေးမြို့ကနေ မန္တလေးကို ကုန်မပါဘူး ခါလီနဲ့အသွား လမ်းဘေးထောင်ထားတဲ့ မိုင်းနင်းမိပြီး ပေါက်ကွဲပြီး မီးလောင်ခဲ့တာကြောင့် ကားမောင်းသမား နေရာမှာတင် သေသွားတယ် ” လို့ ဂန့်ဂေါမြောက်နယ် ထယ်လှော်ရွာခံ တစ်ယောက်က ပြောပါတယ်။   ဂန့်ဂေါမြို့နယ်မှာ ချင်းတိုင်းရင်းသားတွေ အများစု နေထိုင်တဲ့ စိုင်ဒူးရွာခံတစ်ယောက်ကလည်း ” သေဆုံးသွားတဲ့…

Read More

ကြံဈေးကောင်းပေမယ့် ကြံတောင်သူတွေလုပ်အားခရှုံးနေ

စက်တင်ဘာ ၁၆-၂၀၂၁ GH ( VOM )   အခုနှစ်၂၀၂၁ – ၂၀၂၂ ခုနှစ်ကြံစိုက်ရာသီမှာ ကြံတစ်တန်ကို အမြင့်ဆုံးစျေး ၅သောင်းကနေ ၅သောင်း၅ထောင် ကျပ်နဲ့ ဝယ်ယူသွားမယ်လို့ သကြားစက်ရုံတွေက တောင်သူတွေကို မနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ထပ်မံအသိပေးကြေညာလိုက်ပါတယ်။   ဒါပေမဲ့ ကြံတစ်တန် ၅၀၀၀၀၊ ၅၅၀၀၀ ကျပ်ဆိုတာ တောင်သူတွေအတွက် စရိတ်ကာမိရုံလောက်သာရှိနိုင်ကြောင်း၊ ဒီနှစ်မှာက စိုက်ပျိုးရေးသွင်းအားစုတွေဖြစ်တဲ့ မြေသြစာ၊ ပိုးသတ်ဆေး အပါအဝင် ဆေးတွေက အရင်နှစ်တွေထက် ထက်ဝက်နီးပါးစျေးနူန်းမြင့်တက်လာပြီး စိုက်ပျိုးစရိတ်ကြီးမြင့်တာကြောင့်ဖြစ်တယ်လို့ တောင်သူတွေကပြောပါတယ် ။   ” ဒီနှစ်ကြံတစ်တန်သာ ၅၀၀၀၀ ၊ ၅၅၀၀၀ ဆိုရင်တောင် အရင်နှစ် ၄၃၀၀၀ လောက်အဆင်ပြေပါ့မလား မပြောတတ်ဘူး ၊ အခုနှစ်က ဝယ်သုံးရတဲ့ စက်မောင်းဆီ၊ မြေဆီ၊ စက်ပစ္စည်းဖိုး၊…

Read More

ထီးလင်းမှာ သတင်းပေးသူလို့ နာမည်ထွက်နေသူ ၅ ဦးထက်မနည်း ၂၄ နာရီအတွင်း အသတ်ခံရ

စက်တင်ဘာ ၁၆ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် နဲ့ ဂန့်ဂေါမြို့နယ်ကြားက ကျေးရွာတွေမှာ သတင်းပေးလို့ နာမည်ထွက်နေတဲ့ ရွာခံ လူ ၅ ထက်မနည်း မနေ့ စက်တင်ဘာ ၁၅ ရက်ညပိုင်းက သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ထီးလင်းနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” သေနတ်နဲ့ ပစ်ခံရလို့ သေတယ်လို့ကြားရတာက ကန်စွန့်ထောင့်ရွာက ၁ ယောက် ၊ ညောင်ကန်ရွာက အမျိုးသမီး ၁ ယောက် နဲ့ အကြည်ဝါးဘင်းရွာက ၄ ယောက်လို့ ဒီမနက်မှာ ကြားရတယ် ” လို့ ထီးလင်းနယ်ခံ တစ်ယောက်က ပြောပါတယ်။   မနေ့ စက်တင်ဘာ ၁၅ ရက်ညပိုင်းက ထီးလင်းမြို့နယ် အကြည်ဝါးဘင်းကျေးရွာက…

Read More
VOM News

FREE
VIEW