ရေပြင်မြစ်တွင်းဝယ် ခူးဘယက်ဆင်ကာရယ်

ဆူးငှက်
မန္တလေးကား ဘုရင့်မင်းနေပြည်တော်ဖြစ်ခဲ့၏်။ မန္တလေးကို နေပြည်တော်အဖြစ် တည်ထောင်ကတည်းက၊ မြို့တည်နန်းတည် ခုနှစ်ဌာန၌ ကျုံးတော်၊ ရွှေမြို့တော်..ဟူသည်၊ နိုင်ငံနှင့်အဝှန်း အာဏာ ၃ရပ် တည်ရှိရာ အဓိကအမြင့်မားဆုံးနေရာဖြစ်သည်။
သက်ဦးဆံပိုင် ပဒေသရာဇ်နှင့်အတူ အာဏာ ၃ရပ်ကို ကိုင်စွဲထားသော မူးကြီးမတ်ရာ၊ စစ်သူကြီးသေနာပတိတို့၏ စိုးစံ၊ ရုံးစိုက်ရာဖြစ်သည်။ အာဏာ၏ အထွတ်အထိပ်ဖြစ်သော ရာဇပလ္လင်၉ရပ်ရှိသည့်
နန်းတော်ကြီးတွေနှင့်အတူ လွှတ်တော်ရုံးတော်လည်းရှိသည်။
ကိုယ့်အရှင်ကိုယ့်သခင်လက်ထက်တော်ကာလ အချိန်အခါတွင် မန္တလေး နန်းမြို့သည် တစ်တိုင်းတစ်ပြည်လုံး၏ အထွတ်အထိပ်၊ အမြင့်အမြတ်နေရာဖြစ်ပါ၏။
ဤကဲ့သို့ အရေးပါလှသောနေရာဌာနကို ဓာတ်တံခါး မိတ်တံခါး ၁၂၊ ထောင့်ပြကြီး ၄ ၊ ပြငယ် ၃၂ အပါအဝင် ၄၈ရပ်ပြာသာဒ်များနှင့် အုတ်မြစ် သံတောင် ၁တောင်၊ အုတ်ရိုးထု ၁တာ(၁၀ပေ)၊ အရပ် သူရဲခိုအထိ သံတောင် ၁၈တောင် (၂၇ပေ)အမြင့်ရှိ အုတ်မြို့ရိုးပတ်လည်တစ်လျှောက်တွင် မြို့ဥပစာ တာ ၂၀ ခန့် (၁၃၅ ပေခန့်)မလွတ်ထားပြီး တာ ၂၀ ကျယ်သော ရေကျုံးတော်ကြီးက လေးဘက်လေးတန် ပတ်ရံထားသည်။
စတင်တူးဖော်စဉ်ကပင် အနက်မှာလည်း တာနှစ်ဆယ်ရှိသည်ဟု
ရတနာနဒီမော်ကွန်း၌ စပ်ဆိုခဲ့၏။ “ ပတ်လျှောက်ရစ်ခြုံ၊ ခက်ဆစ်ကြုံလည်း၊ မြစ်တုံဇလုတ်၊ ရတိဝုတ်လျက်၊ ဥဿဘတစ်တွန်၊ နက်ကျယ်ဝှန်သည်၊ ရေပြွန်လွှတ်စွန့်၊မရည်သန်နှင့်…” ဟူလို..။ ဥဿဘတစ်တွန်ကို
တာနှစ်ဆယ်ဟု ကောက်ယူခဲ့ကြသည်။
ရှေးက ကျုံးတော်ကြီးအတွင်းသို့ ရတနာနဒီမှရသွင်းယူခဲ့သည်။
“ ရတနာနဒီ ” ကို သက္ကရာဇ် ၁၂၂၄ ခုနှစ်တွင် မတ္တရာမြစ်မှ ဖောက်လုပ် သွယ်ယူခဲ့သည်။ ရှေ့ဝင်မှုးသူရဲဝန်ကြီး သမိန်ဘေပြစ်ဇကို အကြီးအမှုးခန့်၍ ငစဉ့်ကူးမြို့နယ် မတ္တရာမြစ်အထက် ၁၂ မိုင်ကွာ နာဂရာဇ်မြစ်မှ
ဖရွှမြို့တော်အရောက် တူးဖာက်စေခဲ့ခြင်းဖြစ်သည်။
“ ရတနာနဒီ ” သည် ရှေးက ရေကောင်း ရေရှင်များဖြင့် သာယာ၏။ ကရဝိက်ဖောင်၊ သဗ္ဗာန်တော်၊ လှေတော်များဖြင့် တင့်တယ်သည့်
လှေပွဲသဘင်များပင် ဆင်ယင်၏။ ကျုံးသို့လည်း ရေပေးသွင်းသည်။ မြို့တွင်းမြို့ပြင်များသို့လည်း ရေကောင်းရေသန့်များ ပေးသွင်းနိုင်ခဲ့သည်။
ရှေးကတော့ သည်ကျုံးတော်ကြီးအတွင်းမှာ ဘဝရှင်မင်းတရားကြီးသည် အရှင်နန်းမတော် မိဖုရားခေါင်ကြီးနှင့်တကွ မင်းမိဖုရား၊ မင်းညီမင်းသား၊မောင်းမမိဿံအပေါင်းခြံရံ၍ ရွှေနန်းတော်၊ မြနန်းပြသာဒ်မုခ်ဦးမှထွက်ခွာကာ အရှေ့မျက်နှာဦးထိပ် တံခါးပြင် စံနန်းတော်ရောက်၊ ထိုမှရှေ့ခြောက်တပ်၊ နောက်ခြောက်တပ်ခင်းကျင်း၍ ဆင်တော်ပေါ် ခြေဖဝါးတော်တင်…၊ မိဖုရားခေါင်ကြီးဖုရားက ရထားတော်နှင့် ထွက်တော်မူပြီး
ပွဲသဘင်တို့ခမ်းနားစွာ ဆင်ယင်သည်ကို ရှုစားတော်မူပြီး ကျုံးတော်တွင်း၌ ရေခင်းသဘင်ဆင်ယင်တော်မူသည်ဟု ဆို၏။
ကျုံးတော်အတွင်းတွင် သင်္ဘောတော်၊ သမ္ဗာန်တော်၊ လှော်ကားတော်၊
ခတ်လှေတော်၊ လှော်လှေတော်၊ ရဲလှေတော်များက နရည်းစရာစသော တီးမှုတ်မျိုး တို့ကို တစ်ပြိုင်နက်တီးမှုတ်စေပြီး ကရဝိက်ဖောင်တော်ကို လှော်လှေတော်ရှစ်စင်းဆွဲ၍ ကြည်းတပ်၊ ရေတပ်ခြိမ့်ခြိမ့်မွှမ်းမျှ ရွှေမြို့တော်ကြီးအား လကျ်ာရစ်လှည့် တာ်မူသည်ဆို၏။
“ရေသင်ဖြူးခင်း၊ တော်သလင်းကို
မြစ်တွင်းပြည့်နှက်၊ ဂဠုန်ငှက်ကဲ့သို့
ရွှေတက်ကယ် မှောက်ချီ ရွှေရေသီနှင့်
ညီညာစုံလင်၊ လှပွဲတော်ဆင်ကြတယ်၊
မြစ်ပြင်မှာရေသာကြောင်းက၊ စည်မောင်းရွမ်း”
‘လတော်သလင်းမြစ်ရေ သင်းဖြူခင်း’သမို့ မန္တ္တလေးအနီးဝန်းကျင် လက်တစ်ကမ်းမှာပင် ကျေးလက်လူမှုစရိုက် မပျက်သေးလို့ ရွှေကြက်ယက်လှေဦးတိုက်လှပြိုင်ပွဲကျင်းပတာမျိုးရှိသည်။
ရိုးရာအစဉ်အလာကို မပျက်မယွင်းစေလိုလို့ စတိကျင်းပသည့်သဘော…။ မည်သို့ဆိုစေ၊ ယဉ်ကျေးမှုပေါင်းစုံ စုပြုံ ဖိစီးမှုများကြားမှ သည်နေပူပူမှာ ဧရာဝတီထဲ လှော်တက်တွေ မှောက်လိုက်ကြပြန်၏။
ရတနာပုံနေပြည်တော်ခေတ်ကမူ ‘ရေခင်းတော်’တဲ့။
သက္ကရာဇ် ၁၂၄၃ခု၊ တပေါင်းလပြည့်ကျော် ၄ ရက်နေ့၊ မန္တလေးရတနာပုံရွှေမြို့တော် မြို့သိမ်းအခမ်းအနားတွင် ရွှေမြို့တော်၏ ကျုံးတော်အတွင်း ခင်းကျင်းသော ရေခင်းတော်မှာ
– လှော်လှေတော် ၈ စင်းဆွဲ ကရဝိက် ရွှဖောင်တော် ( မင်းနှင့် မိဖုရား )
– လှော်ကားတော်၊
– ခတ်လှေတော်၊
– လှော်လှေတော်၊
– ရဲလှေတော်၊
– သင်္ဘောတော်၊
– သမ္ဗာန်တော်၊
မင်းညီမင်းသား မှူးတော်မတ်တော်တို့ စီးနင်းသည့်လှော်ကားတော်များနှင့် နရည်းစရာ စသော တီးမှုတ်မျိုးကို တပြိုင်နက် တီးမှုတ်စေခဲ့သတဲ့။
သက္ကရာဇ် ၁၂၄၅ ခုနှစ်တာ်သလင်းလဆန်း ၁၁ရက်နေ့တွင် ရတနာပုံနေပြည်တော် ဧရာဝတီမြစ်ဆိပ်၌ ကျင်းပသော ရေသဘင်ပွဲတော်မှာတော့ ဝက်မစွပ်ဝန်ထောက်မင်းက ကြီးကြပ်သူဖြစ်ပြီး
– ရှေ့ဖျားလှေများ
– လက်ရွေးကြီး၊ လက်သစ်၊ လှော်ကားတော်ကြီး ၂စင်း
– ပြည်လုံးအံ့၊ ရွေးကြီး၊
– လှော်ကားတော် ၁၂စင်း၊
– ပုလိပ်ရွှေခဲ၊ အစေခံတောင်လုံး၊ ပွဲတိုင်းကျော်၊ ထွက်တိုင်းရ၊ အပါအဝင်လှော်လှေတော် ၂၂စင်း၊
– ရွှေတုံး၊ မင်းစံ၊ တောင်လုံးမှိုင်း၊ ရွှေလောင်းကြီး၊ ယင်ပုံ၊ မင်္ဂလာရန်နှင်း၊ ခိုတောင်ရွှေခဲ အပါအဝင် ခတ်လှေတော် ၂၈ စင်း၊
– သုံးလူ့တောက်ပ၊ သုံးလူ့ပူဇော်စသော လောင်းတော် ၂၉ စင်း၊
– သေနတ်အစုအမှုထမ်း ရဲလှေ ၄၅ စင်း၊
– ပင်လယ်သွား စကြာယဉ်ပျံသင်္ဘောတော်၊
– ဧရာဝတီသွား ရတနာယဉ်သာ၊ ရတနာယဉ်ပျံ၊ စကြာရန်လွှင့် စသော သင်္ဘောတော် ၂၂ စင်းတို့နှင့် ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့သတဲ့။
ဤသို့သော အစဉ်အလာများ ကိုင်းလူတို့ သတိတရ မမေ့သင့် မမေ့အပ်သောငှာ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းက “ရေခင်းတော်”
သီချင်းမှာ “တိုင်းပြန်ပြေ လှိုင်းလေငြိမ်လို့ရှင်းတာ်သလင်း ကန်ရာသီအခါဝယ် ဧရာရေယဉ်ကျူး သင်ဖြူး ငွေရောင်ခြယ် အာဒိစ္စ ဝံသနတ်နေနွယ်၊ မြန်မာမင်းအဆက်ဆက် လက်ထက်တော်အခါဝယ်၊
အာကာသ ဂင်္ဂါရေယဉ်ဖြာသွယ် ၊ မန္ဒကီကာင်းကင်နတ်မြစ်တွင်းဝယ် သိကြားဖန်ဆင်း ရေခင်းတော်ဝယ်၊ ရေကြောင်း လှလောင်း ရွေပေါင်းတင့်တယ် ပျော်စံပယ်.. ” ဟု ဖွဲ့နွဲ့ခဲ့သည်။
ရေခင်းတော်မှာ ပါဝင်ဆင်နွှဲကြသူတွေကိုလည်း စပ်ဆိုထားပုံကလည်း
“ လှတော်သားများ သားနားတင့်တယ် ရေပြင်မြစ်တွင်းဝယ် ခြူးဘယက်ဆင်ကာရယ် ပုဆိုးနီနီ လက်ကျပ်အင်္ကျီ ငွေရောင်တဖိတ်ဖိတ် ရေရိပ်ရေအောက် ရွှေခမောက်နဲ့ နေရောင်ပနံခြယ်..”တဲ့လေ။ အားတက်လွမ်းမောစရာ။
#voiceofmyanmar #VOM #ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW