ရထားပေါ်က ပစ်ခတ်နိုင်တဲ့ ဒုံးပျံစနစ် မြောက်ကိုရီးယား စမ်းသပ်အောင်မြင်

ပြုံးယမ်း၊ စက်တင်ဘာ-၁၆-၂၀၂၁
မျိုးဆက် (VOM)
 
မြောက်ကိုရီးယားဟာ စက်တင်ဘာ ၁၅ ရက်ကပစ်လွှတ်လိုက်တဲ့ ဒုံးပျံတွေဟာ မီးရထားနဲ့သယ်ဆောင်ပစ်ခတ်နိုင်တဲ့ ဒုံးပျံစနစ်ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
အဲဒီဒုံးပျံတွေဟာ မြောက်ကိုရီးယားအရှေ့ကမ်းရိုးတန်းရှိ ပစ်မှတ်ကိုမထိမှန်ခင်မှာ ကီလိုမီတာ ၈၀၀ ကျော်ပျံသန်းခဲ့တယ်လိ်ု့ ကေစီအင်န်အေသတင်းဌာနက ဆိုပါတယ်။
 
မြောက်ကိုရီးယားက ဒုံးပျံစမ်းသပ်ပစ်ခတ်သည့်နေ့မှာဘဲ တောင်ကိုရီးယားကလည်း ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
 
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံစလုံးဟာ ပိုမိုစွမ်းဆောင်ရည်ကောင်းသော ဒုံးပျံတွေနဲ့ အခြားလက်နက်တွေသစ်များကို ထုတ်ဖော်စမ်းသပ်ခဲ့ပြီး သူတို့ရဲ့ လက်နက်အားပြိုင်ပွဲဟာ ပိုမိုပြင်းထန်လာနေပါတယ်။
 
မြောက်ကိုရီးယားရဲ့ ဒုံးပျံစမ်းသပ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုနဲ့ စိုးရိမ်ပူပန်မှုတွေလည်းထွက်ပေါ်နေပြီး ဒါဟာကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မြောက်ကိုရီးယားက ချိုးဖောက်တာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေကိုကိုလည်း ခြိမ်းခြောက်တဲ့လုပ်ရပ်လို့ အမေရိကန်က ထုတ်ဖော်ပြောဆိုထားပါတယ်။
 
Ref : CNA
Photo:KCNA
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW