အာဖဂန် အမျိုးသမီးဘောလုံးအသင်း ကစားသမားတွေနဲ့ မိသားစု၀င်တွေ ပါကစ္စတန်ကို ထွက်ပြေး

ကဘူး၊ စက်တင်ဘာ-၁၆-၂၀၂၁
မျိုးဆက် (VOM)
 
အာဖဂန်နစ္စတန်ကို တာလီဘန်အဖွဲ့က ထိန်းချုပ်လိုက်ပြီးနောက် အာဖဂန် အငယ်တန်း အမျိုးသမီးဘောလုံးအသင်းဟာ နယ်စပ်ကိုဖြတ်ပြီး ပါကစ္စတန်ကို ထွက်ပြေးခဲ့ပါတယ်။
 
တာလီဘန်တွေဟာ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကို ဖိနှိပ်မှာကို စိုးရိမ်တဲ့အတွက် အသင်းက အမျိုးသမီးကစားသမားတွေဟာ ပြီးခဲ့တဲ့လကစပြီး ပုန်းအောင်းနေခဲ့ကြတာဖြစ်ပါတယ်။
 
သူတို့ဟာ ကဘူးကနေ ပြီးခဲ့တဲ့လက ထွက်ခွာခဲ့ပေမယ့်လည်း ပတ်စ်ပို့နဲ့ အခြားစာရွက်စာတမ်း အထောက်အထားတွေမရှိတာကြောင့် ပါကစ္စတန်ကိုမရောက်နိုင်ဘဲ သောင်တင်နေခဲ့ပါတယ်။
 
နောက်ဆုံးမှာတော့ ပါကစ္စတန်မှာရှိတဲ့ Football for Peace အဖွဲ့ရဲ့ ကူညီမှုကြောင့် အာဖဂန်အမျိုးသမီးဘောလုံးအသင်းက ကစားသမား ၃၂ ဦးနဲ့ သူတို့ရဲ့မိသားစု၀င်တွေဟာ ပါကစ္စတန်ပြည်၀င်ခွင့်ရရှိခဲ့ပါတယ်။
 
လက်ရှိရောက်လာတဲ့ စုစုပေါင်း လူဦးရေ ၈၁ ဦးကို လာဟိုးမြို့ရှိ ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်မှာ နေရာချထားမှာဖြစ်ပြီး ကျန် ၃၄ ဦးကတော့ စက်တင်ဘာ ၁၆ ရက်မှာ ရောက်ရှိမယ်လို့ အဖွဲ့တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
 
Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ကဘူး

Related posts

✕
VOM News

FREE
VIEW