ရခိုင်က စစ်ဘေးရှောင်တွေအတွက် အစာအဟာရနဲ့ ဆေးဝါးတွေလိုအပ်နေ

စက်တင်ဘာ ၁၇- ၂၀၂၁
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ရေး ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းမှာ နတဲ့ စစ်ရှောင်တွေဟာ အစာအဟာရနဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီထဲမှာ မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တွေဟာ အစားအစာတွေမလုံလောက်ကြောင်းနဲ့ စစ်ဘေးရှောင်ကလေးငယ်တွေအတွက်လည်း အဟာရအပြည့်အဝမရဘဲ ကျန်းမာရေးထိခိုက်မှုတွေ ရှိနေတယ်လို့ ပြောကြပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ကို နစက ကောင်စီအစိုးရလက်အောက်ရှိ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စစ်ဘေးရှောင်တွေအတွက် ဆန်ရိက္ခာတစ်ခုတည်းကို (၂) လတစ်ကြိမ်ထောက်ပံ့ပေးနေကြောင်းနဲ့ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ကတော့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊သကြားတို့ကိုသာ လစဉ်ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေပေးဖို့လိုအပ်နေပြီး ကလေးတွေအတွက်လည်း အဟာရဖြစ်စေမယ့် အစားအသောက်တွေကို ကူညီထောက်ပံ့ပေးစေလိုတယ်လို့ စစ်ဘေးရှောင်တွေက တောင်းဆိုနေကြပါတယ်။

#voiceofmyanmar #VOM #ရခိုင် #စစ်ဘေးရှောင်

Youtube Link -https://youtu.be/83W3SHfqbZU

Related posts

Leave a Comment

VOM News

FREE
VIEW