ကလေးနယ် လက်ပံခုံကျေးရွာမှာ ပစ်ခတ်မှုတွေဖြစ်လို့ အရပ်သား ၂ ဦးသေဆုံး

စက်တင်ဘာ ၊ ၁၉ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ လက်ပံခုံကျေးရွာမှာ မနေ့ စက်တင်ဘာ ၁၈ ရက်က ပစ်ခတ်မှုတွေဖြစ်ပြီး အရပ်သား ၂ ဦး ကျည်ဆံမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” လက်ပံခုံလို့လည်း ခေါ်ကြသလို ၊ စည်ပင်ကြီးလို့ခေါ်တယ် ၁၇ ရက်နေ့က သတင်းပေးသူလို့ နာမည်ထွက်နေတဲ့ အမျိုးသမီး ၁ ယောက် သတ်ခံရတာရှိတယ် ၊ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး မနေ့ စက်တင်ဘာ ၁၈ က ရွာကို ရဲနဲ့ စစ်သားတွေရောက်လာတယ် ၊ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး နာမည်မသိရသေးတဲ့ အရပ်သား လူ ၂ ယောက် သေနတ်မှန်ပြီး သေတာ ” လို့ ရွာခံတစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် သေဆုံးသူ ၂ ဦးကို မနေ့ စက်တင်ဘာ ၁၈ရက်နေ့က ဒိုးဝိုင်းချောင်းသုဿန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကလေးမြို့နယ်ရဲ့ အနောက်မြောက်ပိုင်းက ရွာတချို့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ နဲ့ သတင်းပေးလို့အမည်ထွက်နေသူ တချို့ အသတ်ခံရတာတွေ ဖြစ်ခဲ့ပါသေးတယ်။
 
# voiceofmyanmar #VOM #ကလေး

Related posts

Leave a Comment

VOM News

FREE
VIEW