မြင်းခြံမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက် လူ ၉ ဦးထက်မနည်း ထပ်မံဖမ်းဆီးခံရ

စက်တင်ဘာ ၂၀-၂၀၂၁ GH ( VOM) မြင်းခြံမြို့နယ်မှာ စက်တင်ဘာ ၁၈ရက်နေ့က ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက် မနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ လူ ၉ ဦးထက်မနည်း ထပ်မံဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြင်းခြံဒေသခံတစ်ဦးက” စက်တင်ဘာလ ၁၈ ရက်နေ့ညပိုင်းနဲ့ စက်တင်ဘာ ၁၉ရက် မနက်ပိုင်းမှာ မြင်းခြံ အမှတ်၁ရဲစခန်း အပါအဝင် နေရာအချို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်၊ ပြီးတော့ သေနတ်ပစ်သံတွေကြားရတယ်။ တနေ့ကလည်း ကျောင်းနားမှာပေါက်သေးတယ်။ ဒီနေ့ ကျနော်သိတာတင် ၅ ယောက်ရှိတယ် ၊ ရွာတွေကလည်းပါတယ်။ မြို့ပေါ်ကဆို မိတ်ကပ်ပြင်သူတောင်ပါတယ်သိရတယ်။ မြင်းခြံမှာက အရင်ရက်တွေထဲကစစ်ဆေးရေးတွေကြပ်တယ်။ ဝင်ရောက်စစ်ဆေးတာတွေလဲရှိတယ်၊ ဘာလို့ဖမ်းတာလဲဆိုတာတော့ ကျနော်တို့လည်း သေချာမသိဘူး”လို့ ပြောပါတယ်။ မြင်းခြံမြို့နယ်၊ နတ်ထားရွာက ၂ဦး ၊ ဒိုဘီကုန်းက၂ဦး ၊ ကားကွင်းတိုက်တန်းက ၂ ဦး နဲ့…

Read More

အရောင်းအဝယ်ကျဆင်းလာတဲ့ ညောင်ဦးမြို့က နှစ်ပေါင်း (၆၀) ကျော်ကြာ ပုန်းရည်ကြီးလုပ်ငန်း

စက်တင်ဘာ ၂၀-၂၀၂၁ ထွန်းတောက်(VOM) မန္တလေးတိုင်း၊ ညောင်ဦးမြို့မှာ ပုန်းရည်ကြီးလုပ်ငန်းကို လွန်ခဲ့တဲ့နှစ်ပေါင်း (၆၀) ဝန်းကျင်ကတည်းက မိရိုးဖလာလုပ်ငန်းတခုလို လုပ်ကိုင်လာခဲ့ကြတာဖြစ်ပါတယ်။ အခုလိုလုပ်ကိုင်တဲ့နေရာမှာ မြန်မာနိုင်ငံအနှံအပြားကို ကျယ်ကျယ်ပြန့်ပြန့်တင်ပို့ရောင်းချနေတဲ့ လုပ်ငန်းကြီးတွေလည်းရှိနေသလို တပိုင်တနိုင်လုပ်ကိုင်သူတွေလည်း ရှိနေပါတယ်၊ ပုဂံညောင်ဦးဒေသဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် အများအပြားလာရောက်တဲ့ဒေသတခုဖြစ်သလို ပွင့်လင်းရာသီတွေမှာ ရက်ရှည်ဘုရားပွဲတော်တွေလည်း ပြုလုပ်နေကျဖြစ်ပါတယ်။ တပိုင်တနိုင် ပုန်းရည်ကြီးလုပ်ကိုင်သူတွေအနေနဲ့ အခုလိုပွဲတော်ရက်တွေနဲ့ခရီးသွားဧည့်သည်တွေကို အဓိကအားထားရောင်း‌ချနေကြတာလည်းဖြစ်ပါတယ်။ အခုလိုရောင်းချနေကြတဲ့နေရာမှာ ကိုဗစ် ပထမလှိုင်းစတင်ဖြစ်ပွားလာချိန်ကတည်းက ဘုရားပွဲတော်တွေလည်း ကျင်းပနိုင်ခြင်းမရှိတော့သလို ခရီးသွားဧည့်သည်လာရောက်မှုတွေနည်းပါးသွားပြီး အရောင်းအဝယ်တွေကျဆင်းခဲ့ပေမယ့် လုပ်ငန်းရပ်နားရတဲ့အထိမဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိ ကိုဗစ်တတိယလှိုင်းနဲ့ နိုင်ငံရေးအကျပ်အတည်းကာလမှာ လုပ်ငန်းတွေရပ်နားလိုက်ရတာဖြစ်တယ်လို့ တပိုင်တနိုင်လုပ်ငန်းရှင် တဦးကပြောပါတယ်။ လုပ်ငန်းကြီးသမားတွေအနေနဲ့လည်း လက်ရှိအချိန်မှာ အရောင်းအဝယ်တွေ (၆၀) ရာခိုင်နှုန်းလောက်အထိကျဆင်းခဲ့ပြီး နယ်ဝယ်လက်အနည်းငယ်နဲ့ အလုပ်သမားတွေအလုပ်ရရှိရေးအတွက်ကိုသာ လည်ပတ်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။ ပုဂံ‌၊ ညောင်ဦးဒေသမှာရှိတဲ့ စီးပွားရေးလုပ်ငန်းအများစုဟာ ခရီးသွားလုပ်ငန်းကို အမှီပြုပြီးလုပ်ကိုင်နေကြရတာဖြစ်ပြီး အခုလိုလုပ်ငန်းတွေ အကျပ်အတည်းဖြစ်နေချိန်မှာ ပြောင်းလဲလုပ်ကိုင်ဖို့အတွက်…

Read More

မြောက်ဥက္ကလာမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးနောက်ပိုင်း လူငယ်အချို့ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၁၉-၂၀၂၁ KK(VOM)   ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမှာ အခုရက်ပိုင်း ဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်လာပြီးနောက်ပိုင်းမှာ လူငယ်အချို့ ဖမ်းဆီးခံရတာတွေ ရှိလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။   ” မနေ့ စက်တင်ဘာ ၁၈ရက်က ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ ဗုံးပေါက်ကွဲမှုတွေ၊ မပေါက်သေးတဲ့လက်လုပ်မိုင်းတွေ တွေ့ရှိပြီး မြောက်ဥက္ကလာပမြို့နယ်မှာ လည်း ည ၈နာရီအချိန်ကစတင်ကာ ဗုံးသုံးလုံးပေါက်ခဲ့ပြီးနောက်ပိုင်း လူငယ်အချို့ဖမ်းဆီးခံခဲ့ရတယ်၊ မသင်္ကာလို့ စစ်တပ်နဲ့ရဲနဲ့က အိမ်ကိုဝင်စစ်တယ်၊ ပိုက်လုံးတွေတွေ့လို့ဆိုပြီး ရိုက်နှက်ပြီး ဖမ်းသွားတယ်၊ အိမ်ရှေ့မှာ ကလေးတွေကဖုန်းဆော့နေတာ”လို့ (ဈ)ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။   မြောက်ဥက္ကလာပမြို့နယ်၊ (စျ) ရပ်ကွက်၊ စက္ကဝတ် ၄ လမ်းမှာ ဂိမ်းထိုင်ဆော့နေတဲ့ လူငယ်၅ဦးကို မနေ့ စက်တင်ဘာ ည၈နာရီက ဗုံးပေါက်ကွဲပြီးနောက်ပိုင်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။   (ဆ)ရပ်ကွက်နေသူတစ်ဦးကလည်း “ဒီကနေ့ မနက် ၇နာရီကလည်း…

Read More

ဖမ်းဆီးခံရပြီးမှ ပြန်လွတ်လာတဲ့ အမျိုးသားတစ်ဦး ဒဏ်ရာတွေနဲ့အတူသေဆုံးနေ

စက်တင်ဘာ ၁၉-၂၀၂၁ GH (VOM )   ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ ဖမ်းဆီးခံရပြီး မကြာခင်ကမှ ပြန်လွတ်လာတဲ့ အမျိုးသားတစ်ဦး ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဒီကနေ့မနက်ပိုင်းက တွေ့ရှိရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြိး မျက်မြင်တွေ့ရှိသူတစ်ဦးက “ ဒီကနေ့မနက် ၁၀ နာရီခွဲလောက်မှာ ဘုန်းကြီးကျောင်းဝင်းထဲက လယ်ထဲမှာပဲ ပက်လက်အနေအထားနဲ့တွေ့တယ်၊ လည်ပင်းမှာ လှီးထားတဲ့ဒဏ်ရာတွေ့တယ်။ ခေါင်း နောက်ဘက်မှာလည်း ဒဏ်ရာတွေ့တယ်။သုဿာန်ဘက်သွားကြည့်တော့ အဲ့ဒီမှာလည်းကြိုးဆွဲချထားတဲ့အနေအထားတွေ့ရတယ်။ကြိုးပြတ်နေတာလည်းတွေ့တယ်၊ ဒါကြောင့် သူ့ဘာသာသတ်သေတယ်လို့တော့ အားလုံးကထင်ကြတယ် “လို့ပြောပါတယ်။   သေဆုံးသူကအမျိုးသားဟာ ပေါင်းတည်မြို့ ၊ ဘွဲ့ပင်ကန်ရပ်ကွက်မှတ်တိုင်လမ်းမှာနေထိုင်သူ အသက် ၅၀ နှစ်အရွယ် တိုးကြီးဆိုသူဖြစ်တယ်လို့ သိရပါတယ်။   ကိုတိုးကြီး နဲ့ သားဖြစ်သူကို စစ်တပ်က ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခဲ့ပြီး မကြာသေးခင်ကမှ ကိုတိုးကြီးတယောက်ထဲကို ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။…

Read More

ရန်ကုန်-မန္တလေး အမှတ် ၁၂ ရထားသွားနေချိန် ပေါက်ကွဲမှုဖြစ်လို့ ခရီးသည်တွေကို ကားနဲ့တဆင့်ပို့ခဲ့ရ

စက်တင်ဘာ ၁၉ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ရန်ကုန်-မန္တလေး ခရီးသည် အမြန်ရထားတစီးဖြတ်သန်းနေချိန် ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး မိုင်းထိမှန်တဲ့အတွက်ကြောင့် ရထားမထွက်တော့ဘဲ ရထားပေါ်က ခရီးသည်တွေကို ကားနဲ့တဆင့်ပို့ဆောင်ပေးခဲ့ရတယ်လို့ မီးရထားအသိုင်းအဝိုင်းကနေ သိရပါတယ်။   အဲ့ဒီ မိုင်းထိမှန်တဲ့ရထားဟာ မနေ့ စက်တင်ဘာ ၁၈ ရက်နေ့က ရန်ကုန်ကနေ မန္တလေးကို ထွက်ခွာလာခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ စဥ့်ကိုင်မြို့ ၊ ပတ္တာကျေးရွာ အနီးမိုင်တိုင်အမှတ် ၃၆၅/ ၄ နဲ့ ၅ အကြားနေရာမှာ ပေါက်ကွဲမှုဖြစ်ပြီး မိုင်းထိမှန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။   ” ရထားခရီးစဥ်က အမှတ် ၁၂ အဆန် အမြန်ရထားဖြစ်ပါတယ် ၊ မိုင်းထိမှန်တာကြောင့် ရထားအရှေ့ပိုင်းက ဘန်ပါ ပျက်စီးတယ် ၊ ရထားစက်ခေါင်းမောင်း စက်ဗိုလ်လည်း ထိမှန် ဒဏ်ရာရတယ် ၊ ဒဏ်ရာက…

Read More

ကော့မှူးမြို့နယ် ရှာဘွားကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရ

ရန်ကုန်၊စက်တင်ဘာ ၁၉၊၂၀၂၁ KK(VOM)   ကော့မှူးမြို့နယ် ရှာဘွားကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိလူသုံးဦးက ဒီကနေ့မနက်ပိုင်းမှာပဲ နေအိမ်ထဲဝင်ပြီး သေနတ်နဲ့လာပစ်ခဲ့လို့ ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဒေသခံတစ်ဦးက ” နေအိမ်ထဲဝင်ပြီး သေနတ်နဲ့ပစ်တာ သုံးချက်၊ နေရာကတော့အစုံပဲ ကျိုက်ထော်တိုက်နယ်ဆေးရုံမှာတင်ထားရတယ်၊ အခြေအနေက စိုးရိမ်ရတယ်”လို့ ပြောပါတယ်။   သေနတ်နဲ့ပစ်ခတ်ခံရသူဟာ ရှာဘွားကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်အောင် ဖြစ်ပြီး လက်တလော ဒဏ်ရာအခြေအနေမှာစိုးရိမ်ရလို့ ရန်ကုန်ဆေးရုံကြီးသို့လွဲပြောင်းကုသမှုခံယူနေတယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။   ပြီးခဲ့တဲ့လပိုင်းကလည်း ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာမှာ ရာအိမ်မှူးတစ်ဦးကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဆေးကုသမှုခံယူခဲ့ရတဲ့ ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။   # voiceofmyanmar #VOM #ကော့မှူး

Read More

မုံရွာ မြန်မာ့စီးပွားရေးဘဏ်တာဝန်ကျ ရဲ ၁ ဦး လက်နက် ခဲယမ်းတွေနဲ့အတူ ပျောက်ဆုံးနေ

စက်တင်ဘာ ၊ ၁၉ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ အောင်မင်္ဂလာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းနဲ့ အရင်မြို့ပတ်လမ်းဟောင်း လမ်းဆုံ နေရာမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ရုံးတာဝန်ကျ ရဲ ၁ ဦးဟာ ဒီကနေ့ မနက်အစောပိုင်းက လက်နက်ခဲယမ်းတွေနဲ့အတူ ပျောက်ဆုံးနေတယ်လို့ ဘဏ်အသိုင်းအဝိုင်းကနေ သိရပါတယ်။   ” ပျောက်နေတဲ့ ရဲက လုံခြုံရေးရဲတပ်ဖွဲ့ အမှတ် ၂၈ က ဘဏ်တာဝန်ကျနေတဲ့သူဖြစ်တယ် ၊ မနက်လင်းမှ သိရတာ ဘယ်အချိန်ကစပြီး ပျောက်နေတယ်ဆိုတာ မသိရသေးဘူး ၊ မုံရွာမှာက ည ၈ ၊ မနက် ၄ မထွက်ရ အမိန့်ရှိတယ်ဆိုတော့ ဒီမနက် ၄ နာရီ နောက်ပိုင်း ပျောက်တာဖြစ်မယ် ” လို့ ဘဏ်နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။…

Read More

ပဲခူးက လျှပ်စစ်ဆိုင်ပိုင်ရှင် သားအဖ အသတ်ခံရကိစ္စနဲ့ အလုပ်သမား၃ ဦးနဲ့ဆက်နွယ်သူတွေကို သံသယနဲ့ဖမ်း

ပဲခူး၊စက်တင်ဘာ ၁၉-၂၀၂၁ KK(VOM)   ပဲခူးမြို့နယ် မဇင်းရပ်ကွက်က၊ လွင် (လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နဲ့ Rubyကားအလှဆင်လုပ်ငန်း)မှ ပိုင်ရှင်သားအဖနှစ်ဦးအသတ်ခံရတာနဲ့ပတ်သက်ပြီး အလုပ်သမားသုံးဦးနဲ့ ဆက်နွယ်သူတွေကို သံသယနဲ့ဖမ်း ဆီးထားတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။   ပဲခူးမြို့နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ ညပိုင်းက လွင်(လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နှင့် Rubyကားအလှ ဆင်လုပ်ငန်း)ပိုင်ရှင် မိသားစုဟာ ဆိုင်ပိတ်ပြီး မဇင်းရပ်ကွက် ဒိုဘီတန်းရှိ နေအိမ်ကိုပြန်လာချိန် ပိုင်ရှင်ဖြစ်သူဦးဘိုဘိုလွင်နဲ့ သားဖြစ်သူမောင်နောင်ထွန်းလွင်တို့နှစ်ဦးကို ဆိုင်အလုပ်သမားသုံးဦးက ရိုက်နှက်ထိုးကြိတ်ခဲ့လို့ သေဆုံးသွားတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။   “ကောင်လေးက အရင်သေတာ အဖေဖြစ်သူက ဓားဒဏ်ရာနဲ့ဆေးရုံကိုအသွား လမ်းမှာသေတာ၊ မနေ့က သားအဖနှစ်ယောက် အသုဘချတာ တရားခံသုံးယောက်မိထားတယ်လို့တော့ ကြားတယ်”လို့ ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။   ဓားနဲ့ထိုးခဲ့တဲ့လူငယ်(၃)ဦးကို သေဆုံးသွားတဲ့ ကိုဘိုဘိုလွင်က ပစွည်းအတင်အချလုပ်ဖို့ ခေါ်ထားတာဖြစ်ပြီး လူသတ်မှုမဖြစ်ခင် သုံးရက်က အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ဆူပူဆဲဆိုခဲ့တာလည်း ရှိတယ်လို့…

Read More

ကလေးနယ် လက်ပံခုံကျေးရွာမှာ ပစ်ခတ်မှုတွေဖြစ်လို့ အရပ်သား ၂ ဦးသေဆုံး

စက်တင်ဘာ ၊ ၁၉ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ လက်ပံခုံကျေးရွာမှာ မနေ့ စက်တင်ဘာ ၁၈ ရက်က ပစ်ခတ်မှုတွေဖြစ်ပြီး အရပ်သား ၂ ဦး ကျည်ဆံမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” လက်ပံခုံလို့လည်း ခေါ်ကြသလို ၊ စည်ပင်ကြီးလို့ခေါ်တယ် ၁၇ ရက်နေ့က သတင်းပေးသူလို့ နာမည်ထွက်နေတဲ့ အမျိုးသမီး ၁ ယောက် သတ်ခံရတာရှိတယ် ၊ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး မနေ့ စက်တင်ဘာ ၁၈ က ရွာကို ရဲနဲ့ စစ်သားတွေရောက်လာတယ် ၊ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး နာမည်မသိရသေးတဲ့ အရပ်သား လူ ၂ ယောက် သေနတ်မှန်ပြီး သေတာ ”…

Read More

မန္တလေးရောက်လျှင် ဘယ်နှပြ လမ်းလျှောက်ကြမလဲ

ဆူးငှက် ရတနာပုံမြို့တည် နန်းတည် သတ္တဌာနမှာပါဝင်သည့် ကျုံးမြို့ရိုး အပါအဝင်၄၈ ရပ်သော ပြာသာဒ်များကား မန္တလေးမြို့၏ ထင်ရှားသော အမှတ်အသားဖြစ်ပါ၏။ ကျုံးမြို့ရိုးနှင့် ၄၈ ရပ်ပြာသာဒ်များတွင် ဓာတ်တံခါး၊ မိတ်တံခါးများဖြင့် ခွဲထားသည်။ အဆိုပါ တံခါးပြာသာဒ်များ ကြားတွင်လည်း ပြအိုးပြသာဒ်များရှိသေးသည်။ ထို့ကြောင့် ရွှေမြို့တော်ကြီး လေးဘက်လေးတန်တွင် ဓာတ်တံခါးကြီး ၄ပေါက်၊ မိတ်တံခါး ၈ပေါက်၊ ပြအိုးပြာသာဒ် ၃၂ဆောင်၊ ထောင့်ပြာသာဒ် ၄ဆောင် စုစုပေါင်း ၄၈ရပ်ပြာသာဒ် အဆောင်ပေါင်းရှိသည်။ တစ်ဖက်မှာ အရှည် တာ ၆၀၀ (၁မိုင်၂ဖာလုံ၅၅ကိုက်) ရှိပြီး၊ အမြင့် ၂၇ပေ၊ ထု ၁၀ ပေရှိသော အုတ်မြို့ရိုးကြီး၏ အလယ်ခေါင်တည့်တည့်က ဓာတ်တံခါးဖြစ်သည်။ ပြာသာဒ်က ဘုံခုနှစ်ဆင့်ရှိသည်။ ၄ မျက်နှာမှာ ဓာတ်တံခါးက ၄ပေါက်ရှိသည်။ အရှေ့ဖက်မှာ ဦးထိပ်တံခါး၊ တောင်ဖက်မှာ ကျော်မိုးတံခါး(မင်္ဂလာတံခါး) အနောက်ဖက်မှာ…

Read More
VOM News

FREE
VIEW