မြောက်ဥက္ကလာမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးနောက်ပိုင်း လူငယ်အချို့ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၁၉-၂၀၂၁
KK(VOM)
 
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမှာ အခုရက်ပိုင်း ဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်လာပြီးနောက်ပိုင်းမှာ လူငယ်အချို့ ဖမ်းဆီးခံရတာတွေ ရှိလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
” မနေ့ စက်တင်ဘာ ၁၈ရက်က ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ ဗုံးပေါက်ကွဲမှုတွေ၊ မပေါက်သေးတဲ့လက်လုပ်မိုင်းတွေ တွေ့ရှိပြီး မြောက်ဥက္ကလာပမြို့နယ်မှာ
လည်း ည ၈နာရီအချိန်ကစတင်ကာ ဗုံးသုံးလုံးပေါက်ခဲ့ပြီးနောက်ပိုင်း လူငယ်အချို့ဖမ်းဆီးခံခဲ့ရတယ်၊ မသင်္ကာလို့ စစ်တပ်နဲ့ရဲနဲ့က အိမ်ကိုဝင်စစ်တယ်၊ ပိုက်လုံးတွေတွေ့လို့ဆိုပြီး ရိုက်နှက်ပြီး ဖမ်းသွားတယ်၊ အိမ်ရှေ့မှာ ကလေးတွေကဖုန်းဆော့နေတာ”လို့ (ဈ)ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
မြောက်ဥက္ကလာပမြို့နယ်၊ (စျ) ရပ်ကွက်၊ စက္ကဝတ် ၄ လမ်းမှာ ဂိမ်းထိုင်ဆော့နေတဲ့ လူငယ်၅ဦးကို မနေ့ စက်တင်ဘာ ည၈နာရီက ဗုံးပေါက်ကွဲပြီးနောက်ပိုင်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
(ဆ)ရပ်ကွက်နေသူတစ်ဦးကလည်း “ဒီကနေ့ မနက် ၇နာရီကလည်း ခြောက်ကွေ့၊ ဝေဘာဂီလမ်းနှင့် သုဓမ္မာလမ်းထောင့်မှာ ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ စစ်ဆေးဖမ်းဆီးတာတွေလုပ်နေတယ်၊ ဖမ်းဆီးခံရသူဦးရေကို စုံစမ်းနေတယ်၊ လက်တလောအခြေအနေမှာတော့ မြောက်ဥက္ကလာရှိ လမ်းဆုံလမ်းခွတွေမှာ စစ်တပ်နဲ့ရဲတွေက နေရာယူထားတယ်၊ ဘုမ္မာ နဲ့ ဧရာလမ်းကြား ဘောလုံးကွင်းနားက Mytel တာဝါတိုင်ကို စစ်တပ်က ခြေကုပ်ယူထားတယ်”လို့ ပြောပါတယ်။
 
ဒီကနေ့နေ့လယ်ပိုင်းကလည်း သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီးနဲ့ ဇင်္ဂမလမ်းမကြီးထောင့်ရှိ KBZ ဘဏ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။
 
အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး သတင်းပေးလို့နာမည်ထွက်နေသူတွေလည်း သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။
 
# voiceofmyanmar #VOM #ရန်ကုန်
ပုံစာ- လှည်းကူးမှာ ဗုံးပေါက်ပြီးနောက် ဝင်ရောက်ဖမ်းဆီးနေတဲ့ပုံဟောင်း

Related posts

Leave a Comment

VOM News

FREE
VIEW