ရန်ကုန်က မြို့နယ်လေးမြို့နယ်မှာ ဗုံးပေါက်၊ပစ်ခတ်မှုဖြစ်ပြီးနောက် လက်နက်တချို့ သိမ်းဆည်းခံရ

ရန်ကုန်၊စက်တင်ဘာ ၂၁၊၂၀၂၁
KK(VOM)
 
ရန်ကုန်တိုင်းမှာရှိတဲ့ ဒဂုံမြိုနယ် ၊သင်္ဃန်းကျွန်း၊ သာကေတနဲ့ မြောက်ဥက္ကလာတို့မှာ စက်တင်ဘာ ၂၀ရက်က ဗုံးပေါက်ကွဲတာတွေ သေနတ်နဲ့ပစ်ခတ်တာတွေ လက်နက်တွေဖမ်းမိတာတွေဖြစ်ခဲ့တယ်လို့ အဲဒီမြို့နယ်တွင်း နေသူတွေဆီက သိရပါတယ်။
 
ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက် ဦးဝိစာရအိမ်ယာနားက အမှိုက်ပုံမှာ မနေ့ညနေ ၅နာရီက ဗုံးပေါက်ကွဲခဲ့တာမှာ ကားတစ်စီးထိခိုက်
ပျက်စီးခဲ့တယ်လို့ ရပ်ကွက်နေသူတယောက်ပြောပါတယ်။
 
သင်္ဃန်းကျွန်းမြို့နယ်၊ (က)ရပ်ကွက်၊ နတ်စင်လမ်း၊ စနိုးဂါးဒင်းအိမ်ယာရှေ့မှာလည်း မနေ့မနက် ၁၁နာရီက စက်ဘီးစီးလာသူတစ်ဦးကနေ လက်လုပ်ဗုံးနဲ့ အိမ်ယာဝင်ထွက်ပေါက်ကို ပစ်ခတ်ခဲ့လို့ ပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ အိမ်ယာမှာ နေသူတယောက်က ပြောပါတယ်။
 
သာကေတမြို့နယ်၊ ဧရာဝဏ်လမ်း၊ ရေစက်ဆုံရာစားသောက်ဆိုင်ရှေ့မှာလည်း မနေ့မနက် ၁၂နာရီဝန်းကျင်က ဆိုက်ကားနင်းတဲ့
ကိုအောင်ကျော်စိုးကို ဆိုင်ကယ်စီးလာသူလူငယ်နှစ်ဦးက နောက်မှသေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဆေးရုံသို့ပို့ဆောင်ကုသထားရကြောင်း မြို့
ခံတယောက်က ပြောပါတယ်။
 
ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ ရွှေပေါက်ကံစက်မှုဇုန်မှာရှိတဲ့ နေအိမ်တခုကို စစ်တပ်နဲ့ရဲတွေက ဝင်ရောက်ရှာဖွေတာမှာ လက်လုပ်မိုင်းတစ်လုံး၊ ဂျင်ကလိများ နှင့် သံပိုက်မျိုးစုံကို သိမ်းဆည်းခံခဲ့ရတယ်လို့ ရပ်ကွက်နေသူ တယောက်က ပြောပါတယ်။
 
အလားတူပဲ မြောက်ဥက္ကလာပမြို့နယ်မှာ စက်တင်ဘာ ၁၉ရက် ည ၈နာရီကလည်း(ည) ရပ်ကွက်က သစ်စက်တစ်ခုကို စစ်တပ်နဲ့ရဲတွေက ဝင်ရောက်ရှာဖွေတာမှာ မှန်ပြောင်းတပ်ထားတဲ့ ပွိုင့် ၂၂ ကာဘိုင်သေနတ် နှစ်လက်၊ဘောစေ့နဲ့ ပစ်ခတ်ရတဲ့ သေနတ် နှစ်လက်၊လက်လုပ်သေနတ်တလက်၊ လက်လုပ်မိုင်းမျိုးစုံ၂၃ လုံး၊ ပွိုင့် ၂၂ ကျည်တွေနဲ့ ကီးပက်ဖုန်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့ အုပ်ချုပ်
ရေးပိုင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
 
ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ အခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲတာတွေ သေနတ်နဲ့ပစ်ခတ်ခံရမှုတွေရှိပြီး မသင်္ကာဆိုတဲ့ စွပ်စွဲချက်နဲ့
လူငယ်တချို့ကို စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
 
#voiceofmyanmar #vom #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW