လောင်းလုံနယ်မှာ ပေါက်ကွဲမှုဖြစ်လို့ အုပ်ချုပ်ရေးမှူးရဲ့ သမီးဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူ ဒဏ်ရာရ

စက်တင်ဘာ ၂၁၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံမြို့နယ် ၊ သောကြာပြင်ကျေးရွာ ၊ ဆင်ဘုရားအနီးမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီး ၂ ဦးအနက် ၁ ဦးသေဆုံးကာ ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီပေးဆောင်ရွက်ပေးခဲ့သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ပေါက်ကွဲစတွေ ထိမှန်ပြီး အမျိုးသမီး ၂ ယောက်ထဲက ၁ ယောက်သေတယ် ၊ တယောက်ကတော့ ဒဏ်ရာပြင်းတယ် ” လို့ ဇဗ္ဗူသီရိ လူမှုကူညီရေး စေတနာ့ဝန်ထမ်း တစ်ယောက်ကပြောပါတယ်။
 
လောင်းလုံထွေ/အုပ် အသိုင်းအဝိုင်းကတော့ အဲ့ဒီပေါက်ကွဲမှုဟာ သောကြာပြင်ရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းရဲ့ အိမ်ဖြစ်ပြီး ဒဏ်ရာရသူဟာ သူ့မိန်မနဲ့ သေဆုံးသူဟာ သူ့ရဲ့ သမီးဖြစ်တယ်လို့ သိရပါတယ်။
 
ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ ဦးထွန်းမင်းက အိမ်မှာ မရှိတဲ့ လွတ်သွားတာဖြစ်တယ်လို့ ပြောဆိုတာတွေရှိပေမယ့် VOM က အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
 
ဒါ့အပြင် မနေ့ စက်တင်ဘာ ၂၀ ရက် ညနေပိုင်း ၄ နာရီ ဝန်းကျင်က ထားဝယ်မြို့ ၊ ဘုမ္မော်ရပ်ကွက်မှာနေတဲ့ ထွေ/အုပ်စာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးဟာ ရွှေတောင်စားလမ်းမှာ သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #လောင်းလုံ #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW