ကမ္ဘာ့လေထုညစ်ညမ်းမှုကြောင့် လူဦးရေ ခုနှစ်သန်း နှစ်စဉ်သေဆုံးနေ

ဂျီနီဗာ၊ စက်တင်ဘာ-၂၃-၂၀၂၁
မျိုးဆက်(VOM)
 
ကမ္ဘာ့လေထုညစ်ညမ်းမှုဟာ ယခင်ကထင်မြင်ယူဆထားတာထက် ထက် ပိုမိုအန္တရာယ်များလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စက်တင်ဘာ ၂၂ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။
 
ဒီလိုလေထုညစ်ညမ်းမှုနှဲ့ဆက်နွယ်ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်ရှိလူဦးရေ ခုနှစ်သန်းဟာ အချိန်မတိုင်မီ သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။
 
ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ဖွဲ့ဖြိုးဆဲနိုင်ငံတွေမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရုပ်ကြွင်းလောင်စာတွေအပေါ် မှီခိုအားထားနေရတာကြောင့် လေထုညစ်ညမ်းမှုကြောင့် အရွယ်မတိုင်မီသေဆုံးမှုဒဏ်ကို အဆိုးရွားဆုံးခံနေရတယ်လို့ဆိုပါတယ်။
 
ဆေးလိပ်သောက်ခြင်းနဲ့ ကျန်းမာရေးနှင့်မညီညွတ်တဲ့ အစားအစာတွေ စားသုံးခြင်းကိုလည်း တူညီတဲ့ လေထုညစ်ညမ်းမှုဖြစ်စဉ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပါတယ်။
 
နို၀င်ဘာလတွင်ကျင်းပမယ့် COP26 ထိပ်သီးဆွေးနွေးပွဲမတိုင်မီမှာ ကာဗွန်ထုတ်လုပ်မှုလျှော့ချရေးနဲ့ ရာသီဥတုပြောင်းလဲမှုအပေါ် အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ အဖွဲ့၀င် ၁၉၄ နိုင်ငံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
 
Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW