ကမ္ဘာ့လေထုညစ်ညမ်းမှုကြောင့် လူဦးရေ ခုနှစ်သန်း နှစ်စဉ်သေဆုံးနေ

ဂျီနီဗာ၊ စက်တင်ဘာ-၂၃-၂၀၂၁ မျိုးဆက်(VOM)   ကမ္ဘာ့လေထုညစ်ညမ်းမှုဟာ ယခင်ကထင်မြင်ယူဆထားတာထက် ထက် ပိုမိုအန္တရာယ်များလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စက်တင်ဘာ ၂၂ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။   ဒီလိုလေထုညစ်ညမ်းမှုနှဲ့ဆက်နွယ်ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်ရှိလူဦးရေ ခုနှစ်သန်းဟာ အချိန်မတိုင်မီ သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။   ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ဖွဲ့ဖြိုးဆဲနိုင်ငံတွေမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရုပ်ကြွင်းလောင်စာတွေအပေါ် မှီခိုအားထားနေရတာကြောင့် လေထုညစ်ညမ်းမှုကြောင့် အရွယ်မတိုင်မီသေဆုံးမှုဒဏ်ကို အဆိုးရွားဆုံးခံနေရတယ်လို့ဆိုပါတယ်။   ဆေးလိပ်သောက်ခြင်းနဲ့ ကျန်းမာရေးနှင့်မညီညွတ်တဲ့ အစားအစာတွေ စားသုံးခြင်းကိုလည်း တူညီတဲ့ လေထုညစ်ညမ်းမှုဖြစ်စဉ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပါတယ်။   နို၀င်ဘာလတွင်ကျင်းပမယ့် COP26 ထိပ်သီးဆွေးနွေးပွဲမတိုင်မီမှာ ကာဗွန်ထုတ်လုပ်မှုလျှော့ချရေးနဲ့ ရာသီဥတုပြောင်းလဲမှုအပေါ် အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ အဖွဲ့၀င် ၁၉၄ နိုင်ငံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။   Ref : BBC Photo:Getty Images #voiceofmyanmar #VOM #ဂျီနီဗာ

Read More

ဩစတြေးလျ ပညာရှင်နဲ့ ပတ်သက်တဲ့အမှု ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဒီနေ့စစ်

နေပြည်တော်-စက်တင်ဘာ ၂၃-၂၀၂၁ KT(VOM)   ဖမ်းဆီးခံထားရတဲ့ ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနာရဲ့ အမှုကို ဒီကနေ့ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ စစ်ဆေးတဲ့ အခြေအနေကို တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ပြောပြတာက   “ဒီနေ့ဒက္ခိဏသီရိ ခရိုင်တရားရုံးမှာ ဩစတြေးလျ နိုင်ငံသား ရှောင်တာနာပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့တဲ့အမှု နှစ်မှု ဒက္ခိဏခရိုင်တရားရုံးကို ခေါ်ပါတယ် ။မနက် ၁၀ နာရီမှာပေါ့နော် စစစ်ပါတယ်၊ ရှောင်တာနာကိုစွဲထားတာ နှစ်မှုပါ ပထမတစ်မှုကအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃၁-ခ နဲ့ ဒေါ်အောင်ဆန်းစုကကြည်ပါတယ်။ ပြည်ထောင်စုအဆင့်ဝန်ကြီးသုံးယောက် စုစုပေါင်း ၅ ယောက်ကိုစွဲထားတဲ့အမှုကိုစစ်ပါတယ် အမှုစစ်တော့ရှောင်တာနာအပါအဝင် လေးယောက်က Covid 19 ရောဂါကာကွယ်ရေးဝတ်စုံဝတ်ပြီးရုံးရှေ့ကိုရောက်လာပါတယ်၊သူတို့ကိုအာရာဖတ်လိုကားမျိုးနဲ့ခေါ်လာပါကြောင်း”ပြောပါတယ်။   ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ရုံးကိုမဆင့်ခေါ်တဲ့ အခြေအကို ဦးခင်မောင်ဇော် ဆက်ပြောတာက   “ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဗီဒီယိုကွန်းဖန်းစနစ်နဲ့စစ်ဆေးပါတယ်၊ အားလုံးဆုံတဲ့အခါမှာ ဒက္ခိဏခရိုင်တရားသူကြီးကပြောပါတယ်။ အမှုက ယခင်ရန်ကုန်အရှေ့ပိုင်းတရားရုံးမှာစစ်နေရာကနေ သူ့ရုံး(ဒက္ခိဏခရိုင်တရားရုံး)ကိုရွှေ့ပေးလိုက်တဲ့အတွက်စစ်ဆေးသွားမှာဖြစ်ကြောင်းပြောပါတယ်။…

Read More

လစ်သူယေးနီးယားမှာ တရုတ်ဖုန်းတွေ အသုံးမပြုကြဖို့ ကာကွယ်ရေး၀န်ကြီးဌာန သတိပေး

ဗီးနီးယပ်၊ စက်တင်ဘာ-၂၃-၂၀၂၁ မျိုးဆက် (VOM)   လစ်သူယေးနီးယားနိုင်ငံမှာ တရုတ်ဖုန်းတွေကို စွန့်ပစ်ဖို့နဲ့ တရုတ်ဖုန်းအသစ်တွေ ထပ်မ၀ယ်ကြဖို့ ကာကွယ်ရေး၀န်ကြီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။   တရုတ်နိုင်ငံမှ ထုတ်လုပ်ထားတဲ့ 5G စမတ်ဖုန်းတွေကို လစ်သူယေးနီးယား အမျိုးသားဆိုက်ဘာလုံခြုံရေးဌာနက စမ်းသပ်မှုတွေပြုလုပ်ပြီးနောက် အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။   တရုတ်ဖုန်းအသစ်တွေကို မ၀ယ်ဖို့နဲ့ လက်ရှိအသုံးပြုနေတာတွေကိုလည်း ဖြစ်နိုင်သမျှ ဆက်ပြီးမသုံးဖို့ မိမိတို့ အကြံပြုကြောင်း လစ်သူယေးနီးယားကာကွယ်ရေး ဒု၀န်ကြီး Margiris Abukevicius ကပြောပါတယ်။   Xiaomi ဖုန်းအမျိုးအစားတစ်ခုမှာတော့ ဆင်ဆာဖြတ်တောက်ထားတဲ့ကိရိယာပါ၀င်ပြီး အခြား Huawei ဖုန်းအမျိုးအစားတစ်ခုကတော့ လုံခြုံရေးအားနည်းချက်တွေရှိတယ်လို့ ဆိုပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြီး သုံးစွဲသူတွေရဲ့အချက်အလက်တွေကို ပြင်ပကိုပေးပို့ခဲ့တာမရှိဘူးလို့ Huawei ကပြောဆိုထားပြီး Xiaomi ကလည်း ဆက်သွယ်ရေးကို ဆင်ဆာလုပ်မထားဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။   Ref : BBC Photo:Getty Images…

Read More

ကျိုက်ထိုမှာ အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ပရဟိတသမားအပါအဝင် လူ ၅ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၂၃-၂၀၂၁ GH ( VOM )   ကျိုက်ထိုမြို့နယ်မှာ တောင်သူစုရပ်ကွက်ရဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်တင်မာမာလွင်နဲ့ ပရဟိတသမားအပါအဝင် လူ ၅ ဦးကို မနေ့ စက်တင်ဘာ ၂၂ရက် မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   ” မနေ့က ၁၀ နာရီ ခွဲကျော်လောက်မှာ အုပ်ချုပ်ရေးမှူး ကိုဖမ်းသွားတယ်။ အန်တီက အရမ်းထက်မြက်တယ် ၊ အရင်အစိုးရလက်ထက်မှာတုန်းကလည်း သူရတဲ့ လစာထဲတောင် မရှိတဲ့သူတွေ ဝေမျှတာမျိုးရှိခဲ့တယ်၊ဘာကြောင့်ဖမ်းလဲဆိုတာတော့ အတိကျမသိရဘူး ၊ စစ်မေးစရာရှိလို့ဆိုပြီးခေါ်သွားကြတာ ” လို့ ဒေသခံတယောက်ကပြောပါတယ်။   တောင်သူစုရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဘာကြောင့်ဖမ်းဆီးသွားပြီး ဘယ်နေရာမှာထိန်းသိမ်းထားသလဲဆိုတာကို မသိရှိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။   အုပ်ချုပ်ရေးမှူး ဒေါ်တင်မာမာလွင်ဟာ န.စ.က လက်ထက်မှာ ခန့်အပ်ထားသူမဟုတ်ဘဲ အရင်အစိုးရလက်ထဲကအုပ်ချုပ်ရေးမှူးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။   စက်တင်ဘာလ ၂၂…

Read More

ကိုဗစ်-၁၉ ကပ်ရောဂါ တစ်နှစ်အတွင်း အဆုံးသတ်နိုင်တယ်လို့ Moderna ကုမ္ပဏီအကြီးအကဲပြော

၀ါရှင်တန်၊ စက်တင်ဘာ-၂၃-၂၀၂၁ မျိုးဆက် (VOM)   ကမ္ဘာပေါ်မှာ ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ ထိုးနှံမှုတွေ အရှိအဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ ကိုဗစ်-၁၉ ကပ်ရာဂါဟာ တစ်နှစ်အတွင်း အဆုံးသတ်သွားနိုင်ဖွယ်ရှိတယ်လို့ Moderna ကာကွယ်ဆေးကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် စတီဖင်ဘန်ဆယ်လ်က ဆွစ်ဇာလန်အခြေစိုက် Neue Zuercher Zeitung သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ပြီးခဲ့တဲ့ခြောက်လကာလအတွင်း စက်မှုလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုစွမ်းရည်ချဲ့ထွင်မှုကို ကြည့်မယ်ဆိုရင် လာမယ့်နှစ်ရဲ့ နှစ်လယ်မှာ ကမ္ဘာပေါ်ရှိလူတိုင်း ကာကွယ်ဆေးထိုးနှံနိုင်ဖို့ လုံလောက်သောပမာဏရရှိနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံဖို့အတွက်လည်း ဖြစ်လာနိုင်ခြေရှိတယ်လို့ သူကပြောပါတယ်။   မကြာမီမှာလည်း ကလေးသူငယ်တွေကအစ ကာကွယ်ဆေးထိုးနှံပေးဖို့ စမ်းသပ်လေ့လာမှုတွေပြုနေတယ်လို့ ဆိုပါတယ်။ ဒီလို လူတိုင်းကာကွယ်ဆေးထိုးနှံနိုင်မယ်ဆိုရင် တုပ်ကွေးလိုဘဲ လက်ရှိကပ်ရောဂါကို အဆုံးသတ်နိုင်လိမ့်မယ်လို့ စတီဖင်ဘန်ဆယ်လ်က ပြောပါတယ်။   ဒီလိုသာလုပ်ဆောင်နိုင်မယ်ဆိုရင် လာမယ်နှစ်ရဲ့ နှစ်၀က်အတွင်း အခြေအနေပုံမှန်ပြန်ဖြစ်နိုင်ပြီး လက်ရှိအချိန်မှစရင် တစ်နှစ်အတွင်း ဖြစ်လာနိုင်တယ်လို့…

Read More

မြင်းမူ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲအုပ်တယောက် သေနတ်နဲ့ပစ်ခတ်ခံရ

ရန်ကုန်၊စက်တင်ဘာ ၂၃၊၂၀၂၁ KK(VOM)   မြင်းမူမြို့နယ်မှာ မနေ့ည ၇နာရီက ထမင်းဝယ်နေတဲ့ အမည်မသိလူတယောက်က ဒုရဲအုပ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာ၊ မုံရွာ-မန္တလေးကားလမ်းဘေး၊ ချစ်ချစ်စားသောက်ဆိုင်မှာ ထမင်းဝယ်နေစဉ် ဆိုင်ကယ်ဖြင့်ဦးထုတ်ဆောင်းထားသည့် လူတယောက်က ဒုရဲအုပ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ် မနေ့စက်တင်ဘာ ၂၂ရက် ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ကျေးရွာနေသူတယောက်က “ရဲက ထမင်းဝယ်နေတာ၊ အဲ့ဒီလူက လွယ်အိတ်ထဲက သေနတ်ထုတ်ပြီးပစ်တာ တချက်ထိတယ်၊ ရဲကပြန်ခုံခံမယ်လုပ်တော့ ပစ်တဲ့သူက ထွက်ပြေးသွားပြီ ပေါင်ကို ၁ချက်ထိသွားတယ်”လို့ သူကပြောပါတယ်။   သေနတ်နဲ့ပစ်ခတ်ခံရသူဟာ မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲအုပ်အောင်လင်း ဆိုသူဖြစ်ပြီး သေနတ်ထိမှန်ဒဏ်ရာကြောင့် မြင်းမူပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။   မြင်းမူမြို့နယ်မှာ ပြီးခဲ့တဲ့လတွေက ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ခဲ့လို့ သေဆုံးသူတွေရှိခဲ့ပြီး စက်တင်ဘာလ အတွင်းမှာလည်း Mytel…

Read More

တန့်ဆည်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမိသားစု ၂ စု ပစ်သတ်ခံရလို့ လူ ၄ ယောက်သေ

စက်တင်ဘာ ၊ ၂၃ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲ မိသားစု ၂ စုဟာ မနေ့ စက်တင်ဘာ ၂၂ ရက် ည ၉ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်သတ်ခံရတဲ့အတွက် လူ ၄ ယောက်သေဆုံးသွားတယ်လို့ တန့်ဆည်နယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” အသတ်ခံရတာက ရဲမိသားစု ၁ စု မဟုတ်ဘူး ၊ ၂ စု ဖြစ်တယ် ၊ တန့်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဒုတပ်ကြပ် ရဲမေ တစ်ယောက်ရဲ့ မိဘ ၂ ပါးဖြစ်တဲ့ ဦးရဲမြင့် အသက် ၅၇ နှစ်နဲ့ ဒေါ်စန်းနိုင် အသက် ၅၇…

Read More

ကောလင်းနယ်မှာ သေနတ်နဲ့ ပစ်သတ်ခံရလို့ အုပ်ချုပ်ရေးမှူး သားအဖ ၂ ဦးနဲ့ ရွေးကောက်ပွဲ မဲရုံစောင့် ရဲ ၁ ဦး သေဆုံး

စက်တင်ဘာ ၊ ၂၃ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကုက္ကိုကုန်းကျေးရွာမှာ သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး သားအဖ ၂ ဦး နဲ့ ရွေကောက်ပွဲ မဲရုံစောင့် အထူးရဲ ၁ ဦး သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးရဲ့ မိန်းမဖြစ်သူလည်း ကျည်ဆံထိတဲ့အတွက် ဒဏ်ရာရခဲ့တယ်လို့ ကောလင်းနယ်ခံတွေက ပြောပြလို့ သိရပါတယ်။   ” ဆိုင်ကယ် ၈ စီးနဲ့ သေနတ်ကိုင် လူ ၁၅ ယောက်ဟာ ရွာထဲကိုဝင်လာပြီး အုပ်ချုပ်ရေးမှူးအိမ်ကို အရင်ဝင်ပစ်တာ ၊ အုပ်ချုပ်ရေးမှူး သားအဖ ၂ ဦးက နေရာမှာတင် သေသွားတယ် ၊ သူ့မိန်းမက တင်ပါးဆုံနေရာထိမှန်ပြီး ထွက်ပြေးလာနိုင်တဲ့အတွက် ဒဏ်ရာပဲရခဲ့တာ.” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ် ။…

Read More

ရန်ကုန်က ကမာရွတ်၊ ဒေါပုံ၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ သာကေတမြို့နယ်မှာ ဗုံးပေါက်ပစ်ခတ်မှုဖြစ်ပြီးနောက် လူငယ် ၅ ယောက်ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၂၃၊၂၀၂၁ KK(VOM)   ရန်ကုန်မှာ မနေ့ စက်တင်ဘာ ၂၂ရက်က ကမာရွတ်၊ဒေါပုံ၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ သာကေတမြို့နယ်တွေမှာ ဗုံး ၈ ကြိမ်ပေါက်ခဲ့ပြီး ၅ဦး ဖမ်းဆီးခံရတယ်လို့ ဗုံးပေါက်ကွဲရာ မြို့နယ်တွေကသိရပါတယ်။   ကမာရွတ်မြို့နယ် အင်းစိန်လမ်းမ၊ ဆင်ရေတွင်းမှတ်တိုင်နားမှာ မနေ့ည ၇နာရီခွဲက စစ်ကား၁စီးဖြတ်ချိန် ဗုံးပေါက်ခဲ့ပြီး ပစ်ခတ် မှုဖြစ်ကာ အမျိုးသားတယောက်ဖမ်းဆီးခံခဲ့ရတယ်လို့ ၁ရပ်ကွက်နေသူက ပြောပါတယ်။   “စစ်ကားလာမှ ဗုံးပေါက်လို့ စစ်သားတွေဆင်းပြီး သေနတ်နဲ့ရမ်းသမ်းပြီး လျှောက်ပစ်တယ် အဲ့နားမှာရှိတဲ့သူကို ရိုက်နှက်ဖမ်းဆီး သွားတယ် “လို့ သူကပြောပါတယ်။   ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်၊ ဇေယျာသီရိလမ်းရှိ ရပ်ကွက် အုပ်ချုပ်ရုံးမှူးရုံးမှာလည်း မနေ့မနက် ၁၁နာရီ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာမှာပျက်စီးဆုံးရှုံးရှိပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ရုံးအနီးနေထိုင်သူက ပြောပါတယ်။   ပြီးခဲ့တဲ့ ရက်ပိုင်းကဒေါပုံ မြို့နယ်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့…

Read More
VOM News

FREE
VIEW