လစ်သူယေးနီးယားမှာ တရုတ်ဖုန်းတွေ အသုံးမပြုကြဖို့ ကာကွယ်ရေး၀န်ကြီးဌာန သတိပေး

ဗီးနီးယပ်၊ စက်တင်ဘာ-၂၃-၂၀၂၁
မျိုးဆက် (VOM)
 
လစ်သူယေးနီးယားနိုင်ငံမှာ တရုတ်ဖုန်းတွေကို စွန့်ပစ်ဖို့နဲ့ တရုတ်ဖုန်းအသစ်တွေ ထပ်မ၀ယ်ကြဖို့ ကာကွယ်ရေး၀န်ကြီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။
 
တရုတ်နိုင်ငံမှ ထုတ်လုပ်ထားတဲ့ 5G စမတ်ဖုန်းတွေကို လစ်သူယေးနီးယား အမျိုးသားဆိုက်ဘာလုံခြုံရေးဌာနက စမ်းသပ်မှုတွေပြုလုပ်ပြီးနောက် အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။
 
တရုတ်ဖုန်းအသစ်တွေကို မ၀ယ်ဖို့နဲ့ လက်ရှိအသုံးပြုနေတာတွေကိုလည်း ဖြစ်နိုင်သမျှ ဆက်ပြီးမသုံးဖို့ မိမိတို့ အကြံပြုကြောင်း လစ်သူယေးနီးယားကာကွယ်ရေး ဒု၀န်ကြီး Margiris Abukevicius ကပြောပါတယ်။
 
Xiaomi ဖုန်းအမျိုးအစားတစ်ခုမှာတော့ ဆင်ဆာဖြတ်တောက်ထားတဲ့ကိရိယာပါ၀င်ပြီး အခြား Huawei ဖုန်းအမျိုးအစားတစ်ခုကတော့ လုံခြုံရေးအားနည်းချက်တွေရှိတယ်လို့ ဆိုပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး သုံးစွဲသူတွေရဲ့အချက်အလက်တွေကို ပြင်ပကိုပေးပို့ခဲ့တာမရှိဘူးလို့ Huawei ကပြောဆိုထားပြီး Xiaomi ကလည်း ဆက်သွယ်ရေးကို ဆင်ဆာလုပ်မထားဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
 
Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ဗီးနီးယပ

Related posts

VOM News

FREE
VIEW