ကိုဗစ်-၁၉ ကပ်ရောဂါ တစ်နှစ်အတွင်း အဆုံးသတ်နိုင်တယ်လို့ Moderna ကုမ္ပဏီအကြီးအကဲပြော

၀ါရှင်တန်၊ စက်တင်ဘာ-၂၃-၂၀၂၁
မျိုးဆက် (VOM)
 
ကမ္ဘာပေါ်မှာ ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ ထိုးနှံမှုတွေ အရှိအဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ ကိုဗစ်-၁၉ ကပ်ရာဂါဟာ တစ်နှစ်အတွင်း အဆုံးသတ်သွားနိုင်ဖွယ်ရှိတယ်လို့ Moderna ကာကွယ်ဆေးကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် စတီဖင်ဘန်ဆယ်လ်က ဆွစ်ဇာလန်အခြေစိုက် Neue Zuercher Zeitung သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ပြီးခဲ့တဲ့ခြောက်လကာလအတွင်း စက်မှုလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုစွမ်းရည်ချဲ့ထွင်မှုကို ကြည့်မယ်ဆိုရင် လာမယ့်နှစ်ရဲ့ နှစ်လယ်မှာ ကမ္ဘာပေါ်ရှိလူတိုင်း ကာကွယ်ဆေးထိုးနှံနိုင်ဖို့ လုံလောက်သောပမာဏရရှိနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံဖို့အတွက်လည်း ဖြစ်လာနိုင်ခြေရှိတယ်လို့ သူကပြောပါတယ်။
 
မကြာမီမှာလည်း ကလေးသူငယ်တွေကအစ ကာကွယ်ဆေးထိုးနှံပေးဖို့ စမ်းသပ်လေ့လာမှုတွေပြုနေတယ်လို့ ဆိုပါတယ်။ ဒီလို လူတိုင်းကာကွယ်ဆေးထိုးနှံနိုင်မယ်ဆိုရင် တုပ်ကွေးလိုဘဲ လက်ရှိကပ်ရောဂါကို အဆုံးသတ်နိုင်လိမ့်မယ်လို့ စတီဖင်ဘန်ဆယ်လ်က ပြောပါတယ်။
 
ဒီလိုသာလုပ်ဆောင်နိုင်မယ်ဆိုရင် လာမယ်နှစ်ရဲ့ နှစ်၀က်အတွင်း အခြေအနေပုံမှန်ပြန်ဖြစ်နိုင်ပြီး လက်ရှိအချိန်မှစရင် တစ်နှစ်အတွင်း ဖြစ်လာနိုင်တယ်လို့ သူကဆိုပါတယ်။
 
မိမိတို့အနေနဲ့ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လက်တွေ့စမ်းသပ်မှုတွေကိုလုပ်ဆောင်နေကာ ၂၀၂၂ ခုနှစ်အတွက် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံဖို့အတွက် အခြေခံပုံစံဖြစ်လာမယ်လို့ ပြောပါတယ်။
 
ဒါ့ပြင်နောက်ထပ်မျိုးကွဲတစ်ခုဖြစ်လာနိုင်ခြေရှိတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားတဲ့ ဒယ်လ်တာပလပ်ဘီတာကိုလည်း လေ့လာမှုတွေပြုလုပ်နေတယ်လို့ စတီဖင်ဘန်ဆယ်လ်က ထုတ်ဖော်ပြောဆိုထားပါတယ်။
 
Ref: CNA
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW