မြင်းမူ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲအုပ်တယောက် သေနတ်နဲ့ပစ်ခတ်ခံရ

ရန်ကုန်၊စက်တင်ဘာ ၂၃၊၂၀၂၁
KK(VOM)
 
မြင်းမူမြို့နယ်မှာ မနေ့ည ၇နာရီက ထမင်းဝယ်နေတဲ့ အမည်မသိလူတယောက်က ဒုရဲအုပ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာ၊ မုံရွာ-မန္တလေးကားလမ်းဘေး၊ ချစ်ချစ်စားသောက်ဆိုင်မှာ ထမင်းဝယ်နေစဉ် ဆိုင်ကယ်ဖြင့်ဦးထုတ်ဆောင်းထားသည့် လူတယောက်က ဒုရဲအုပ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ် မနေ့စက်တင်ဘာ ၂၂ရက် ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ကျေးရွာနေသူတယောက်က “ရဲက ထမင်းဝယ်နေတာ၊ အဲ့ဒီလူက လွယ်အိတ်ထဲက သေနတ်ထုတ်ပြီးပစ်တာ တချက်ထိတယ်၊ ရဲကပြန်ခုံခံမယ်လုပ်တော့ ပစ်တဲ့သူက
ထွက်ပြေးသွားပြီ ပေါင်ကို ၁ချက်ထိသွားတယ်”လို့ သူကပြောပါတယ်။
 
သေနတ်နဲ့ပစ်ခတ်ခံရသူဟာ မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲအုပ်အောင်လင်း ဆိုသူဖြစ်ပြီး သေနတ်ထိမှန်ဒဏ်ရာကြောင့် မြင်းမူပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။
 
မြင်းမူမြို့နယ်မှာ ပြီးခဲ့တဲ့လတွေက ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ခဲ့လို့ သေဆုံးသူတွေရှိခဲ့ပြီး စက်တင်ဘာလ အတွင်းမှာလည်း Mytel တာဝါတိုင်တွေမီးရှို့ဖျက်ဆီးခံရပြီး ဖမ်းဆီးခံရသူတွေလည်းရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #မြင်းမူ

Related posts

Leave a Comment

VOM News

FREE
VIEW