ရန်ကုန်က ကမာရွတ်၊ ဒေါပုံ၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ သာကေတမြို့နယ်မှာ ဗုံးပေါက်ပစ်ခတ်မှုဖြစ်ပြီးနောက် လူငယ် ၅ ယောက်ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၂၃၊၂၀၂၁
KK(VOM)
 
ရန်ကုန်မှာ မနေ့ စက်တင်ဘာ ၂၂ရက်က ကမာရွတ်၊ဒေါပုံ၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ သာကေတမြို့နယ်တွေမှာ ဗုံး ၈ ကြိမ်ပေါက်ခဲ့ပြီး ၅ဦး ဖမ်းဆီးခံရတယ်လို့ ဗုံးပေါက်ကွဲရာ မြို့နယ်တွေကသိရပါတယ်။
 
ကမာရွတ်မြို့နယ် အင်းစိန်လမ်းမ၊ ဆင်ရေတွင်းမှတ်တိုင်နားမှာ မနေ့ည ၇နာရီခွဲက စစ်ကား၁စီးဖြတ်ချိန် ဗုံးပေါက်ခဲ့ပြီး ပစ်ခတ်
မှုဖြစ်ကာ အမျိုးသားတယောက်ဖမ်းဆီးခံခဲ့ရတယ်လို့ ၁ရပ်ကွက်နေသူက ပြောပါတယ်။
 
“စစ်ကားလာမှ ဗုံးပေါက်လို့ စစ်သားတွေဆင်းပြီး သေနတ်နဲ့ရမ်းသမ်းပြီး လျှောက်ပစ်တယ် အဲ့နားမှာရှိတဲ့သူကို ရိုက်နှက်ဖမ်းဆီး
သွားတယ် “လို့ သူကပြောပါတယ်။
 
ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်၊ ဇေယျာသီရိလမ်းရှိ ရပ်ကွက် အုပ်ချုပ်ရုံးမှူးရုံးမှာလည်း မနေ့မနက် ၁၁နာရီ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာမှာပျက်စီးဆုံးရှုံးရှိပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ရုံးအနီးနေထိုင်သူက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကဒေါပုံ မြို့နယ်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ ပြည်ခိုင်ဖြိုးရပ်ကျေးစည်းရုံးမှုးကိစွနဲ့ပါတ်သက်ပြီး မနေ့က လူလေးယောက်ဖမ်းဆီးခံရတယ်လို့လည်း သူကပြောပါတယ်။
 
ဒါ့အပြင် အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာတံတားလမ်း ပုလဲလမ်းဆုံက ယာဉ်ထိန်းရုံးမှာ ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်
ခဲ့ပါသေးတယ်။
 
အလားတူ သာကေတမြို့နယ် (၅) ရပ်ကွက် သီင်္ဂီလမ်းပေါ်က မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာရုံးခြံစည်းရိုးဘေး မှာ မနေ့
ညနေ ၅နာရီကမပေါက်ကွဲသေးသောလုပ်လုပ်ချိန်ကိုက်မိုင်းတစ်လုံး တွေ့ရှိခဲ့လို့ စစ်တပ်နဲ့ရဲတွေဟာ လာရောက်ဖယ်ရှားခဲ့တယ်လို့ ရုံးအနီးနေထိုင်သူက ပြောပါတယ်
 
အခုရက်ပိုင်းအတွင်း တိုက်ကြီး၊မြောက်ဒဂုံ၊ကမာရွတ်နဲ့ဒေါပုံ၊ တွံတေး၊ ကွမ်းခြံကုန်းတို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှုး၊ ရာအိမ်မှုးနဲ့ ရဲသတင်းပေး ၆ဦးသေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်ဗုံးပေါက်မှုများ
 
အင်းစိန်မြို့နယ် ယာဥ်ထိန်းရုံးဗုံးပေါက်ကွဲပြီးနောက် ရဲများစစ်ဆေးနေပုံ(ပုံဟောင်း)

Related posts

Leave a Comment

VOM News

FREE
VIEW