ဩစတြေးလျ ပညာရှင်နဲ့ ပတ်သက်တဲ့အမှု ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဒီနေ့စစ်

နေပြည်တော်-စက်တင်ဘာ ၂၃-၂၀၂၁
KT(VOM)
 
ဖမ်းဆီးခံထားရတဲ့ ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနာရဲ့ အမှုကို ဒီကနေ့ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ စစ်ဆေးတဲ့ အခြေအနေကို တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ပြောပြတာက
 
“ဒီနေ့ဒက္ခိဏသီရိ ခရိုင်တရားရုံးမှာ ဩစတြေးလျ နိုင်ငံသား ရှောင်တာနာပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့တဲ့အမှု နှစ်မှု ဒက္ခိဏခရိုင်တရားရုံးကို ခေါ်ပါတယ် ။မနက် ၁၀ နာရီမှာပေါ့နော် စစစ်ပါတယ်၊ ရှောင်တာနာကိုစွဲထားတာ နှစ်မှုပါ ပထမတစ်မှုကအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃၁-ခ နဲ့ ဒေါ်အောင်ဆန်းစုကကြည်ပါတယ်။ ပြည်ထောင်စုအဆင့်ဝန်ကြီးသုံးယောက် စုစုပေါင်း ၅ ယောက်ကိုစွဲထားတဲ့အမှုကိုစစ်ပါတယ် အမှုစစ်တော့ရှောင်တာနာအပါအဝင် လေးယောက်က Covid 19 ရောဂါကာကွယ်ရေးဝတ်စုံဝတ်ပြီးရုံးရှေ့ကိုရောက်လာပါတယ်၊သူတို့ကိုအာရာဖတ်လိုကားမျိုးနဲ့ခေါ်လာပါကြောင်း”ပြောပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ရုံးကိုမဆင့်ခေါ်တဲ့ အခြေအကို ဦးခင်မောင်ဇော် ဆက်ပြောတာက
 
“ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဗီဒီယိုကွန်းဖန်းစနစ်နဲ့စစ်ဆေးပါတယ်၊ အားလုံးဆုံတဲ့အခါမှာ ဒက္ခိဏခရိုင်တရားသူကြီးကပြောပါတယ်။ အမှုက ယခင်ရန်ကုန်အရှေ့ပိုင်းတရားရုံးမှာစစ်နေရာကနေ သူ့ရုံး(ဒက္ခိဏခရိုင်တရားရုံး)ကိုရွှေ့ပေးလိုက်တဲ့အတွက်စစ်ဆေးသွားမှာဖြစ်ကြောင်းပြောပါတယ်။ ရှောင်တာနာအမှုအတွက် ရှေ့နေဦးနေဝင်းနဲ့ ဦးရဲဝင်းအောင်ကပါဝါတင်ပါတယ် ၊စွပ်စွဲခံရသူ ၂ ကဒေါ်အောင်ဆန်းစုကြည်ပါ၊ ရှေ့နေကတော့ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ပါဝါတင်ထားတဲ့ကျွန်တော် ဦးခင်မောင်ဇော်နဲ့ ဦးကြည်ဝင်းရယ်၊ဒေါ်ဆန်းမာလာညွန့်ရယ်၊ဆိုပြီးတရားသူကြီးကိုအသိပေးပါကြောင်း”
ဦးခင်မောင်ဇော်ကပြောတယ်။
 
နောက်ထပ်စွပ်စွဲခံရသူတွေနဲ့ ပတ်သက်ပြီးတော့လည်း
” တတိယစွပ်စွဲခံရသူက ဦးကျော်ဝင်းပါ၊
ဦးကျော်ဝင်းရဲ့ရှေ့နေကတော့မလာနိုင်ပါဘူး၊ဦးစိုးဝင်းရှေ့နေကတော့ နေပြည်တော်က ရှေ့နေနှစ်ယောက် ဦးသန်းလွင်နဲ့သူဇနီးတို့ကိုယ်စားလှယ်တင်ကြပါတယ်၊ ဦးဆက်အောင်အတွက်တော့ဒေါ်ဆန်းမာလာညွန့်ဘဲဖြစ်ပါတယ်။ ရှေ့နေတွေတရားခံတွေစုံပြီးနောက်မှာစွပ်စွဲခံရသူတွေဘက်ကဘာတင်ပြစရာရှိလဲလို့ခရိုင်တရားသူကြီးကမေးပါတယ်။ မေးတော့ရှေ့နေတွေကတင်ပြကြပါကြောင်း၊ အမှုသည်နဲ့ရှေ့နေတွေဖို့လျှောက်ထားတဲ့ကိစ္စရှိပါကြောင်းတင်ပြတဲ့အခါမှာ တရားသူကြီးကနောက်ထပ်ချိန်းတဲ့ရုံးချိန်းမှာ နှစ်ဘက်ကြားနာမည်ဖြစ်ကြောင်းပြောပါတယ်၊ တွေ့ခွင့်ပေးသင့်မပေးသင့်ကိုပေါ့နော်အဲလိုပြောပါတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ရှင်းပြပါတယ်။
 
နောက်ရုံးချိန်းကို အပါတ်စဉ် ကြာသာပတေးနေ့တိုင်းလုပ်ဖို့ချိန်းပြီး အမှုကိုတော့ဒက္ခိဏခရိုင်တရားရုံးမှာဘဲစစ်မယ်လို့ သိရပါတယ်။
 
အမှု စစ်ရတဲ့ တရားခွင် အခြေအနေကို ဦးခင်မောင်ဇော်က ဆက်ပြောပါတယ်။
 
“တရားရုံးထဲကို မသက်ဆိုင်သူတွေ မလာရပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကလွဲပြီးကျန်လေးယောက်ကိုတွေ့ရပါတယ်။ ကျန်းမာရေးကောင်းကြပေမယ့် ပင်ပန်းနွမ်းနယ်ပုံပေါက်နေပါတယ်၊ ဦးစိုးဝင်းဆိုရင် အသက် ၈၀ ကျော်ဆိုတော့အခြေအနေကပင်ပန်းပုံပေါက်နေတာပေါနော်။ ဒီနေ့စစ်တာကတော့ ဦးစိုးဝင်းရယ်၊ ဦးကျော်ဝင်းရယ်၊ ဦးဆက်အောင်ရယ်၊ ရှောင်တာနယ်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်(သူ့ကိုတော့ဗီဒီယိုကွန်းဖန်းစနစ်နဲ့)စစ်ပါကြောင်း”
တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။
 
#voiceofmyanmar #VOM #ရှောင်တာနာ

Related posts

Leave a Comment

VOM News

FREE
VIEW