ကိုရီးယားစစ်ပွဲ တရား၀င်ပြီးဆုံးကြောင်းကြေညာဖို့ မြောက်ကိုရီးယားပယ်ချ

ပြုံးယမ်း၊ စက်တင်ဘာ-၂၄-၂၀၂၁
မျိုးဆက် (VOM)
 
ကိုရီးယားစစ်ပွဲ တရား၀င်အဆုံးသတ်ကြောင်း ကြေညာဖို့ တောင်ကိုရီးယားရဲ့ တိုက်တွန်းတောင်းဆိုမှုကို မြောက်ကိုရီးယား နိုင်ငံခြားရေး၀န်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်မှာ ပယ်ချလိုက်ပါတယ်။
 
စစ်ပွဲအဆုံးသတ်ရေး ကြေညာဖို့ အချိန်စောလွန်သေးတယ်လို့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေး၀န်ကြီး ရီသီဆောင်က ပြောဆိုလိုက်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ထုတ်ပြန်ကြေညာပါတယ်။
 
ကိုရီးယားစစ်ပွဲအဆုံးသတ်ရေး တရား၀င်ကြေညာဖို့အတွက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုတဲ့မိန့်ခွန်းမှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က တိုက်တွန်းလိုက်ပြီးနောက် ဒီကိစ္စကိုမြောက်ကိုရီးယားက ပယ်ချလိုက်တာဖြစ်ပါတယ်။
 
ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စတင်ဖို့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့က အဓိကကျတယ်လို့ သမ္မတမွန်ဂျေးအင်က ပြောပါတယ်။
 
မြောက်ကိုရီးယားကတော့ စစ်ပွဲအဆုံးသတ်ကြောင်း မကြေညာမီ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းရန်နဲ့ အမေရိကန်-တောင်ကိုရီးယား နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်တာတွေကို ကို အဆုံးသတ်ဖို့ လိုလားနေပါတယ်။
 
Ref : NHK
Photo: Reuters
 
#voiceofmyanmar #vom #ကိုရီးယားစစ်ပွဲ #မြောက်ကိုရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW