ခင်ဦးမြို့နယ်ထဲမှာ စပါးစိုက်ခင်းတွေ ရေနစ်မြုပ်မှုကြောင့် တောင်သူတွေအခက်တွေ့နေ

စက်တင်ဘာ ၂၅-၂၀၂၁ ထွန်းတောက်(VOM) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပင်တင်းကျေးရွာမှာရှိတဲ့ အေဒီ (၄) ရာစု ပျူခေတ်မှာ စတင်တူးဖော်ခဲ့တဲ့ မောရဂီဝါကန် (ခ) ပင်တင်းကန်ဟာ ပြီးခဲ့စက်တင်ဘာ (၂၂) ရက်နေ့က ကန်တာဘောင်ကျိုးပြီး ကန်ရေသောက်ဧရိယာအတွင်းက စပါးစိုက်ခင်း ဧက (၂၀၀၀) ကျော် ရေနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဒေသဟာ နှစ်တိုင်းလိုလို မိုးခေါင်ရေရှားပြီး အခုနှစ်မှာတော့ မိုးများပြီး အခုလို ကန်တာဘောင်ကျိုးကျခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အခုနှစ်မိုးရာသီမှာ ပင်းတင်းရွာအပါအဝင် ခင်ဦးမြို့နယ်အနောက်ဖက်ခြမ်းက ကျေးရွာအုပ်စု (၂၄) အုပ်စုမှာ လယ်ဧက (၁၃၀၀၀)ကျော်မှာလည်း မိုးများပြီး ရေနစ်မြုပ်မှုတွေဖြစ်ပေါ်နေပါတယ်။ ဒီစပါးစိုက်ခင်းတွေဟာ လက်ရှိမှာ စိုက်ပျိုးပြီးကာစ အချိန်ဖြစ်ပြီး ရေပြန်ကျသွားရင် အနည်းနဲ့အများ ဆုံးရှုံးမှုတွေရှိနိုင်တယ်လို့ ဒေသခံတောင်သူတွေကပြောပါတယ်။ အခုနှစ်မှာ မြေဆီဈေးတွေလည်း အဆမတန်မြင့်တက်လာတာကြောင့် လက်ရှိရေနစ်မြုပ်တဲ့အချိန်အထိ တဧကကို စိုက်ပျိုးစရိတ် (၂) သိန်းကျော်ကုန်ကျထားပြီး ရေပြန်ကျချိန် စိုက်ခင်းတွေအားလုံးပျက်စီးမသွားဘူးဆိုရင်…

Read More

ထိုင်၀မ်လေပိုင်နက်ထဲကို တရုတ်စစ်လေယာဉ် ၂၄ စင်း ၀င်ရောက်ပျံသန်း

တိုင်ပေ၊ စက်တင်ဘာ-၂၄-၂၀၂၁ မျိုးဆက်(VOM)   တရုတ်စစ်ဘက်လေယာဉ် ၂၄ စင်းဟာ ထိုင်၀မ်လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းကို စက်တင်ဘာ ၂၃ ရက်က ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ထိုင်၀မ် ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။   ဂျေ-၁၆ တိုက်လေယာဉ်တွေ၊ အိပ်ခ်ျ-၆ ဗုံးကြဲလေယာဉ်တွေအပါအ၀င် စစ်လေယာဉ် ၁၉ စင်းဟာ ဒီနေ့နေ့နံနက်ပိုင်းမှာ ထိုင်၀မ်အနောက်တောင်ဘက် လေပိုင်နက်အတွင်း ၀င်ရောက်ပျံသန်းခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   လေယာဉ်အချို့ကတော့ ထိုင်၀မ်နဲ့ ဖိလစ်ပိုင်အကြားရှိ ဘာရှီရေလက်ကြားဒေသကိုဖြတ်သန်းခဲ့ပြီး ဂျေ-၆ တိုက်လေယာဉ်တွေအပါအ၀င် နောက်ထပ် လေယာဉ်ငါးစင်းကလည်း စက်တင်ဘာ ၂၃ ရက်မွန်းလွဲပိုင်းမှာ ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   တရုတ်စစ်လေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်ရှိ ထိုင်၀မ်ကထိထိရောက်ရောက်ထိန်းချုပ်ထားတဲ့ ပရာတက်စ်ကျွန်းစုအနီးမှာ ပျံသန်းခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ဆိုပါတယ်။   ထိုင်၀မ်လေပိုင်နက်အတွင်းကို တရုတ်စစ်လေယာဉ် ၂၄ စင်း တစ်နေ့တည်း အခုလို၀င်ရောက်ပျံသန်းခြင်းမဟာ…

Read More

NLD ပါတီသဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို စွဲဆိုတဲ့အမှု အပြန်လှန်စစ်ဆေးမှုပြီး

နေပြည်တော်-စက်တင်ဘာ၂၄-၂၀၂၁ KT(VOM)   ဒီကနေ့ စက်တင်ဘာ ၂၄ရက် နေ့လယ်က နေပြည်တော်အကျဉ်းထောင်အနီးက သီးသန့်တရားရုံးမှာ ဦးဝင်းထိန်ကို စွဲဆိုထားတဲ့ ပုဒ်မ ၁၂၄(က) အမှု ပြန်လှန်စစ်ဆေးမှုတွေပြီးသွားပြီလို့ သိရပါတယ်။   ဒီကနေ့ ရုံးချိန်းအခြေအနေကို တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးပြောပြတာက   “ဒီနေ့ အဘဦးဝင်းထိန်အမှုကိုစစ်ပါတယ်၊နောက်တစ်ချိန်း အောက်တိုဘာ ၁ရက်ကို ပြန်ချိန်းတယ်ပေါ့နော် ၊ နောက်ရုံးချိန်းမှ ကျမတို့ဘက်က တင်ထားတဲ့ တရားခံပြသက်သေဖြစ်တဲ့ ကိုမောင်မောင်ဆွေတို့ ဦးမင်းသူတို့ကို စစ်မှာပါ။ အဘရဲ့ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ဒီနေ့တရားခွင်စတာ ၁၂ နာရီနောက်ပိုင်းဆိုတော့ အေးအေးဆေးဆေးစစ်လို့ရတာပေါ့နော်၊ ခါတိုင်းဆိုရင် အဘဥပုသ်စောင့်တာဆိုတော့ တရားခွင်မှာ စားတာသောက်တာလုပ်ရပါတယ် ၊ ဒီနေ့ကျတော့ ၁၂ နာရီကျော်မှတရားခွင်စတာဆိုတော့ စားသောက်ရေး မစီစဉ်ပေးရတော့လို့ အဆင်ပြေတယ်ပေါ့” လို့ ပြောပါတယ်။   ဦးဝင်းထိန်အား ပုဒ်မ ၁၂၄(က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့…

Read More

မြဝတီမြို့မှာ စတစ်ကာ အမဲကပ်ထားတဲ့ကားတွေကို ဒဏ်ကြေး ၃၀၀၀၀ ရိုက်နေ

စက်တင်ဘာ ၂၄-၂၀၂၁ GH ( VOM )   မြဝတီမြို့မှာ စတစ်ကာအမဲရောင်ကပ်ထားတဲ့ ကားတွေကို ဒဏ်ငွေ ၃၀၀၀၀ ကျပ် သတ်မှတ်ပြီး အရေးယူမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။   ဒဏ်ကြေးသုံးသောင်းကို တရားရုံးကိုသွားပြီးပေးဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။   ” ဒဏ်ရိုက်တဲ့ အစီ အစဉ်ကျင့်သုံးတာ ၃ ရက်လောက်ရှိပြီ၊ အဲဒီအရင်ရက်တွေမှာက အသိပညာပေးတာတွေလုပ်တယ်။ စတစ်ကာအမဲကပ်ထားတာကို ခွာပေးဖို့သတိပေးတယ်၊ ခုတော့ ကပ်ထားတဲ့သူတွေကို ဒဏ်ငွေ ၃၀၀၀၀ ရိုက်တယ်။ ” လို့ မြဝတီဒေသခံကပြောပါတယ်။   ဒါကြောင့် မြဝတီမြို့တွင်းသွားလာကြမယ့်သူတွေအပါအဝင် ဒေသခံတွေအနေနဲ့ ကားမှန်မှာ စတစ်ကာအမဲတွေမကပ်ဖို့၊ ကပ်ထားသူရှိပါကလည်း ခွာထားဖို့လိုအပ်တယ်လို့ သိရပါတယ်။   ” အရင်ရက်ထဲကသတိပေးတာတော့ကြုံတယ်။ခုတော့ဒဏ်ကြေးရိုက်နေပြီသိရတယ်။ခွာဆိုလဲခွာလိုက်ရုံပေါ့။ ၃၀၀၀၀ ကလဲခုကာလ အတော်အရေးပါတယ်။ ကျနော်တို့ကားသမားတွေအားလုံး သတိရှိကြဖို့ပါ ၊ ကပ်တယ်ဆိုတာလည်းခုမှမဟုတ်ဘူး အရင်ငကတည်းကလေ၊…

Read More

အိန္ဒိယမှာ မိန်းကလေးတစ်ဦးကို ကိုးလကြာ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့သူ ၂၈ ဦးကိုဖမ်းဆီးစစ်ဆေးနေ

ဒေလီ၊ စက်တင်ဘာ-၂၄-၂၀၂၁ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံမှာ အသက် ၁၅ နှစ်အရွယ်မိန်းကလေးတစ်ဦးကို ကိုးလကြာအုပ်စုဖွဲ့အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး အိန္ဒိယအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။   ဇန်နဝါရီလမှစတင်ခဲ့တဲ့ အဲဒီလိုအုပ်စုဖွဲ့အဓမ္မကျင့်မှုနဲ့ဆက်နွယ်နေသူ ၂၈ ဦးကိုလည်း မွမ်ဘိုင်းမြို့ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။   မိန်းကလေးငယ်ရဲ့ ရည်းစားဖြစ်သူက သူ့ကိုအဓမ္မပြုကျင့်ပြီး အဲဒီဖြစ်ရပ်ကို မတော်တဆ ရုပ်သံမှတ်တမ်း ရိုက်ကူးခံခဲ့တာကစပြီး အုပ်စုဖွဲ့အဓမ္မကျင့်မှု စတင်ခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းဌာနတွေက ဖော်ပြထားပါတယ်။   အဲဒီနောက် ရည်းစားဖြစ်သူအပြင် သူ့ရဲ့သူငယ်ချင်းတွေကပါ ရိုက်ကူးထားတဲ့ရုပ်သံကိုအသုံးပြုပြီး သူတို့နဲ့အတူ လိင်ဆက်ဆံဖို့ အကြပ်ကိုင်ခဲ့တယ်လို့သိရပါတယ်။   နောက်ဆုံးမှာတော့ အဲဒီမိန်းကလေးဟာ စက်တင်ဘာ ၂၃ ရက်ညပိုင်းမှာ ရဲတပ်ဖွဲ့ထံ အမှုဖွင့်ခဲ့ပြီး သူ့ကိုအဓမ္မပြုကျင့်ခဲ့သူ ၃၃ ဦးကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အားလုံးဟာသူသိကျွမ်းသူတွေဖြစ်တယ်လို့ဆိုပါတယ်။   အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတစ်ဦးကို ၂၀၁၂ ခုနှစ်က ဘတ်စ်ကားပေါ်မှာ…

Read More

ကိုရီးယားစစ်ပွဲ တရား၀င်ပြီးဆုံးကြောင်းကြေညာဖို့ မြောက်ကိုရီးယားပယ်ချ

ပြုံးယမ်း၊ စက်တင်ဘာ-၂၄-၂၀၂၁ မျိုးဆက် (VOM)   ကိုရီးယားစစ်ပွဲ တရား၀င်အဆုံးသတ်ကြောင်း ကြေညာဖို့ တောင်ကိုရီးယားရဲ့ တိုက်တွန်းတောင်းဆိုမှုကို မြောက်ကိုရီးယား နိုင်ငံခြားရေး၀န်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်မှာ ပယ်ချလိုက်ပါတယ်။   စစ်ပွဲအဆုံးသတ်ရေး ကြေညာဖို့ အချိန်စောလွန်သေးတယ်လို့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေး၀န်ကြီး ရီသီဆောင်က ပြောဆိုလိုက်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ထုတ်ပြန်ကြေညာပါတယ်။   ကိုရီးယားစစ်ပွဲအဆုံးသတ်ရေး တရား၀င်ကြေညာဖို့အတွက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုတဲ့မိန့်ခွန်းမှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က တိုက်တွန်းလိုက်ပြီးနောက် ဒီကိစ္စကိုမြောက်ကိုရီးယားက ပယ်ချလိုက်တာဖြစ်ပါတယ်။   ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စတင်ဖို့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့က အဓိကကျတယ်လို့ သမ္မတမွန်ဂျေးအင်က ပြောပါတယ်။   မြောက်ကိုရီးယားကတော့ စစ်ပွဲအဆုံးသတ်ကြောင်း မကြေညာမီ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းရန်နဲ့ အမေရိကန်-တောင်ကိုရီးယား နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်တာတွေကို ကို အဆုံးသတ်ဖို့ လိုလားနေပါတယ်။   Ref :…

Read More

မုံးကိုးမြို့က စစ်ဘေးရှောင် ၁၀၀နီးပါးနဲ့ ပရဟိတ ၅ ဦး ကိုဗစ်၁၉ ပိုးတွေ့ရှိလာ

စက်တင်ဘာ ၂၄၊ ၂၀၂၁ Shy V(VOM)   ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့က စစ်ဘေးရှောင်တွေကို မနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ တတိယအကြိမ်အဖြစ် စစ်ရှောင်ပြည်သူ ၃၂ ဦးကို COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှာ ၁၈ ဦး ပိုး ထပ်တိုးတွေ့ရှိခဲ့ပါတယ်။ ပထမအကြိမ် စစ်ဆေးတုန်းက ၃၇ ဦး၊ ဒုတိယ အကြိမ် စသ်ဆေးရာမှာ ၄၂ ဦးရှိကာ စုစုပေါင်း ၉၇ ဦး ရှိပြီး ဆေးရုံဆင်းသူ မရှိသေးဘူး လို့ လက်ရှိ စီမံခန့်ခွဲနေသူ တာဝန်ရှိ တစ်ဦးက ပြောပါတယ်။   စစ်ဘေးဒုက္ခသည်တွေကို အဓိက ကူညီပေးနေတဲ့ ပရဟိတ တွေကိုလည်း ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့က တတိယ…

Read More

ချင်းတွင်းမြစ်ကြောင်း ခရီးသွားမယ်ဆိုရင် မှတ်ပုံတင်နဲ့ ရပ်ကွက်ထောက်ခံစာ မဖြစ်မနေ လိုအပ်

စက်တင်ဘာ ၊ ၂၄ ၊ ၂၀၂၁ ရွှေဘုန်းမြန်စံ (VOM)   ပြေးဆွဲသွားလာခွင့်ကို အချိန် ၁ နှစ်ကျော်ကြာ ရပ်နားထားခဲ့ရတဲ့ ချင်းတွင်းမြစ်ကြောင်းက ခရီးသွားလုပ်ငန်း ရေယာဥ်ပြေးဆွဲရေး လုပ်ငန်းတွေဟာ အခုလ ၂၅ ရက် မနက်ဖန်ကစလို့ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးတော့မှာ ဖြစ်တယ်လို့ ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင် ရေယာဥ် အသင်းတွေဆီက သိရပါတယ်။   ” ရေလမ်းကြောင်းနဲ့ ခရီးသွားလိုက်ပါမယ်ဆိုရင် ခရီးသည်တွေဘက်က မဖြစ်မနေ ယူဆောင်လာရမှာက နိုင်ငံသား မှတ်ပုံတင် နဲ့ နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ ပါရမှာဖြစ်တယ် ၊ ကိုဗစ်စည်းကမ်းချက်နဲ့အညီ ပြေးဆွဲရမှာမို့ ခရီးသည်တွေဘက် လက်ဆေးတာ ၊ mask တပ်တာ ၊ မျက်နှာကာတပ်တာတွေ လုပ်ပေးရမှာဖြစ်တယ် ” လို့ ခရီးသည်တင်ရေးယာဥ်များ စနစ်တကျ ပြေးဆွဲရေး ညှိနှိုင်းမှုကော်မတီ ၊…

Read More

မုံရွာ ကျောက္ကာလမ်းမှာ ရဲတစ်ယောက် သေနတ်နဲ့အပစ်ခံရပြီး သေနတ် လုယူခံရ

စက်တင်ဘာ ၊ ၂၃ ၊ ၂၀၂၁ ရွှေဘုန်းမြန်စံ (VOM)   စစ်ကိုင်းတိုင်း မုံရွာမြို့ ၊ မြဝတီရပ်ကွက် ၊ ကျောက္ကာလမ်းမှ ကင်းအစောင့် တာဝန်ကျနေတဲ့ ရဲတစ်ယောက်ဟာ ဒီကနေ့ စက်တင်ဘာ၂၃ရက် ညနေပိုင်း ၄ နာရီကျော် အချိန်ဝန်းကျင်က သေနတ်နဲ့ အပစ်ခံရပြီး ၊ ရဲလက်ထဲက သေနတ်ကို လုယူခံလိုက်ရတယ် လို့ လူမှုကူညီရေးအသင်းတခုရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ကင်းစောင့်နေတဲ့ ရဲတစ်ယောက်ကို လူ ၂ ယောက်က ဆိုင်ကယ် ၁ စီးနဲ့ ရောက်လာပြီး ရုတ်တရက် သေနတ်ထုတ်ပစ်ပြီး ရဲ သေနတ်ကို လုယူသွားတာ ” လို့ ကျောက္ကာလမ်းမှာနေတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။   အဲ့ဒီ ကင်းစောင့်ရဲ ပစ်ခံရပြီး ရဲသေနတ်…

Read More
VOM News

FREE
VIEW