အိန္ဒိယမှာ မိန်းကလေးတစ်ဦးကို ကိုးလကြာ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့သူ ၂၈ ဦးကိုဖမ်းဆီးစစ်ဆေးနေ

ဒေလီ၊ စက်တင်ဘာ-၂၄-၂၀၂၁
မျိုးဆက် (VOM)
 
အိန္ဒိယနိုင်ငံမှာ အသက် ၁၅ နှစ်အရွယ်မိန်းကလေးတစ်ဦးကို ကိုးလကြာအုပ်စုဖွဲ့အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး အိန္ဒိယအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
 
ဇန်နဝါရီလမှစတင်ခဲ့တဲ့ အဲဒီလိုအုပ်စုဖွဲ့အဓမ္မကျင့်မှုနဲ့ဆက်နွယ်နေသူ ၂၈ ဦးကိုလည်း မွမ်ဘိုင်းမြို့ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။
 
မိန်းကလေးငယ်ရဲ့ ရည်းစားဖြစ်သူက သူ့ကိုအဓမ္မပြုကျင့်ပြီး အဲဒီဖြစ်ရပ်ကို မတော်တဆ ရုပ်သံမှတ်တမ်း ရိုက်ကူးခံခဲ့တာကစပြီး အုပ်စုဖွဲ့အဓမ္မကျင့်မှု စတင်ခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းဌာနတွေက ဖော်ပြထားပါတယ်။
 
အဲဒီနောက် ရည်းစားဖြစ်သူအပြင် သူ့ရဲ့သူငယ်ချင်းတွေကပါ ရိုက်ကူးထားတဲ့ရုပ်သံကိုအသုံးပြုပြီး သူတို့နဲ့အတူ လိင်ဆက်ဆံဖို့ အကြပ်ကိုင်ခဲ့တယ်လို့သိရပါတယ်။
 
နောက်ဆုံးမှာတော့ အဲဒီမိန်းကလေးဟာ စက်တင်ဘာ ၂၃ ရက်ညပိုင်းမှာ ရဲတပ်ဖွဲ့ထံ အမှုဖွင့်ခဲ့ပြီး သူ့ကိုအဓမ္မပြုကျင့်ခဲ့သူ ၃၃ ဦးကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အားလုံးဟာသူသိကျွမ်းသူတွေဖြစ်တယ်လို့ဆိုပါတယ်။
 
အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတစ်ဦးကို ၂၀၁၂ ခုနှစ်က ဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုဖြစ်ပွားခြင်းအပေါ် ကမ္ဘာတစ်၀န်း အမျက်ဒေါသထွက်ခဲ့ကြပြီး အဲဒီနောက်မှာတော့ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖို့ တင်းကြပ်တဲ့ ဥပဒေတွေကို အိန္ဒိယနိုင်ငံက ချမှတ်ခဲ့ပါတယ်။
 
Ref : BBC
Photo: Getty Images
 
#voiceofmyanmar #VOM #အိန္ဒိယ #မွန်ဘိုင်း #မိန်းကလေးငယ်အဓမ္မကျင့်မှု

Related posts

Leave a Comment

VOM News

FREE
VIEW