ထိုင်၀မ်လေပိုင်နက်ထဲကို တရုတ်စစ်လေယာဉ် ၂၄ စင်း ၀င်ရောက်ပျံသန်း

တိုင်ပေ၊ စက်တင်ဘာ-၂၄-၂၀၂၁
မျိုးဆက်(VOM)
 
တရုတ်စစ်ဘက်လေယာဉ် ၂၄ စင်းဟာ ထိုင်၀မ်လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းကို စက်တင်ဘာ ၂၃ ရက်က ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ထိုင်၀မ် ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
 
ဂျေ-၁၆ တိုက်လေယာဉ်တွေ၊ အိပ်ခ်ျ-၆ ဗုံးကြဲလေယာဉ်တွေအပါအ၀င် စစ်လေယာဉ် ၁၉ စင်းဟာ ဒီနေ့နေ့နံနက်ပိုင်းမှာ ထိုင်၀မ်အနောက်တောင်ဘက် လေပိုင်နက်အတွင်း ၀င်ရောက်ပျံသန်းခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
လေယာဉ်အချို့ကတော့ ထိုင်၀မ်နဲ့ ဖိလစ်ပိုင်အကြားရှိ ဘာရှီရေလက်ကြားဒေသကိုဖြတ်သန်းခဲ့ပြီး ဂျေ-၆ တိုက်လေယာဉ်တွေအပါအ၀င် နောက်ထပ် လေယာဉ်ငါးစင်းကလည်း စက်တင်ဘာ ၂၃ ရက်မွန်းလွဲပိုင်းမှာ ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
တရုတ်စစ်လေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်ရှိ ထိုင်၀မ်ကထိထိရောက်ရောက်ထိန်းချုပ်ထားတဲ့ ပရာတက်စ်ကျွန်းစုအနီးမှာ ပျံသန်းခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ဆိုပါတယ်။
 
ထိုင်၀မ်လေပိုင်နက်အတွင်းကို တရုတ်စစ်လေယာဉ် ၂၄ စင်း တစ်နေ့တည်း အခုလို၀င်ရောက်ပျံသန်းခြင်းမဟာ လွန်ခဲ့တဲ့နှစ်စက်တင်ဘာလမှစပြီး တတိယအကြိမ်မြောက် အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
 
Ref : NHK
Photo: Getty Images
 
#voiceofmyanmar #VOM #ထိုင်ဝမ် #တရုတ်လေယာဉ်

Related posts

Leave a Comment

VOM News

FREE
VIEW