မုံးကိုးမြို့က စစ်ဘေးရှောင် ၁၀၀နီးပါးနဲ့ ပရဟိတ ၅ ဦး ကိုဗစ်၁၉ ပိုးတွေ့ရှိလာ

စက်တင်ဘာ ၂၄၊ ၂၀၂၁
Shy V(VOM)
 
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့က စစ်ဘေးရှောင်တွေကို မနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ တတိယအကြိမ်အဖြစ် စစ်ရှောင်ပြည်သူ ၃၂ ဦးကို COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှာ ၁၈ ဦး ပိုး ထပ်တိုးတွေ့ရှိခဲ့ပါတယ်။ ပထမအကြိမ် စစ်ဆေးတုန်းက ၃၇ ဦး၊ ဒုတိယ အကြိမ် စသ်ဆေးရာမှာ ၄၂ ဦးရှိကာ စုစုပေါင်း ၉၇ ဦး ရှိပြီး ဆေးရုံဆင်းသူ မရှိသေးဘူး လို့ လက်ရှိ စီမံခန့်ခွဲနေသူ တာဝန်ရှိ တစ်ဦးက ပြောပါတယ်။
 
စစ်ဘေးဒုက္ခသည်တွေကို အဓိက ကူညီပေးနေတဲ့ ပရဟိတ တွေကိုလည်း ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့က တတိယ အကြိမ် ပိုးထပ်မံ စစ်ဆေးရာမှာ ၂ ဦး ထပ်တိုးတွေ့ရှိပြီး ပထမ အကြိမ်မှာ ၂ ဦး၊ ဒုတိယအကြိမ်မှာ ၁ ဦး စုစုပေါင်း ၅ ဦး ရှိထိ ရှိသွားတယ်လို့ သူက ပြောပါတယ်။
 
စစ်ဘေးရှောင်စခန်းမှာ စက်တင်ဘာလ ၁၃ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့အထိ စစ်ဘေးဒုက္ခသည် ၉၇ ဦးနဲ့ စစ်ရှောင်ပြည်သူတွေကို အဓိက အကူအညီပေးနေတဲ့ ပရဟိတ ၅ ဦးထိ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရှိလာပဲ ဖြစ်ပါတယ်။
 
အဓိက အခက်အခဲကတော့ ပိုးတွေ့ လူနာတိုးလာတာနဲ့ ဆေးဝါး လုံလောက်မှု မရှိတာ ဖြစ်ပြီး N 95 Mask, Hand gel, Oxygen တိုင်းစက်တွေ မလုံလောက်မှု ပြဿနာတွေ ဖြစ်နေတယ် လို့ စစ်ဘေးရှောင်စခန်းက သတင်းနဲ့ပြန်ကြား‌ရေးတာဝန်ခံက ပြောပါတယ်။
 
မုံးကိုး‌ ဒေသမှာ ဩဂုတ်လ ၂၈ ရက်နေ့ကစ စက်တင်ဘာလ ဆန်းပိုင်းထိ မြန်မာစစ်တပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ဦး လက်နက်ကြီး ကျည်ထိမှန်သေဆုံးခဲ့ရပြီး တိုက်ပွဲ ဖြစ်ပွားရာနေရာက ရွာပေါင်း ၇ ရွာခန့်က ဒေသခံ ၇၀၀ ကျော် ဩဂုတ်လ ၂၉ ရက်နေ့ကစ မုံးကိုးမြို့ပေါ် ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီတိမ်းရှောင် ခိုလှုံနေကြရဆဲဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #မုံးကိုး #စစ်ဘေးရှောင်
 
Photo Crd# စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW