ချင်းပြည်နယ်ရဲ့ မြောက်ပိုင်းလမ်းမှာ မြေပြိုကျတာကြောင့် လူနေအိမ်တွေ အရေးပေါ် ပြောင်းရွှေ့ထားရ

တီးတိန် ၊ စက်တင်ဘာ ၂၈-၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ချင်းပြည်နယ်မြောက်ပိုင်း ဖလန်းခရိုင် တီးတိန်မြို့နယ် ၊ ကလေး တီးတိန်ကားလမ်း ၊ ဆိုဇန်ကျေးရွာမှာ မိုးရွာသွန်းမှုများတာကြောင့် မနေ့ စက်တင်ဘာ ၂၇ မနက်အစောပိုင်းက မြေပြိုကျပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သစ်သီးကုန်သည်တွေက ပြောပါတယ်။
 
” ဆိုဇန်ရွာက ပန်းသီးထွက်တဲ့ဒေသဆိုတော့ ရွာထဲမှာ လူနေတာထက် တောင်ယာစိုက်ခင်းတွေမှာ လူနေတာကများတယ် ၊ အခုမြေပြိုကျတဲ့အခါ အိမ် ၃ လုံးနဲ့ ကား ၁ စီး မြေပိပျက်စီးတယ် ၊ အိမ် ၄ လုံးလည်း အရေးပေါ် ပြောင်းထားတာ ” လို့ သစ်သီးကုန်သည် တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ဆိုဇန်ရွာ မြေပြိုကျတာနဲ့ ပတ်သက်လို့ ကလေး တီးတိန် ကားလမ်း ယာယီ ပိတ်ထားရပေမယ့် အမြန်ဆုံး လမ်းပြန်ဖွင့်ဖို့ လုပ်ဆောင်ပေးနေကြတယ်လို့ သိရပါတယ်။
 
တီးတိန်မြို့နယ်ရဲ့ ကျေးလက်လူနေမှု ပုံစံတွေဟာ မြင့်မား မတ်စောက်တဲ့ တောင်နံရံတွေမှာ စုဝေးနေထိုင်ကြတာများပြီး အခုလို မိုးရာသီကာလမှာ မကြာခဏ မြေပြိုကြတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်တတ်တာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဲ့ဒီ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ထဲမှာ မြေပြိုကျတာကို ရှင်းလင်းဖယ်ရှားပေးနေတဲ့ မြေထိုး ယာဥ် ၁ စီး တောင်အောက်ပြုတ်ကျတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #တီးတိန#ချင်းပြည်မြောက်ပိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW