မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်အရာ အကြပ်အတည်း ပိုမိုဆိုးရွားလာနေတယ်လို့ ကုလသတိပေး

နယူးယောက်၊ စက်တင်ဘာ-၂၈-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်း ပိုမိုဆိုးရွားလာနေတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက စက်တင်ဘာ ၂၇ ရက်မှာ သတိပေးပြောကြားလိုက်ပြီး လက်ရှိမှာတော့ လူဦးရေ သုံးသန်းဟာ အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။   အဲဒီအကြပ်အတည်းဟာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ပိုမိုဆိုးရွားလာနေပြီး အကူအညီလိုအပ်နေသူ သုံးသန်းအနက် နှစ်သန်းကတော့ ဖေဖော်ဝါရီလနောက်ပိုင်းမှာ ထပ်တိုးလာတာလို့ပြောပါတယ်။   မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ အနောက်ပိုင်းလိုမျိုး ပဋိပက္ခဖြစ်ပွားရာနေရာတွေက ဒေသခံတွေအပါအ၀င် ရန်ကုန်နဲ့ မန္တလေးလိုမျိုး အဓိကမြို့ကြီးတွေမှာလည်း အကူအညီလိုအပ်နေသူအများဆုံးရှိနေတယ်လို့ ဆိုပါတယ်။   ဖေဖော်ဝါရီလနောက်ပိုင်းမှာ လုံခြုံရေးအခြေအနေဆိုးရွားမှုအပါအ၀င် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၂၀၀၀၀ ကျော်ထိရှိလာနေပြီး ကချင်၊ ရှမ်း၊ ကယား၊ ချင်း၊ ကရင်ပြည်နယ်နဲ့ စကိုင်း၊ မကွေးတိုင်းတို့မှ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။…

Read More

ငွေပြန်လည်ထုတ်ယူမှုတွေကြောင့် အာဖဂန်ရဲ့ ဘဏ်လုပ်ငန်းတွေ ပြိုလဲလုနီးဖြစ်နေ

ကဘူး၊ စက်တင်ဘာ-၂၈-၂၀၂၁ မျိုးဆက် (VOM)   အာဖဂန်နစ္စတန်ရဲ့ ဘဏ်စနစ်ဟာ ပြိုလဲလုနီးပါးဖြစ်နေကြောင်း အာဖဂန်ရှိအကြီးဆုံး ဘဏ်လုပ်ငန်းရှင် တစ်ဦးက စက်တင်ဘာ ၂၇ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။   နိုင်ငံရဲ့ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍမှာ ဖောက်သည်တွေရဲ့ အထိတ်တလန့် ငွေထုတ်ယူမှုတွေကြောင့် ဆိုးရွားတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ အာဖဂန်နစ္စတန်အစ္စလာမ္မစ်ဘဏ်ရဲ့ အမှုဆောင်အရာရှိချုပ် ဆာရက်မိုဆာကာလမ်အယ်လ်ဖာလာဟီက ပြောပါတယ်။   လတ်တလောကာလမှာ ဘဏ်တွေမှငွေထုတ်ယူမှု အကြီးအကျယ်ဖြစ်နေတယ်လို့ ကဘူးမှာ မငြိမ်မသက်မှုတွေကြောင့် ဒူဘိုင်းမှာ ယာယီနေထိုင်နေတဲ့ ဆာရက်မိုဆာကာလမ်အယ်လ်ဖာလာဟီက ပြောပါတယ်။   ငွေထုတ်ယူမှုတွေသာရှိနေတာကြောင့် ဘဏ်အများစုမှာ လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိဘဲ ၀န်ဆောင်မှုအပြည့်မပေးနိုင်ဖြစ်နေတယ်လို့ သူကဆိုပါတယ်။   အာဖဂန်နစ္စတန်ရဲ့ စီးပွားရေးဟာ သြဂုတ်လမှာ တာလီဘန်တို့က နိုင်ငံကိုထိန်းချုပ်ပြီးနောက်ပိုင်း မငြိမ်မသက်ဖြစ်ပေါ်နေပြီး နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေအပေါ် အကြီးအကျယ်မှီခိုနေရပါတယ်။   ပုံစာ- ငွေထုတ်ရန်အတွက် ဘဏ်ရှေ့မှာစောင့်ဆိုင်းနေကြတဲ့ အာဖဂန်ပြည်သူတွေကို တွေ့ရစဉ် Ref…

Read More

ချင်းပြည်နယ်ရဲ့ မြောက်ပိုင်းလမ်းမှာ မြေပြိုကျတာကြောင့် လူနေအိမ်တွေ အရေးပေါ် ပြောင်းရွှေ့ထားရ

တီးတိန် ၊ စက်တင်ဘာ ၂၈-၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ချင်းပြည်နယ်မြောက်ပိုင်း ဖလန်းခရိုင် တီးတိန်မြို့နယ် ၊ ကလေး တီးတိန်ကားလမ်း ၊ ဆိုဇန်ကျေးရွာမှာ မိုးရွာသွန်းမှုများတာကြောင့် မနေ့ စက်တင်ဘာ ၂၇ မနက်အစောပိုင်းက မြေပြိုကျပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သစ်သီးကုန်သည်တွေက ပြောပါတယ်။   ” ဆိုဇန်ရွာက ပန်းသီးထွက်တဲ့ဒေသဆိုတော့ ရွာထဲမှာ လူနေတာထက် တောင်ယာစိုက်ခင်းတွေမှာ လူနေတာကများတယ် ၊ အခုမြေပြိုကျတဲ့အခါ အိမ် ၃ လုံးနဲ့ ကား ၁ စီး မြေပိပျက်စီးတယ် ၊ အိမ် ၄ လုံးလည်း အရေးပေါ် ပြောင်းထားတာ ” လို့ သစ်သီးကုန်သည် တစ်ယောက်က ပြောပါတယ်။   အဲ့ဒီ ဆိုဇန်ရွာ မြေပြိုကျတာနဲ့ ပတ်သက်လို့ ကလေး တီးတိန်…

Read More

တာတိုပစ်ဒုံးပျံတစ်စင်းကို မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်ပြန်

ဆိုးလ်၊ စက်တင်ဘာ-၂၈-၂၀၂၁ မျိုးဆက်(VOM)   မြောက်ကိုရီးယားဟာ တာတိုပစ်ဒုံးပျံတစ်စင်းကို နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းသို့ ဦးတည်ပြီး စက်တင်ဘာ ၂၈ ရက်အစောပိုင်းမှာ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်လိုက်ပါတယ်။   မြောက်ကိုရီးယားရဲ့ နိုင်ငံကိုကာကွယ်ခွင့်နဲ့ လက်နက်များစမ်းသပ်ခွင့်ကို ဘယ်သူမှမငြင်းနိုင်ကြောင်း ကုလသမဂ္ဂမှာ မြောက်ကိုရီးယားသံအမတ်က ထုတ်ဖော်ပြောဆိုပြီးနောက် ဒုံးပျံစမ်းသပ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။   ယခုလအစောပိုင်းကလည်း မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးပျံနဲ့ ခရုဇ်ဒုံးပျံတွေကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းကတော့ တောင်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေပြုလုပ်ဖို့ ဆန္ဒရှိကြောင်း မြောက်ကိုရီးယားက ထုတ်ဖော်ပြောဆိုထားပါတယ်။   မြောက်ကိုးရီးယားရဲ့ ဒုံးပျံပစ်လွှတ်မှုကို သတိပြုမိကြောင်း အမေရိကန်စစ်ဘက်က စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားပြီး အမေရိကန်တပ်ဖွဲ့၀င်တွေ သို့မဟုတ် မဟာမိတ်တွေကို ချက်ချင်းခြိမ်းခြောက်မှု မဖြစ်စေဘူးလို့ဆိုပါတယ်။   အဲဒီဒုံးပျံဟာ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုအရ တားမြစ်ပိတ်ပင်ထားတဲ့ ပဲ့ထိန်းဒုံးပျံဖြစ်နိုငတယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက…

Read More

ရန်ကုန်က မြိုနယ်ငါးမြို့နယ်မှာ ဗုံး၁၁ကြိမ်ပေါက်ပြီး ပစ်ခတ်မှုဖြစ်ခဲ့လို့ တယောက်သေ သုံးဦးဒဏ်ရာရရှိ

ရန်ကုန်၊စက်တင်ဘာ ၂၈-၂၀၂၁ KK(VOM)   ရန်ကုန်တိုင်းက ကမာရွတ်၊မြောက်ဥက္ကလာ၊သာကေတ၊လှည်းကူးနဲ့လှိုင်မြို့နယ်တွေမှာ မနေ့ စကိတင်ဘာ ၂၇ရက်က ဗုံး၁၁ကြိမ်ပေါက်ခဲ့ပြီး သေနတ်ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့တာမှာ တယောက်သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်ဖြစ်ခဲ့တဲ့ မြို့နယ်တွေက သိရပါတယ်။   ကမာရွတ်မြို့နယ် (၆)ရပ်ကွက်၊ ဘုရင့်နောင် လမ်းနဲ့ လှည်းတန်းလမ်းထောင့် လူကူးကုန်းကျော်တံတားပေါ်၊ ကမာရွတ်မြို့မရဲစခန်းအနီးမှာ မနေ့ ညနေ၅နာရီ လောက် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ ရဲတယောက်နဲ့ လမ်းသွားလမ်းလာ နှစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ၆ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။   “ရဲစခန်းအဝင်အထွက်ဂိတ်မှာ ဗုံးပေါက်တာ ကင်းစောင့်နေတဲ့ ရဲတယောက်နဲ့ စခန်းနားမှာ ဖြတ်လျှောက်သွားတဲ့ လူနှစ်ယောက်ထိသွားတာပါ လူနာတင်ယာဥ်နဲ့ သယ်သွားတာ တွေ့တယ်”လို့ သူကပြောပါတယ်။   သာကေတမြို့နယ်၊ (၅)ရပ်ကွက်၊မြင်တော်သာလမ်း၊ စာတိုက်မှတ်တိုင်မှာ မနေ့နေ့လယ် ၁း၃၀ နာရီအချိန်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူမရှိဘူး ၅ရပ်ကွက်နေသူတယောက်က ပြောပါတယ်။…

Read More

မုံရွာနယ်က ကြေးမုံရွာမှာ ပစ်ခတ်ဖမ်းဆီးလို့ ၁ ယောက်သေဆုံး ၊ ၃ ယောက်ဖမ်းဆီးခံရ

မုံရွာ ၊ စက်တင်ဘာ ၂၈ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ် အကြား ၊ မုံရွာ မန္တလေး ကားလမ်းဘေးက ကြေးမုံရွာကို မနေ့ စက်တင်ဘာ ၂၇ မနက် အစောပိုင်း ၅ နာရီခွဲ ဝန်းကျင်မှာ ရဲ နဲ့ စစ်သားတွေက ရွာထဲကို ဝင်လာပြီး အိမ်တချို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာက ရွာခံ လူငယ်တချို့နဲ့၂ ဘက် ပစ်ခတ်တာတွေ ဖြစ်ပြီး ရွာခံလူ ငယ် ၁ ယောက်သေဆုံးကာ ၃ ယောက်ဖမ်းခံရတယ်လို့ ကြေးမုံ ရွာခံတွေက ပြောပါတယ်။   ” မနေ့ကမနက် အစောပိုင်းမှာ ရွာ( ကြေးမုံ) ထဲကို ရဲနဲ့စစ်သားတွေဝင်လာတယ် ၊ သူတို့ဝင်လာတဲ့ အဲ့ဒီ အချိန်ဆိုရွာက…

Read More
VOM News

FREE
VIEW