တာတိုပစ်ဒုံးပျံတစ်စင်းကို မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်ပြန်

ဆိုးလ်၊ စက်တင်ဘာ-၂၈-၂၀၂၁
မျိုးဆက်(VOM)
 
မြောက်ကိုရီးယားဟာ တာတိုပစ်ဒုံးပျံတစ်စင်းကို နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းသို့ ဦးတည်ပြီး စက်တင်ဘာ ၂၈ ရက်အစောပိုင်းမှာ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်လိုက်ပါတယ်။
 
မြောက်ကိုရီးယားရဲ့ နိုင်ငံကိုကာကွယ်ခွင့်နဲ့ လက်နက်များစမ်းသပ်ခွင့်ကို ဘယ်သူမှမငြင်းနိုင်ကြောင်း ကုလသမဂ္ဂမှာ မြောက်ကိုရီးယားသံအမတ်က ထုတ်ဖော်ပြောဆိုပြီးနောက် ဒုံးပျံစမ်းသပ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
 
ယခုလအစောပိုင်းကလည်း မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးပျံနဲ့ ခရုဇ်ဒုံးပျံတွေကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းကတော့ တောင်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေပြုလုပ်ဖို့ ဆန္ဒရှိကြောင်း မြောက်ကိုရီးယားက ထုတ်ဖော်ပြောဆိုထားပါတယ်။
 
မြောက်ကိုးရီးယားရဲ့ ဒုံးပျံပစ်လွှတ်မှုကို သတိပြုမိကြောင်း အမေရိကန်စစ်ဘက်က စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားပြီး အမေရိကန်တပ်ဖွဲ့၀င်တွေ သို့မဟုတ် မဟာမိတ်တွေကို ချက်ချင်းခြိမ်းခြောက်မှု မဖြစ်စေဘူးလို့ဆိုပါတယ်။
 
အဲဒီဒုံးပျံဟာ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုအရ တားမြစ်ပိတ်ပင်ထားတဲ့ ပဲ့ထိန်းဒုံးပျံဖြစ်နိုငတယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက ပြောဆိုပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဆိုးလ

Related posts

Leave a Comment

VOM News

FREE
VIEW