ငွေပြန်လည်ထုတ်ယူမှုတွေကြောင့် အာဖဂန်ရဲ့ ဘဏ်လုပ်ငန်းတွေ ပြိုလဲလုနီးဖြစ်နေ

ကဘူး၊ စက်တင်ဘာ-၂၈-၂၀၂၁
မျိုးဆက် (VOM)
 
အာဖဂန်နစ္စတန်ရဲ့ ဘဏ်စနစ်ဟာ ပြိုလဲလုနီးပါးဖြစ်နေကြောင်း အာဖဂန်ရှိအကြီးဆုံး ဘဏ်လုပ်ငန်းရှင် တစ်ဦးက စက်တင်ဘာ ၂၇ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။
 
နိုင်ငံရဲ့ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍမှာ ဖောက်သည်တွေရဲ့ အထိတ်တလန့် ငွေထုတ်ယူမှုတွေကြောင့် ဆိုးရွားတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ အာဖဂန်နစ္စတန်အစ္စလာမ္မစ်ဘဏ်ရဲ့ အမှုဆောင်အရာရှိချုပ် ဆာရက်မိုဆာကာလမ်အယ်လ်ဖာလာဟီက ပြောပါတယ်။
 
လတ်တလောကာလမှာ ဘဏ်တွေမှငွေထုတ်ယူမှု အကြီးအကျယ်ဖြစ်နေတယ်လို့ ကဘူးမှာ မငြိမ်မသက်မှုတွေကြောင့် ဒူဘိုင်းမှာ ယာယီနေထိုင်နေတဲ့ ဆာရက်မိုဆာကာလမ်အယ်လ်ဖာလာဟီက ပြောပါတယ်။
 
ငွေထုတ်ယူမှုတွေသာရှိနေတာကြောင့် ဘဏ်အများစုမှာ လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိဘဲ ၀န်ဆောင်မှုအပြည့်မပေးနိုင်ဖြစ်နေတယ်လို့ သူကဆိုပါတယ်။
 
အာဖဂန်နစ္စတန်ရဲ့ စီးပွားရေးဟာ သြဂုတ်လမှာ တာလီဘန်တို့က နိုင်ငံကိုထိန်းချုပ်ပြီးနောက်ပိုင်း မငြိမ်မသက်ဖြစ်ပေါ်နေပြီး နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေအပေါ် အကြီးအကျယ်မှီခိုနေရပါတယ်။
 
ပုံစာ- ငွေထုတ်ရန်အတွက် ဘဏ်ရှေ့မှာစောင့်ဆိုင်းနေကြတဲ့ အာဖဂန်ပြည်သူတွေကို တွေ့ရစဉ်
Ref : BBC
Photo: AFP
 
#voiceofmyanmar #vom #အာဖကန်

Related posts

✕
VOM News

FREE
VIEW