အုတ်ဖိုမြို့က ကျန်းမာရေးဝန်ထမ်းလင်မယား ဖမ်းဆီးခံရ

အောက်တိုဘာ ၃-၂၀၂၁
GH (VOM )
 
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းလင်မယားကို မနေ့ အောက်တိုဘာ ၂ရက်နေ့ ညပိုင်းက သူတို့ရဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ် ။
 
ဖမ်းဆီးခံလိုက်ရသူတွေဟာ အုတ်ဖို့မြို့နယ်က ကျန်းမာရေးမှူး ဦးအေးမင်းထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်စောအေးမွန်တို့ဖြစ်ပြီး မနေ့က ည ၈ နာရီလောက်မှာ အုတ်ဖိုရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
 
” မနေ့ကညမှာ ဆရာမတို့အိမ်ကို ရဲတွေလာပြီးဖမ်းကြတာ။ ဘာကြောင့်ဖမ်းလဲဆိုတာတော့ မသိရသေးဘူး။ဆရာမက cdm လုပ်နေတာ ၊ဆရာရော ဆရာမရောကကျနော်တို့မြို့အတွက် အရမ်းကိုအားထားရတဲ့သူတွေပါ၊ ” လို့ မြို့ခံဖြစ်သူတဦးကပြောပြပါတယ်။
 
ဆရာမဒေါ်စောအေးမွန်ဟာ အုတ်ဖိုမြို့နယ်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့သူနာပြုဆရာမကြီး ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အုတ်ဖိုမြို့နယ်ရဲစခန်းကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။
 
အုတ်ဖိုမှာ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်း ဒေသခံပြည်သူအချို့ ဖမ်းဆီးခံရတာမျိုးရှိခဲ့တယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #အုတ်ဖို #ကျန်းမာရေးဝန်ထမ်း၂ဦး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW