ကရုဏာစိတ် အခြေခံပြီး စာရေးသားသူ အဗ္ဗဒူရာဇက် ဂါနား (Abdulrazak Gurnah)

သွေး (စစ်ကိုင်း) ၂၀၂၁ ခုနှစ်အတွက် စာပေနိုဘယ်ဆုကို ဗြိတိန်မှာ အခြေချနေထိုင်တဲ့ တန်ဇန်းနီးယား စာရေးဆရာ အဗ္ဗဒူရာဇက် ဂါနား (Abdulrazak Gurnah)က ရရှိသွားပါတယ်။ ဇန်ဇီဘာကျွန်းကနေ ဗြိတိန်ကို ၁၉၆၀ ခုနှစ်တွေ နောက်ပိုင်း ရောက်ရှိလာခဲ့တာဖြစ်ပြီး နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက “သူဟာ ဘဝဟောင်းထဲက ထွက်ပေါ်လာတဲ့ ဘဝသစ်နဲ့ ယဉ်ကျေးမှုတွေကို စာနာကရုဏာစိတ်နဲ့ ‌ရေးဖွဲ့ထားတာတွေ့ရတယ်” လို့ မှတ်ချက်ပေးပါတယ်။ သူ့ကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်၊ ဇန်ဇီဘာကျွန်းလေးမှာ မွေးဖွားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဇန်ဇီဘာကျွန်းဟာ တန်ဇန်းနီးယားနိုင်ငံရဲ့ နယ်မြေတစ်ခု ဖြစ်နေပါပြီ။ သူ့အသက် ၁၈ နှစ် အရွယ်မှာတော့ “ဇန်ဇီဘာ တော်လှန်ရေး” နဲ့ တွေ့ကြုံခဲ့ရပြီး ထင်မှတ်မထားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးကာလ ပဋိပက္ခတွေအတွင်း သေဆုံး၊ ဒဏ်ရာရသူ အရပ်သားတွေ…

Read More

အပျိုကြီး ဆင်ကြီးမိုမိုရဲ့ ၆၈နှစ်ပြည့် မွေးနေ့

အေးချမ်းသူ(VOM) တခါက မြန်မာအသံရဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်နေကျ “မိသားစု တနင်္ဂနွေ” သီချင်းကြောင့် ပိုပြီးလူသိများလာတဲ့ ပြည်သူ့အချစ်တော် ဆင်ကြီးမိုမိုဟာ အောက်တိုဘာ ၂၂ရက်မှာ အသက် ၆၈ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူ့အချစ်တော် ဆင်ကြီးမိုမိုဟာ အပျိုကြီးပင်ဖြစ်နေပြီး ယခုအချိန်ထိ ကြင်ရာဖက်မရသေးပေ။ ဆင်ကြီးမိုမိုကို ကယားပြည်နယ်၊ လွိုင်ကော်မြို့က ဦးခွန်ဆန္ဒ က ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၆ရက်မှာ တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ပေးပို့လှူဒါန်းခဲ့ပြီး လှူဒါန်းစဉ်က အသက် ၆နှစ်သာရှိပါသေးတယ်။ ဥယျာဉ်အတွင်းမှာ နှစ်ပေါင်း ၆၀ ကျော်ကြာ ကျန်းမာပျော်ရွှင်စွာနဲ့ ယနေ့တိုင် ပြည်သူ့မေတ္တာကိုခံယူနေတဲ့ သက်တော်ရှည်ဆင်မကြီးလည်း ဖြစ်ပါတယ်။ အတူနေပြုစုစောင့်ရှောက်ကြတဲ့ ဝန်ထမ်းတွေနဲ့ အတူနေအဖော်တိရိစ္ဆာန်တွေဟာ အသက်အရွယ်အရ အနားယူသွားပြီဖြစ်သော်လည်း ဆင်မကြီးမိုမိုကတော့ ယနေ့ထိတိုင် တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ ကျန်းမာစွာရှိနေပါတယ်။ မိုမိုဟာ ၁၉၉၂ ခုနှစ်မှာကျင်းပတဲ့ မြင်းခင်းသဘင်ပွဲတော်၊လှေသ ဘင်ပွဲတော်၊တရုတ်ပြည်မှ…

Read More

နန့်မွန်းမြို့မှာ ဗုံးသီးဟောင်း ပေါက်ကွဲလို့ လူငယ် ၁ ဦးသေဆုံး

အောက်တိုဘာ ၊ ၂၂ -၂၀၂၁ VOM   ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ အင်းတော်ကြီးဒေသ ၊ နန့်မွန်မြို့ ၊ အမှတ် ၂ ရပ်ကွက်မှာ မနေ့ အောက်တိုဘာ ၂၁ ညဦးပိုင်းက ဗုံးသီးဟောင်း(၁)လုံးပေါက်ကွဲပြီး လူငယ်တစ်ယောက် ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ နန့်မွန်းဒေသခံတွေက ပြောပါတယ်။   ” ပေါက်ကွဲသံကြားလိုက်ရတာက ညဦးပိုင်းအချိန် ၆ နာရီခွဲ ၇ နာရီလောက်မှာဖြစ်တယ် ၊ အမှတ် ၂ ရပ်ကွက်ထဲကဖြစ်ပြီး အဲ့ဒီ ပေါက်ကွဲမှုကြောင့် နေအိမ်အောက်မှာ ရှိနေတဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဝေဖြိုးအောင်ဟာ ဗုံးစထိမှန်ပြီး သေဆုံးသွားခဲ့တာ” လို့ နန့်မွန်းမြို့ခံတယောက်က ပြောပါတယ်။   ဒါ့အပြင် နန့်မွန်းမြို့ရဲ့ မြို့မိမြို့ဖ တဦးက ” ကျွန်တော်တို့ ဒေသဘက်မှာက…

Read More

ပြည်မြို့ထဲက စစ်ဆေးရေးဂိတ်မှာ ဗုံးကွဲပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိ

အောက်တိုဘာ ၂၂-၂၀၂၁ GH ( VOM )   ပြည်မြို့ထဲက ၉၅၉စစ်တပ်ရှေ့ သံလမ်းဂိတ်မှာ မနေ့အောက်တိုဘာ၂၁ ရက် ညပိုင်းက မြို့ထဲသွားလာနေသူတွေကို စစ်ဆေးနေချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေရှိတဲ့အပြင် ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။   အဲ့ဒီနေရာမှာ စစ်တပ်အစောင့်ချထားတဲ့ ဂိတ်တခုရှိပြီး ညပိုင်းကို အဓိကစစ်ဆေးမှုတွေလုပ်တယ်လို့ ဒေသခံတွေကပြောပါတယ် ။   ” နေ့ဘက် အဲ့ဒီနေရာသိပ်မစစ်ဘူး။တခါတလေပဲ။ညကတော့ စစ်တယ်။ ဆိုင်ကယ်တွေ ပိုစစ်တယ်။ ညက ပေါက်ကွဲမှုမှာ ပထမသိရတာ ၂ ယောက်ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတာ ၆ ယောက်ရှိတယ်။နောက်ထပ်သိရတာက ဒဏ်ရာရတဲ့အထဲက ၃ ယောက်ထပ်သေတယ်။ ဖြစ်တဲ့နေရာက ဆေးရုံကြီးနဲ့နီးတယ်။ ” လို့ ပြည်မြို့ခံတဦးကပြောပါတယ်။   ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ ပစ်ခတ်မှုတွေလည်းရှိခဲ့ပြီး မြို့တွင်းပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။   မနေ့က စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲတာကိုတော့…

Read More

ပင်လည်ဘူးမြို့မရဲစခန်း မီးလောင်ပြီး ဒုရဲအုပ် ၁ ယောက် ဒဏ်ရာရ

အောက်တိုဘာ ၊ ၂၀ -၂၀၂၁ VOM   စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ ၊ မြို့မရဲစခန်းဝန်းထဲမှာ ဒီကနေ့ မနက်အစောပိုင်းက အဆောက်အဦး ၁ လုံး မီးလောင်ခဲ့ပြီး မီးငြိမ်းသတ်တဲ့ ဒုရဲအုပ် ၁ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပင်လည်ဘူးနယ်ခံတွေဆီက သိရပါတယ်။   ” မနက်အစောပိုင်း ၂ နာရီလောက်မှာ ရဲစခန်းဝန်းထဲက မီးလောင်တာပါ ၊ မီးငြိမ်းနေတဲ့ ရဲအရာရှိ ၁ ယောက်လည်း ဒဏ်ရာရတာကြောင့် ပင်လည်ဘူး ဆေးရုံမှာ တင်ထားတာ “လို့ ဒေသခံတယောက်က ပြောပါတယ်။   ဒါ့အပြင် ပင်လည်ဘူးမြို့မရဲစခန်းနဲ့ နီးစပ်တဲ့သူတယောက်က ” ရဲစခန်းထဲက ၄ ခန်းတွဲ ၃ ထပ် အဆောက်အဦး လူမနေသေးတဲ့ အရှေ့တောင်ဘက် အခန်းက လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး လောင်တာပါ ၊…

Read More

အမှိုက်ထဲက ရွှေ

အေးချမ်းသူ(VOM)   လူအများစုဟာ အိမ်တွေတည်ဆောက်တဲ့အခါမှာ သစ်တွေ၊ သံတွေ၊ အုတ်တွေ၊ ဘိလပ်မြေတွေနဲ့တည်ဆောက်ပြီး အိမ်ရဲ့အမိုးကိုတော့ သွပ်၊အုတ်ကြွပ်၊ဓနီ၊တောင်တန်းတွေနဲ့ မိုးတက်ကြပါတယ်။   အများနဲ့မတူဘဲ အိမ်ရဲ့ကိုယ်ထည်ကို ပုလင်းတွေ၊ ဖော့တွေ၊ စွန့်ပစ်သစ်သားတွေနဲ့တည်ဆောက်ပြီး နံရံကို ပုလင်းတွေ ရေသန့်ဗူးတွေနဲ့လုပ်ထားပြီး အမိုးကိုတော့ ကားတာယာဖြတ်ပိုင်းစတွေနဲ့ စနစ်တကျမိုးထားတဲ့ အိမ်တအိမ်ရှိတယ်။အိမ်ရဲ့ နာမည်က”ကြွပ်ကြွပ် “တဲ့….။   “ကြွပ်ကြွပ်” ဆိုတဲ့ စွန့်ပစ်ပစွည်းတွေအသုံးပြုပြီး တည်ဆောက်ထားတဲ့ အိမ်လေးဟာ ရန်ကုန်မြစ်ရဲ့ တဖက်ကမ်း ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဂန္ဓာမာလမ်း၊ အိမ်အမှတ် ၅၀၇မှာ တည်ရှိတာပါ။   အိမ်ထဲကိုဝင်လိုက်တာနဲ့ စွန့်ပစ်အမှိုက်တွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ လူသုံးကုန်ပစွည်းအမျိုးမျိုးက နံရံတွေ ခုံတွေအပေါ်မှာ စနစ်တကျနေရာယူထားသလို ကြမ်းပြင်ကိုတော့ စွန့်ပစ်ထားတဲ့ သစ်သားတွေနဲ့ စနစ်တကျစီခင်းထားပါတယ်။ အိမ်ရဲ့မျက်နှာကြက်မှာ ဖန်ပုလင်းတွေကို ထည့်သွင်းထားလို့ အလင်းရောင်နဲ့အတူအေးမြမှုတွေကိုလည်း ရရှိစေပါတယ်။   “ကြွပ်ကြွပ်” ဆိုတဲ့အိမ်လေးကို…

Read More

စစ်ကိုင်းတိုင်း ၁ တိုင်းလုံးမှာ လွတ်ငြိမ်းနဲ့ ၄၄၆ ယောက် လွတ်မြောက်

အောက်တိုဘာ ၊ ၁၉ ၊ ၂၀၂၁ VOM   စစ်ကိုင်းတိုင်း တတိုင်းလုံးမှာ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့သူ ၄၄၆ ယောက်ရှိတယ်လို့ သိရပါတယ်။   အခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှာ နိုင်ငံတော် အရေးပေါ်ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူတွေထဲက သီတင်းကျွတ် လွတ်ငြိမ်းအဖြစ် အမှုရုတ်သိမ်းပြီး ပြန်လွတ်ပေးလိုက်တာ ဖြစ်တယ်လို့ နစက ရဲ့ သတင်းထုတ်ပြန်ချက်တွေက ဖော်ပြထားပါတယ်။   ” စစ်ကိုင်းတိုင်း ၁ တိုင်းလုံးအနေနဲ့ ပြန်လည်လွတ်မြောက်လာတဲ့သူ ၄၄၆ ယောက်ရှိပြီး အဲ့ဒီအထဲက မုံရွာခရိုင် ၄ မြို့နယ်က ၂၇ ယောက် ပါတယ် ” လို့ မုံရွာ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။   မနေ့ အောက်တိုဘာ ၁၈ ရက်က ပြန်လွှတ်ပေး​ပေမယ့် အချုပ်တရားခံ စာရင်းဇယားတွေ ပြုစုချိန်…

Read More

အသံထက်မြန်တဲ့ဒုံးပျံ တရုတ်နိုင်ငံ စမ်းသပ်ခဲ့တယ်လို့ သတင်းထွက်ပေါ်

ပေကျင်း၊ အောက်တိုဘာ-၁၉ မျိုးဆက်(VOM)   တရုတ်နိုင်ငံဟာ နျူကလီးယားလက်နက်တပ်ဆင်နိုင်တဲ့ အသံထက်မြန်တဲ့ဒုံးပျံကို ယခုနှစ်အစောပိုင်းမှာ စမ်းသပ်ခဲ့တယ်လို့ ဖိုင်နယ်ရှယ်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။   ဖိုင်နယ်ရှယ်တိုင်းမ်သတင်းဌာနက ကနဦးဖော်ပြခဲ့တဲ့ အဲဒီသတင်းကြောင့် အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုများမြင့်တက်ခဲ့ပြီး အမေရိကန်ထောက်လှမ်းရေးတွေကို အံ့အားသင့်စေခဲ့ပါတယ်။   အသံထက်မြန်တဲ့ ဒုံးပျံတွေဟာ ပုံမှန်ဒုံးပျံတွေထက် ပိုမိုမြန်ဆန် တိကျစွာပစ်ခတ်နိုင်ပြီး ကြားဖြတ်ဖျက်စီးနိုငဖို့လည်း ပိုမိုခက်ခဲပါတယ်။   တရုတ်နိုင်ငံရဲ့ နျူကလီးယားစွမ်းရည်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေမြင့်တက်နေချိန်မှာ ဒုံးပျံစမ်းသပ်တဲ့ သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။   ဒါပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေကို တရုတ်နိုင်ငံက ငြင်းဆိုလိုက်ပြီး ဒါဟာ် ပုံမှန်အတိုင်း အာကာသယာဉ်စမ်းသပ်တာသာဖြစ်တယ်လို့ ဆိုပါတယ်။   ဒါဟာ ပြန်လည်အသုံးပြုနိုင်တဲ့ အာကာသယာဉ်နဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့နည်းပညာ အမျိုးအစားတွေကို အတည်ပြုဖို့အတွက် ဇူလိုင်လမှာ ပုံမှန်စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း အောက်တိုဘာ ၁၈ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။…

Read More

ကျိုက်ထီးရိုးဘုရားလာဖူးသူတွေ မှတ်ပုံတင်ယူလာရမှာလို့ သိရပြီး ရဲ ၊ တပ် အင်အားပိုတိုးချထား

အောက်တိုဘာ ၁၉-၂၀၂၁ GH ( VOM )   ကျိုက်ထီးရိုးဘုရားဖူးလာသူတွေအနေနဲ့ မှတ်ပုံတင်ယူဆောင်လာရမှယဖြစ်ပြီး ဂေါပကလုံခြုံရေးအဖွဲ့အပါအဝင် ရဲနဲ့ တပ်အင်အားကို အရင်နှစ်ကထက် ပိုတိုးမြှင့်ချထားတယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ကသိရပါတယ်။   ကျိုက်ထီးရိုးဘုရားရင်ပြင်တော်အပါအဝင် ၊ ကင်မွန်းစခန်းနဲ့ တခြားလုံခြုံရေးချထားဖို့ လိုအပ်တဲ့နေရာတွေမှာပါ လုံခြုံရေးချထားတယ်လို့ သိရပါတယ်။   ” နဂိုနိုင်ငံရေးအခြေအနေမဖြစ်ခင်ထဲ အရင်ထဲက တပ် နဲ့ ရဲအင်အားကရှိတယ်။ အခုကတော့ အဲ့ဒါထက်နည်းနည်းပိုတယ်။အရင်ထဲက တပ်ရင်း ၂၂ ကတောင်ပေါ်မှာရှိတယ်။နိုင်ငံရေးလှုပ်တဲ့အချိန် တောင်ပေါ်ကနေ ခဏဆင်းသွားပြီး အခုလုံခြုံရေးပြန်တက်ယူတယ်။အခုပြန်ရောက်လာတာပေါ့။ လုံခြုံရေးအင်အားက ဘယ်နှစ်ယောက်ရှိပါတယ် ဘယ်လောက်ရှိပါတယ်ဆိုတာတော့ လုံခြုံရေးအရ ပြောပိုင်ခွင့်မရှိပါဘူး။အရင်ချထားတဲ့အင်အားထက်တော့ နည်းနည်းပိုချထားတယ်။ ဥပမာ အရင်က ၁၀ ယောက်ဆို ခု ၂၀ လောက်ပေါ့။ ” လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။ နောက်ပြီး ကျိုက်ထီးရိုးဘုရားလာရောက်ဖူးမျှော်သူတွေအနေနဲ့ မှတ်ပုံတင်ယူဆောင်လာဖို့လိုအပ်ကြောင်း၊ ဘုရားမုဒ်ဦးအဝင်ဝမှာ…

Read More

လွန်ခဲ့တဲ့နှစ် ၉၀၀ က ခရူးဆိတ်သူရဲကောင်းတဦးရဲ့ဓါး အစ္စရေးကမ်းလွန်မှာ တွေ့ရှိ

ဂျေရုဆလင်၊ အောက်တိုဘာ-၁၉-၂၀၂၁ မျိုးဆက် (VOM)   လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ ခန့်က ခရူးဆိတ်သူရဲကောင်းတစ်ဦးပိုင်ဆိုင်ခဲ့တယ်လို့ ယူဆရတဲ့ ဓါးတစ်ချောင်းကို အစ္စရေးမြောက်ပိုင်းကမ်းရိုးတန်းမှာ အပျှော်တမ်းရေးငုပ်သမားတစ်ဦးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။   အရှည် ၃ ဒသမ ၃ ပေရှိတဲ့ အဲဒီဓါးကို Shlomi Katzin ဆိုသူက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အာဏာပိုင်တွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။   အဲဒီဓါးကို သန့်ရှင်းမှုတွေလုပ်ပြီး ခွဲခြမ်းစိတ်ဖြာပြီးသွားရင်တော့ အများပြည်သူကြည့်ရှုနိုင်အောင် ပြသသွားမယ်လို့ အစ္စရေးရှေးဟောင်းပစ္စည်း အာဏာပိုင်အဖွဲ့ကပြောပါတယ်။   မူလပုံစံမပျက်စီးသေးတဲ့ အဲဒီဓါးဟာ လှပပြီး ရှားပါးတဲ့ ရှာဖွေတွေ့ရှိမှုဖြစ်ပြီး ခရူးဆိတ်သူရဲကောင်းတစ်ဦး ပိုင်ဆိုင်ခဲ့တဲ့ဓါးဆိုတာ သိသာထင်ရှားတယ်လို့ အစ္စရေးအာဏာပိုင်တွေကဆိုပါတယ်။   ဒီလိုပစ္စည်းကိုရှာဖွေတွေ့ရှိမှုဟာ စိတ်လှုပ်ရှားစရာဖြစ်ပြီး မြင်ရသူကို သူရဲကောင်းတွေ၊ ချပ်၀တ်တန်ဆာတွေ ဓါးတွေအသုံးပြုကြတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ က မတူကွဲပြားတဲ့ခေတ်တစ်ခေတ်ကို ခေါ်ဆောင်သွားနိုင်တယ်လို့ ရေးဟောင်းပစ္စည်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။  …

Read More
VOM News

FREE
VIEW