မြန်မာ့အရေး အာဆီယံရဲ့အားထုတ်မှုတွေကို ဂျပန်နိုင်ငံထောက်ခံ

တိုကျို၊ အောက်တိုဘာ-၂၈-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ရည်ရွယ်ထားတဲ့ ဘုံသဘောတူညီချက်ငါးချက်အပါအ၀င် အာဆီယံရဲ့အားထုတ်မှုတွေကို ထောက်ခံတယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး ကီရှီဒါဖူမီအိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
အောက်တိုဘာ ၂၇ ရက်မှာပြုလုပ်တဲ့ အာဆီယံအဖွဲ့ခေါင်းဆောင်တွေနဲ့ အွန်လိုင်းမှတဆင့် ဆွေးနွေးမှုမှာ ဂျပန်နိုင်ငံခြားရေး၀န်ကြီးက အခုလိုက်ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
 
ဒါ့အပြင် ဂျပန်နိုင်ငံအနေနဲ့ ဒေသတွင်းစီးပွားရေး ပြန်လည်ဦးမော့လာစေဖို့အတွက် အာဆီယံနိုင်ငံတွေကို အတိုးမဲ့ချေးငွေတွေ ထုတ်ပေးလျှက်ရှိပြီး အာဆီယံအတွက် ပြည်ပချေးငွေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကနဦးအစီအစဉ်မှတဆင့် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ကီရှီဒါဖူမီအိုက ပြောပါတယ်။
 
အာဆီယံ-ဂျပန် စီးပွားရေးမူဘောင်အရ အထူးသဖြင့် စီမံကိန်းတွေမှာ အာရှမှာ ဒစ်ဂျစ်တယ်အသွင်းကူးပြောင်းရေးနဲ့ အာဆီယံမှာတော့ ထောက်ပံ့ရေးကွင်းဆက်တွေပြန်လည်ရရှိရေးကို မြှင့်တက်နေကြောင်း သူကပြောပါတယ်။
 
ဘေးကင်းထိရောက်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ မျှတစွာရရှိရေးကို ဂျပန်နိုင်ငံက အပြည့်အဝထောက်ခံပြီး JICA မှတဆင့် သင်တန်းတွေပေးခြင်းနဲ့ ကျွမ်းကျင်ပညာရှင်တွေ စေလွှတ်တာတွေကိုလည်း လုပ်ဆောင်ပေးနေတယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီးကပြောပါတယ်။
 
Photo : AFP
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW