တရုတ်နိုင်ငံရဲ့ ဒုံးပျံစမ်းသပ်မှု စစ်အေးခေတ်လက်နက်ပြိုင်ဆိုင်လိုဖြစ်ဖို့ နီးကပ်နေ

၀ါရှင်တန်၊ အောက်တိုဘာ-၂၈-၂၀၂၁ မျိုးဆက်(VOM)   တရုတ်နိုင်ငံက အသံထက်မြန်တဲ့ သံသယဖြစ်ဖွယ် ဒုံးပျံစမ်းသပ်မှုသည် စစ်အေးခေတ်ကကဲ့သို့ လက်နက်ပြိုင်ဆိုင်မှုတွေဖြစ်ဖို့ နီးကပ်နေပြီဖြစ်ကြောင်း အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးတဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   တရုတ်စစ်ဘက်ဟာ အလျှင်အမြန်ချဲ့ထွင်မှုတွေပြုလုပ်နေတယ်လို့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ မာ့ခ်မီလီက ဘလွန်းဘာ့သတင်းဌာနနဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုပါတယ်။   တရုတ်နိုင်ငံရဲ့ အဲဒီဒုံးပျံစမ်းသပ်မှုဟာ အမေရိကန်ကို အံ့အားသင့်စေခဲ့တယ်လို့ ဖိုင်နယ်ရှယ်တိုင်းမ်သတင်းဌာနကလည်း ဖော်ပြထားပါတယ်။   တရုတ်နိုင်ငံကတော့ ဘယ်လိုဒုံးပျံမျိုးကိုမှ မစမ်းသပ်ဘူးလို့ ပြောဆိုထားပြီး ဒါဟာအာကာယာဉ်စမ်းသပ်မှုဖြစ်တယ်လို့ ဆိုပါတယ်။   မိမိတို့သိထားတာကတော့ ဒါဟာအသံထက်မြန်တဲ့ ဒုံးပျံစမ်းသပ်မှုဆိုတာ အလွန်ထင်ရှားတယ်လို့ ဗိုလ်ချုပ်ကြီး မိုက်မီလီက ဆိုပါတယ်။ ဒါဟာစစ်အေးခေတ်လက်နက်ပြိုင်ဆိုင်မှုလိုဖြစ်ဖို့ နီးကပ်နေပြီလို့ သူကပြောပါတယ်။   ဒါဟာ ယခုနှစ်နွေရာသီမှာ တရုတ်နိုင်ငံက ဒုံးပျံစမ်းသပ်မှုနှစ်ခုပြုလုပ်တယ်ဆိုတာကို အမေရိကန်က ပထမဆုံးအကြိမ်တရား၀င် အသိအမှတ်ပြုလိုက်တာဖြစ်ပြီး အဲဒီဒုံးပျံတွေဟာ အမေရိကန်ရဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို…

Read More

မြန်မာ့အရေး အာဆီယံရဲ့အားထုတ်မှုတွေကို ဂျပန်နိုင်ငံထောက်ခံ

တိုကျို၊ အောက်တိုဘာ-၂၈-၂၀၂၁ မျိုးဆက်(VOM)   မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ရည်ရွယ်ထားတဲ့ ဘုံသဘောတူညီချက်ငါးချက်အပါအ၀င် အာဆီယံရဲ့အားထုတ်မှုတွေကို ထောက်ခံတယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး ကီရှီဒါဖူမီအိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   အောက်တိုဘာ ၂၇ ရက်မှာပြုလုပ်တဲ့ အာဆီယံအဖွဲ့ခေါင်းဆောင်တွေနဲ့ အွန်လိုင်းမှတဆင့် ဆွေးနွေးမှုမှာ ဂျပန်နိုင်ငံခြားရေး၀န်ကြီးက အခုလိုက်ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။   ဒါ့အပြင် ဂျပန်နိုင်ငံအနေနဲ့ ဒေသတွင်းစီးပွားရေး ပြန်လည်ဦးမော့လာစေဖို့အတွက် အာဆီယံနိုင်ငံတွေကို အတိုးမဲ့ချေးငွေတွေ ထုတ်ပေးလျှက်ရှိပြီး အာဆီယံအတွက် ပြည်ပချေးငွေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကနဦးအစီအစဉ်မှတဆင့် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ကီရှီဒါဖူမီအိုက ပြောပါတယ်။   အာဆီယံ-ဂျပန် စီးပွားရေးမူဘောင်အရ အထူးသဖြင့် စီမံကိန်းတွေမှာ အာရှမှာ ဒစ်ဂျစ်တယ်အသွင်းကူးပြောင်းရေးနဲ့ အာဆီယံမှာတော့ ထောက်ပံ့ရေးကွင်းဆက်တွေပြန်လည်ရရှိရေးကို မြှင့်တက်နေကြောင်း သူကပြောပါတယ်။   ဘေးကင်းထိရောက်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ မျှတစွာရရှိရေးကို ဂျပန်နိုင်ငံက အပြည့်အဝထောက်ခံပြီး JICA မှတဆင့် သင်တန်းတွေပေးခြင်းနဲ့ ကျွမ်းကျင်ပညာရှင်တွေ…

Read More

စက်ဘီးစီးကြစို့

——————— ဆူးငှက် ၁၉၃၀ ဝန်းကျင် ယခုလို တစ်ဝါတွင်း၌ မန္တလေးသူလေးတွေ လှည်းယဉ်ကျော့စီးပြီး မန္တလေးတောင်သို့ ဘုရားဖူးလည်သည့်မြင်ကွင်းကို ဆရာမြို့မငြိမ်းက “တစ်ဝါတွင်း” သီချင်းတွင် “လှည်းနောက်မြီးထက်၊ ခြေတွဲလောင်းလေးယှက်ပြီး သံသာသီတော့ပေ၊ တောင်ခြေ မဝေးတဝေး ဖွေးဖွေးတည်နေ၊ စေတီကျောင်းကနေပြာသာဒ်များနဲ့ ဘုရားဇရပ်တို့ ပျော်စရာပေ အပါးကပ်လို့မျှော်တာတွေ အလားနတ်တို့ပြေ” ဟု ရေးဖွဲ့ခဲ့သည်။ ထိုစဉ်က မန္တလေးသူလေးများသည် အခါကြီးရက်ကြီးရောက်လျှင်ဖြင့် အချင်းချင်း စုရုံးကာ အကြီးအကဲမိဘများကို ခွင့်ပန်ပြီး တန်ခိုးကြီး ဘုရားများသို့ တပျော်တပါး သွားရောက်ကြပေလိမ့်မည်။ သကျသီဟ၊ အိမ်တော်ရာ၊ ချမ်းသာကြီး၊ ချမ်းသာရ၊ ရှင်ပင်ပက်လက်၊ ရွှေကျီးမြင်၊ ရတနာမဉ်္ဇူ၊ ဆုတောင်းပြည့်၊ ဆုတောင်းရ … စသည်ဖြင့် ရှိမှာပေါ့ …။ ဆရာမြို့မငြိမ်းခေတ်က မန္တလေးသူတွေ မန္တလေးတောင်သို့ ဘုရားဖူးသွားကြတော့ လှည်းနောက်မြီးမှာ ခြေတွဲလောင်းလေး ယှက်ပြီး သီချင်းသံပြိုင်သီကြသတဲ့။ သူတို့စီးလာကြသော လှည်းယဉ်တန်းက…

Read More
VOM News

FREE
VIEW