ပြည်မြို့မှာ ပထမဆုံးအဖြစ် ရပ်ကျေးအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

အောက်တိုဘာ ၂၉-၂၀၂၁
GH ( VOM)
 
ပြည်မြို့နယ်၊ လွှစင်အုပ်စုက အုပ်ချုပ်ရေးမှူး ဦးအေးစိုး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးမှု မနေ့ အောက်တိုဘာ ၂၈ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
” အရက်ဆိုင်ကအပြန် အသတ်ခံရတာ။ သေနတ်နဲ့ ၄ ချက်လောက်ပစ်ခံထားရပြီး ဆေးရုံတောင်မရောက်လိုက်ဘူး သေတယ်။ အခုတော့ ဝက်ထီးကန်ဆေးရုံက ရင်ခွဲရုံမှာပို့ထားတယ်။ ပြည်မှာတော့ အုပ်ကြီးတွေထဲ သူက ပထမဆုံး အပစ်ခံရပြီးသေတာ ။ အဲ့ဒါပြီးတော့ စစ်တပ်ရောက်လာတယ်၊ နောက် ရွာသား ၅ ယောက်လောက်ဖမ်းခံရတာကြားတယ် “လို့ ဒေသခံတဦးကပြောပါတယ်။
 
အခုလို ပြည်မြို့နယ်ထဲမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်မှုကို ပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
 
အောက်တိုဘာ၂၇ ရက်နေ့ကလည်း ပြည်မြို့နယ်၊ ကုတင် ၅၀၀ ဆေးရုံကြီးနောက်ကျောဘက်က ကိုဗစ်လူနာတွေထားခဲ့တဲ့ သူနာပြုသင်တန်းကျောင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။
 
အဲ့ဒီအရင်ရက်တွေကလည်း ပြည်-အောင်လံကားဘေး ၊ ဇီးအုပ်က လက်ဘက်ရည်ဆိုင်တခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
 
နောက်ပြီး ဆေးရုံကြီး အရှေ့လမ်းမကြီးပေါ်က စစ်ဆေးရေးဂိတ်မှာလည်း ဗုံးပေါက်ကွဲမှူဖြစ်ခဲ့ပြီး လုံခြုံရေးကျနေသူတချို့ သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
 
နောက်ပြီး စက်တင်တာဘာလထဲမှာလည်း ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ပြည် #အုအ်ချုပ်ရေးမှူး #အသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW