NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို ထောင်ဒဏ် နှစ်၂၀ ချမှတ်

အောက်တိုဘာ ၂၉-၂၀၂၁ Voice Of Myanmar   နေပြည်တော်၊အချုပ်ထောင်မှာ ဖမ်းဆီးထားတဲ့ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို နေပြည်တော် အချုပ်ထောင်တရားရုံးကနေ ပုဒ်မ ၁၂၄(က) နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက သိရပါတယ်။   သူ့အမှုကိုလိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေကို သက်ဆိုင်ရာက ဖြေဆိုခွင့်တားမြစ်ထားတဲ့အတွက် VOM က ဆက်သွယ်ခွင့်မသာခဲ့ပါဘူး။   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ဟာ ဖေဖော်ဝါရီ ၄ရက် ညသန်းခေါင် ရန်ကုန်မြို့က သူ့ရဲ့သမီးနေအိမ်မှာ ရောက်နေတုန်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။   ဦးဝင်းထိန်ကို နေပြည်​တော် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးလူက တရားလိုပြုလုပ်ပြီး ပုဒ်မ ၁၂၄(က)နဲ့ ​ဖေဖော်ဝါရီ ၄ရက်ကပဲ တရားရုံးကို ဦးတိုက်လျှောက်ထား တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။   #voiceofmyanmar #VOM #ဦးဝင်းထိန်…

Read More

အာဆီယံအလှည့်ကျဥက္ကဌဖြစ်လာမယ့် ကမ္ဘောဒီးယားက မြန်မာ့ရေးဆက်လက်ဖိအားပေးမယ်

ဖနွမ်းပင်၊ အောက်တိုဘာ-၂၉-၂၀၂၁ မျိုးဆက်(VOM)   မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ မြန်မာအာဏာပိုင်တွေအနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံးဆွေးနွေးရေးကို အာဆီယံအလှည့်ကျဥက္ကဌဖြစ်လာမယ့် ကမ္ဘောဒီယားနိုင်ငံက ဆက်လက်ဖိအားပေးသွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး Prak Sokhonn ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် ကျရောက်ဖို့ နည်းနည်းသာလိုတော့ကြောင်း သူကသတိပေးပြောဆိုပါတယ်။   အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာ၀န်ယူပြီးရင် လာမယ့်နှစ်အစောပိုင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တဦးကို ခန့်အပ်သွားမယ်လို့သူကဆိုပါတယ်။   လက်ရှိအထူးသံတမန်တဦးဖြစ်သူ Erywan Yusof ဟာ အလှည့်ကျဥက္ကဌအဖြစ်ကနေ ထွက်ခွာတော့မယ့် ဘရူနိုင်းနိုင်ငံကို ကိုယ်စားပြုတာဖြစ်ပါတယ်။   အာဆီယံအဖွဲ့၀င်နိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်မှုမရှိရေးမူဝါဒကို အားလုံးကလေးစားလိုက်နာ ကျင့်သုံးနေချိန်မှာဘဲ မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ စိုးရိမ်းစရာအဖြစ် ဆက်ရှိနေတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေး၀န်ကြီး Prak Sokhonn ကပြောပါတယ်။   Photo: Reuters #voiceofmyanmar #VOM #ဖနွမ်းပင်

Read More

ပုသိမ်က ယာဉ်ထိန်းရဲရုံးပစ်ခတ်ခံရပြီး ယာဉ်ထိမ်းရဲ ၂ ယောက်သေ

အောက်တိုဘာ ၂၉-၂၀၂၁ GH (VOM)   ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းမကြီးပေါ်မှာရှိတဲ့ မြကျွန်းသာမီးပွိုင့်က ယာဉ်ထိန်းရဲရုံး မနေ့ အောက်တိုဘာ ၂၈ရက် နေ့လယ်ပိုင်းက သေနတ်နဲ့ပစ်ခံရပြီး ယာဉ်ထိန်းရဲ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဟုတ်တယ် မနေ့ကရဲကင်း ပစ်ခတ်ခံရတာပေါ့။ ၂ ယောက်သေတယ်လို့သိရတယ်။ ယာဉ်ထိန်းရဲတစ်ဦးက နေရာမှာပဲ ပွဲချင်းပြီးသေတယ်၊ ဒဏ်ရာရတဲ့ နောက်ထပ်ယာဉ်ထိန်းရဲကတော့ ဆေးရုံရောက်ပြီးမှသေဆုံးသွားတာ၊ ပစ်ခံရတဲ့ရဲကင်းက တိုင်းရဲတပ်ဖွဲ့မှူးရုံးနဲ့လည်းနီးတယ်၊ တိုင်းရဲတပ်ဖွဲ့မှူးအိမ်နဲ့လည်း နီးတယ်။ ပုသိမ်မှာ အစစ်အဆေးကတော့ မနေ့ထဲက တော်တော်ကို ကြပ်တယ်။ဒီနေ့ဆိုလည်းနေရာတိုင်းမှာ စစ်ဆေးနေတယ်။ “လို့ ဒေသခံတဦးကပြောပါတယ်။   ယာဉ်ထိန်းရဲပစ်ခတ်ခံရမှုမှာ သေဆုံးခဲ့တဲ့ ယာဉ်ထိန်းရဲ ၂ ဦးကတော့ တပ်ကြပ်ကြီး ဇော်မင်းထက် နဲ့ တပ်ကြပ် မြတ်မင်းဦးတို့ဖြစ်တယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။   အဲ့ဒီ ပစ်ခတ်မှုကိုတော့…

Read More

တရုတ်-မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ရွှေလီ-ကျယ်ဂေါင်မှာနေတဲ့ မြန်မာနိုင်ငံသားတွေကို အသိပေးစာတခု ထုတ်ပြန်

အောက်တိုဘာ ၂၉-၂၀၂၁ Shy V(VOM)   တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ခရိုင်၊ ရွှေလီ-ကျယ်ဂေါင်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ သိရှိစေဖို့ ဆိုပြီး အသိပေးကြေညာချက်တစောင်ကို ဒီကနေ့ အောက်တိုဘာ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။   အဲ့ဒီထုတ်ပြန်စာမှာ ရွှေလီမြို့အနေနဲ့ ကျယ်ဂေါင်အုပ်ချုပ်ဧရိယာအတွင်း ပိုးသတ်လုပ်ငန်းဆောင်ရွက်နေတာကြောင့် နေရာအနှံ့ ပိုးသတ်နိုင်ဖို့ ကျယ်ဂေါင်အုပ်ချုပ်ဧရိယာအတွင်း နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသား (မြန်မာနိုင်ငံသား)တွေအနေနဲ့ ကျယ်ဂေါင်ဧရိယာကနေ ပြောင်းရွှေ့ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။   “သြဂုတ်လ ၂၂ ရက်နေ့ကစ ဒီကျယ်ဂေါင်က ကျွန်တော်တို့ တချို့တွေကို စပြောင်းခိုင်းနေပြီဗျ။” လို့ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦးက ပြောပါတယ်။   လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကလွဲလို့ တခြားလူတွေအနေနဲ့ ကျယ်ဂေါင်ဧရိယာအတွင်း ဝင်ရောက်တာကို တားမြစ်ထားကြောင်း ဖော်ပြထားပါတယ်။   ရွှေလီမြို့အနေနဲ့ ကျယ်ဂေါင်မြိုရဲ့…

Read More

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့အမည်ကို Meta အဖြစ်ပြောင်းလဲ

နယူးယောက်၊ အောက်တိုဘာ-၂၉-၂၀၂၁ မျိုးဆက်(VOM)   ဖေ့စ်ဘွတ်ခ်ဟာ ကုမ္ပဏီအမည်ကို Meta အဖြစ် အောက်တိုဘာ ၂၈ ရက်မှာ တရား၀င်ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။   ဒီလိုအမည်ပြောင်းလဲလိုက်တာဟာ ဆိုရှယ်မီဒီယာကို ကျော်လွန်ပြီး ပုံရိပ်ယောင်နည်းပညာကဲ့သို့သော နည်းပညာတွေကို ကျယ်ကျယ်ပြန့်ပြန့်ချဲ့ထွင်နိုင်ဖို့ဖြစ်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။   ကုမ္ပဏီပြောင်းလဲလိုက်ပေမယ့် အင်စတာဂရမ်နဲ့ ၀ပ်အက်ပ်တို့ကဲ့သို့ပင် ဖေ့စ်ဘွတ်ခ် အက်ပလီကေးရှင်းအပေါ် သက်ရောက်မှုမရှိဘဲ မိခင်ကုမ္ပဏီ Meta ပိုင်ဆိုင်မှုအောက်မှာရှိနေမှာဖြစ်ပါတယ်။   ကုမ္ပဏီ၀န်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဖရန့်စ်ဟော်ဂျင်ထံမှ ပေါက်ကြားလာတဲ့ကုမ္ပဏီဆိုင်ရာ စာရွက်စာတမ်းတွေအပေါ် အခြေခံပြီး ဖေ့စ်ဘွတ်ခ်နဲ့ပတ်သက်လို့ မကောင်းသတင်းနဲ့ ဝေဖန်မှုတွေ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ကုမ္ပဏီအမည်ကို ယခုကဲ့သို့ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။   ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ သုံးစွဲသူတွေရဲ့ လုံခြုံရေးထက် ငွေကြေးအကျိုးအမြတ်ကိုသာ ဦးစားပေးနေကြောင်း သူမက စွပ်စွဲပြောဆိုထားပါတယ်။   Ref: BBC #voiceofmyanmar #VOM #နယူးယောက်

Read More

ပြည်မြို့မှာ ပထမဆုံးအဖြစ် ရပ်ကျေးအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

အောက်တိုဘာ ၂၉-၂၀၂၁ GH ( VOM)   ပြည်မြို့နယ်၊ လွှစင်အုပ်စုက အုပ်ချုပ်ရေးမှူး ဦးအေးစိုး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးမှု မနေ့ အောက်တိုဘာ ၂၈ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   ” အရက်ဆိုင်ကအပြန် အသတ်ခံရတာ။ သေနတ်နဲ့ ၄ ချက်လောက်ပစ်ခံထားရပြီး ဆေးရုံတောင်မရောက်လိုက်ဘူး သေတယ်။ အခုတော့ ဝက်ထီးကန်ဆေးရုံက ရင်ခွဲရုံမှာပို့ထားတယ်။ ပြည်မှာတော့ အုပ်ကြီးတွေထဲ သူက ပထမဆုံး အပစ်ခံရပြီးသေတာ ။ အဲ့ဒါပြီးတော့ စစ်တပ်ရောက်လာတယ်၊ နောက် ရွာသား ၅ ယောက်လောက်ဖမ်းခံရတာကြားတယ် “လို့ ဒေသခံတဦးကပြောပါတယ်။   အခုလို ပြည်မြို့နယ်ထဲမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်တယ်လို့ သိရပါတယ်။   အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်မှုကို ပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။  …

Read More

ကုက္ကိုပင်ကြီးတွေအောက်က ဂူလေးနှစ်လုံး

ဆူးငှက် မိုးတွင်းအခါ ရွှေတချောင်းမြောင်းကိုဖြတ်၍ ရွာဟိုင်း သုဿာန်သို့သွားသော လမ်းကို သတိရမိ၏။ ရေက ဒူးလောက်။ ငွေတောင်တိုက် တံတိုင်းဘေးနှင့် သုဿာန်အဝင်ဝမှာ စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် အမှိုက်ပုံများမှ တိရစ္ဆာန် အသေကောင်များနှင့် အမှိုက်များက ရေထဲမှာ ခြေချစရာမရှိအောင်ပေါလော။ တစ်ခါတရံ နာရေး ပို့သော ကားတွေ ထိုပင်လယ်ကို မဖြတ်နိုင်၍ ရပ်တန့်ကာ ရေထဲဆင်းလျှောက်ရ၏။ သားရေပုပ်နံ့များကလည်း ဟောင်လို့။ ယခုမြင်ရသော မဟာအောင်မြေအားကစားကွင်းနှင့် ဈေးဆိုင်ခန်းများနှင့် မြင်ကွင်းကား ယခင်ကနှင့် ဘာမှမဆိုင်။ အပြောင်းလဲကြီး ပြောင်းလဲသွားသော မြင်ကွင်းများဖြစ်သည်။ ယခင်က မန္တလေးတွင် သုဿာန်ပေါင်းများစွာ ရှိသည့်အနက် ထိုနေရာရှိ ရွာဟိုင်းသုဿာန်သည် အကြီးဆုံးနှင့် သက်တမ်းရှည်သုဿာန်ကြီးဖြစ်လေသည်။ ထို့အပြင် မြို့လယ်ခေါင်အကျဆုံး သုဿာန်ကြီးလည်းဖြစ်၏။ လူနှစ်ယောက် ဖက်မနိုင်သော သစ်ပင်ကြီးတွေက သုဿာန်မြေကို အုပ်မိုးထားသည်။ သရဏဂုံတင် ဇရပ်ကြီးသုံံးဆောင်ကလည်း မြောက်ဘက်ထိပ် ကုက်္ကိုပင်ကြီးတွေအာက်မှာ ဝပ်စင်း…

Read More
VOM News

FREE
VIEW